လာဇီယိုအသင်းဆီ တရားဝင်ရောက်ရှိသွားပြီ ဖြစ်တဲ့ ယူနိုက်တက် ကွင်းလယ်လူ ပါရဲရား

ယူနိုက်တက်ကွင်းလယ်လူ ပါရဲရားဟာ လာဇီယိုအသင်းဆီ တစ်နှစ်အငှားနဲ့ တရားဝင်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ အိုးထရက်ဖိုဒ့်က အေဂျက်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀ နဲ့ နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူခဲ့လို့ အသက် ၂၄ နှစ်အရွယ် ဘရာဇီး ကွင်းလယ်လူဟာ အသင်းမှာ ပွဲကစားခွင့် လုံးဝပျောက်ဆုံးနေလို့ ယခုအလို အသင်းကနေ အငှားထွက်ခွာခဲ့တာပါ။ ပါရဲရားဟာ လာဇီယိုအသင်းဆီ တစ်နှစ်အငှားနဲ့ ပြောင်းရွှေ့တာ ဖြစ်ပေမယ့် ပေါင် ၂၄.၅ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ကိုပါ ထည့်သွင်းချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

သူဟာ ယူနိုက်တက်က ထွက်ခွာလိုခြင်းမရှိသော်လည်း အသင်းမှာ ကွင်းလယ်ကစားသမားတွေ များပြားနေပြီး ဒီရာသီမှာ ပွဲကစားခွင့်ရရန် ပိုပြီးခက်ခဲဖွယ်ရှိနေပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက ယူနိုက်တက်အသင်းကြီးမှာ ပွဲကစားခွင့်ရလာတဲ့ ပါရဲရားဟာ အသင်းအတွက် (၇၅) ပွဲသာ ကစားခွင့်ရခဲ့ပြီး (၄) ဂိုးသွင်းထားသ ူဖြစ်ပါတယ်။

မနှစ်က နည်းပြ ဆိုးလ်ရှားရဲ့ အသင်းမှာ ပထမရာသီဝက်၌ ပုံမှန်ကစားခွင့်ရခဲ့ပေမယ့် အသင်းကို ဘရူနိုဖာနန်ဒက်စ်ရောက်လာပြီးနောက်ပိုင်း ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဒီရာသီ ယူနိုက်တက်ရဲ့ ပွဲစဉ်တွေမှာလည်း လူစာရင်းမှာတောင် ပါဝင်ခဲ့ခြင်းမရှိတော့လို့ ပွဲကစားချိန်ပိုရအောင် အီတလီကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

 

လာဇီယိုအသင္းဆီ တရား၀င္ေရာက္ရွိသြားျပီ ျဖစ္တဲ့ ယူႏိုက္တက္ ကြင္းလယ္လူ ပါရဲရား

ယူႏိုက္တက္ကြင္းလယ္လူ ပါရဲရားဟာ လာဇီယိုအသင္းဆီ တစ္ႏွစ္အငွားနဲ႔ တရား၀င္ေရာက္ရွိသြားျပီ ျဖစ္ပါတယ္။ အိုးထရက္ဖိုဒ့္က ေအဂ်က္ကြင္းလယ္လူ ဗန္ဒီဘိခ္ကို ေပါင္သန္း ၄၀ နဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာ ေခၚယူခဲ့လို႔ အသက္ ၂၄ ႏွစ္အရြယ္ ဘရာဇီး ကြင္းလယ္လူဟာ အသင္းမွာ ပြဲကစားခြင့္ လံုး၀ေပ်ာက္ဆံုးေနလို႔ ယခုအလို အသင္းကေန အငွားထြက္ခြာခဲ့တာပါ။ ပါရဲရားဟာ လာဇီယိုအသင္းဆီ တစ္ႏွစ္အငွားနဲ႔ ေျပာင္းေရႊ႕တာ ျဖစ္ေပမယ့္ ေပါင္ ၂၄.၅ သန္းနဲ႔ အျပီးသတ္၀ယ္ယူခြင့္ကိုပါ ထည့္သြင္းခ်ဳပ္ဆိုခဲ့တာ ျဖစ္ပါတယ္။

သူဟာ ယူႏုိက္တက္က ထြက္ခြာလိုျခင္းမရွိေသာ္လည္း အသင္းမွာ ကြင္းလယ္ကစားသမားေတြ မ်ားျပားေနျပီး ဒီရာသီမွာ ပြဲကစားခြင့္ရရန္ ပိုျပီးခက္ခဲဖြယ္ရွိေနပါတယ္။ ၂၀၁၅ ခုႏွစ္ကတည္းက ယူႏိုက္တက္အသင္းၾကီးမွာ ပြဲကစားခြင့္ရလာတဲ့ ပါရဲရားဟာ အသင္းအတြက္ (၇၅) ပြဲသာ ကစားခြင့္ရခဲ့ျပီး (၄) ဂိုးသြင္းထားသ ူျဖစ္ပါတယ္။

မႏွစ္က နည္းျပ ဆိုးလ္ရွားရဲ႕ အသင္းမွာ ပထမရာသီ၀က္၌ ပံုမွန္ကစားခြင့္ရခဲ့ေပမယ့္ အသင္းကို ဘရူႏိုဖာနန္ဒက္စ္ေရာက္လာျပီးေနာက္ပိုင္း ပြဲထြက္ခြင့္ ေပ်ာက္ဆံုးခဲ့ပါတယ္။ ဒါ့အျပင္ ဒီရာသီ ယူႏိုက္တက္ရဲ႕ ပြဲစဥ္ေတြမွာလည္း လူစာရင္းမွာေတာင္ ပါ၀င္ခဲ့ျခင္းမရွိေတာ့လို႔ ပြဲကစားခ်ိန္ပိုရေအာင္ အီတလီကို ေျပာင္းေရႊ႕ခဲ့တာ ျဖစ္ပါတယ္။