စပိန် နဲ့ မာလီ လက်ရွေးစင် (၂) သင်းစလုံးက ခေါ်ယူခြင်းခံရလို့ ဘယ်ကိုသွားမလဲ ဆုံးဖြတ်ရတော့မယ့် အဒမ်မာထရာအိုရေး

ဝုလ်ဗ်တောင်ပံကစားသမား အဒမ်မာထရာအိုရေးကို လာမယ့် လက်ရွေးစင်ပွဲများအတွက် နိုင်ငံအသင်း (၂) သင်းစလုံးက ခေါ်ယူထားတာဖြစ်ပါတယ်။ ထရာအိုရေးဟာ စပိန် နဲ့ မာလီ လက်ရွေးစင်အသင်းတွေ (၂) သင်းစလုံးက ခေါ်ယူခြင်းခံထားရလို့ သူ့အနေနဲ့ ဘယ်အသင်းမှာ ကစားမလဲဆိုတာကို ဆုံးဖြတ်ရတော့မှာပါ။

ပြီးခဲ့တဲ့လတုန်းက ထရာအိုရေးဟာ စပိန်လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံး ရွေးချယ်ခြင်းခံခဲ့ရသော်လည်း ဒဏ်ရာကြောင့် လူစာရင်းကနေ ပြန်လည်နှုတ်ထွက်ခဲ့ရပါတယ်။အသက် ၂၄ နှစ်အရွယ် စပိန်ကာတာလိုနီရာ မှာ မွေးဖွားခဲ့သူဟာ ယခုအခါ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချရတော့မှာ ဖြစ်ပါတယ်။ ထရာအိုရေးရဲ့ မိဘဖြစ်သူတွေက မာလီ လူမျိုးတွေဖြစ်ကြပြီး သူဟာ ဘာစီလိုနာ လူငယ်အကယ်ဒမီမှာ စတင်ကစားခဲ့ပါတယ်။ စပိန်အသင်းကို ရွေးချယ်မယ်ဆိုရင်တော့ ထရာအိုရေးဟာ ပေါ်တူဂီ ၊ ဆွစ်ဇာလန် နဲ့ ယူကရိန်းအသင်းတို့ နဲ့ ယူအီးအက်ဖ်အေနေရှင်းလိဂ်ကစားမယ့် လူစာရင်းမှာ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

မာလီကတော့ အောက်တိုဘာလ (၉) ရက်နေ့မှာ ဂါနာ အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး အဲ့ဒီနောက် (၄) ရက်အကြာမှာတော့ အီရန်အသင်းနဲ့ ကစားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် နိုဝင်ဘာလမှာ လည်း အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ စတင်ကစားတော့မှာ ဖြစ်လို့ ထရာအိုရေးအနေနဲ့ ကြိုတင်ပြင်ဆင်ရဦးမှာ ဖြစ်ပါတယ်။ ထရာအိုရေးဟာ စပိန် အသက် ၁၆ နှစ်အောက် လက်ရွေးစင်အသင်းမှာပဲ ကစားခဲ့ဖူးသူဖြစ်ပေမယ့် လက်ရွေးစင်အသင်းကြီးအတွက်တော့ တစ်ပွဲမှာ မကစားခဲ့ဖူးပါဘူး။

စပိန္ နဲ႔ မာလီ လက္ေရြးစင္ (၂) သင္းစလံုးက ေခၚယူျခင္းခံရလို႔ ဘယ္ကိုသြားမလဲ ဆံုးျဖတ္ရေတာ့မယ့္ အဒမ္မာထရာအိုေရး

၀ုလ္ဗ္ေတာင္ပံကစားသမား အဒမ္မာထရာအိုေရးကို လာမယ့္ လက္ေရြးစင္ပြဲမ်ားအတြက္ ႏိုင္ငံအသင္း (၂) သင္းစလံုးက ေခၚယူထားတာျဖစ္ပါတယ္။ ထရာအိုေရးဟာ စပိန္ နဲ႔ မာလီ လက္ေရြးစင္အသင္းေတြ (၂) သင္းစလံုးက ေခၚယူျခင္းခံထားရလို႔ သူ႔အေနနဲ႔ ဘယ္အသင္းမွာ ကစားမလဲဆိုတာကို ဆံုးျဖတ္ရေတာ့မွာပါ။

ျပီးခဲ့တဲ့လတုန္းက ထရာအိုေရးဟာ စပိန္လက္ေရြးစင္အသင္းၾကီးအတြက္ ပထမဆံုး ေရြးခ်ယ္ျခင္းခံခဲ့ရေသာ္လည္း ဒဏ္ရာေၾကာင့္ လူစာရင္းကေန ျပန္လည္ႏႈတ္ထြက္ခဲ့ရပါတယ္။အသက္ ၂၄ ႏွစ္အရြယ္ စပိန္ကာတာလိုနီရာ မွာ ေမြးဖြားခဲ့သူဟာ ယခုအခါ အေရးၾကီးတဲ့ ဆံုးျဖတ္ခ်က္ကို ခ်ရေတာ့မွာ ျဖစ္ပါတယ္။

ထရာအိုေရးရဲ႕ မိဘျဖစ္သူေတြက မာလီ လူမ်ိဳးေတြျဖစ္ၾကျပီး သူဟာ ဘာစီလိုနာ လူငယ္အကယ္ဒမီမွာ စတင္ကစားခဲ့ပါတယ္။ စပိန္အသင္းကို ေရြးခ်ယ္မယ္ဆိုရင္ေတာ့ ထရာအိုေရးဟာ ေပၚတူဂီ ၊ ဆြစ္ဇာလန္ နဲ႔ ယူကရိန္းအသင္းတို႔ နဲ႔ ယူအီးအက္ဖ္ေအေနရွင္းလိဂ္ကစားမယ့္ လူစာရင္းမွာ ပါ၀င္ခြင့္ရမွာ ျဖစ္ပါတယ္။မာလီကေတာ့ ေအာက္တိုဘာလ (၉) ရက္ေန႔မွာ ဂါနာ အသင္းနဲ႔ ကစားရမွာ ျဖစ္ျပီး အဲ့ဒီေနာက္ (၄) ရက္အၾကာမွာေတာ့ အီရန္အသင္းနဲ႔ ကစားရမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ႏို၀င္ဘာလမွာ လည္း အာဖရိကႏိုင္ငံမ်ား ဖလားျပိဳင္ပြဲ စတင္ကစားေတာ့မွာ ျဖစ္လုိ႔ ထရာအိုေရးအေနနဲ႔ ၾကိဳတင္ျပင္ဆင္ရဦးမွာ ျဖစ္ပါတယ္။ ထရာအိုေရးဟာ စပိန္ အသက္ ၁၆ ႏွစ္ေအာက္ လက္ေရြးစင္အသင္းမွာပဲ ကစားခဲ့ဖူးသူျဖစ္ေပမယ့္ လက္ေရြးစင္အသင္းၾကီးအတြက္ေတာ့ တစ္ပြဲမွာ မကစားခဲ့ဖူးပါဘူး။