အာဆင်နယ်ဂိုးသမား လီနို အရမ်းကောင်းနေတာ ကျွန်တော့်အတွက် အဆင်ပြေမနေဘူးလို့ ဆိုလိုက်တဲ့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ဟာ အာဆင်နယ်ဂိုးသမား လီနိုရဲ့ ပင်နယ်တီ ကာကွယ်မှုတွေနဲ့ ပတ်သက်ပြီး ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ တနလာၤနေ့က ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းကို (၃-၁) နဲ့ အနိုင်ရခဲ့တဲ့ လူစာရင်းကို (၉) နေရာအထိ ပြောင်းလဲခဲ့ပေမယ့် အသင်းရဲ့ တိုက်စစ်မှူး ဒီယိုဂိုဂျိုတာ ၊ မီနာမီနို နဲ့ ဆာလာ တို့ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း လီဗာပူးလ်အသင်းရဲ့ ပွဲချိန်အတွင်း ကန်သွင်းချက် အများစုကို အာဆင်နယ်ဂိုးသမား လီနိုက ကာကွယ်သွားခဲ့ပြီး (ဝ-၀) နဲ့ ပြီးသွားခဲ့ပါတယ်။ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းခဲ့ရာမှာလည်း လီနိုက (၂) လုံးကာကွယ်သွားခဲ့လို့ အာဆင်နယ်အသင်း (၅-၄) နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

“ပွဲအပြီးမှာ သူအရမ်းကောင်းနေတာ နဲ့ ပတ်သက်ပြီး ကျွန်တော် မပျော်ဘူးလို့ သူ့ကို ကျွန်တော်ပြောခဲ့ပါတယ်။ (၂) ဖက်စလုံးက ကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကန်သွင်းခဲ့တာတွေကို သူကာကွယ်သွားခဲ့ပြီး ပင်နယ်တီ အထိ ရောက်သွားခဲ့ပါတယ်။ ပင်နယ်တီမှာလည်း သူလုပ်ပြခဲ့ပါတယ်။ ကျွန်တော်တို့ အနိုင်ရချင်ခဲ့ပါတယ်။ ကျွန်တော်တို့ ရဲ့ စွမ်းဆောင်ရည်က အမှားမပါဘူးလို့ ကျွန်တော်သိပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ ဂိုးသွင်းခဲ့ရမှာဖြစ်ပေမယ့် မလုပ်ပြနိုင်ခဲ့ပါဘူး” လို့ ယာဂင်ကလော့ပ်က ပြောသွားခဲ့ပါတယ်။

အာဆင်နယ်ဂိုးသမား လီနိုဟာ ပွဲချိန်အတွင်း လီဗာပူးလ်အသင်းက ဒီယိုဂိုဂျိုတာ ရဲ့ ကန်ချက်တွေနဲ့ လူငယ်ကစားသမား ကာတစ်ဂျုံးစ်တို့ရဲ့ ကန်ချက်တွေကို ကာကွယ်သွားခဲ့တာဖြစ်ပါတယ်။ ပင်နယ်တီမှာလည်း အိုရီဂီ နဲ့ ဟယ်ရီဝီလ်ဆင် တို့ရဲ့ ကန်သွင်းချက်တွေကို လေဗာကူဆင် ဂိုးသမားဟောင်းက ထပ်ပြီး ကာကွယ်သွားခဲ့ပါတယ်။

အာဆင္နယ္ဂိုးသမား လီႏို အရမ္းေကာင္းေနတာ ကၽြန္ေတာ့္အတြက္ အဆင္ေျပမေနဘူးလို႔ ဆိုလိုက္တဲ့ လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္

လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္ဟာ အာဆင္နယ္ဂိုးသမား လီႏိုရဲ႕ ပင္နယ္တီ ကာကြယ္မႈေတြနဲ႔ ပတ္သက္ျပီး ပြဲအျပီးမွာ ေျပာသြားခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ တနလာၤေန႔က ပရီးမီးယားလိဂ္မွာ အာဆင္နယ္အသင္းကို (၃-၁) နဲ႔ အႏိုင္ရခဲ့တဲ့ လူစာရင္းကို (၉) ေနရာအထိ ေျပာင္းလဲခဲ့ေပမယ့္ အသင္းရဲ႕ တိုက္စစ္မွဴး ဒီယိုဂိုဂ်ိဳတာ ၊ မီနာမီႏို နဲ႔ ဆာလာ တို႔ ပါ၀င္ကစားခဲ့တာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း လီဗာပူးလ္အသင္းရ႕ဲ ပြဲခ်ိန္အတြင္း ကန္သြင္းခ်က္ အမ်ားစုကို အာဆင္နယ္ဂိုးသမား လီႏိုက ကာကြယ္သြားခဲ့ျပီး (၀-၀) နဲ႔ ျပီးသြားခဲ့ပါတယ္။ ပင္နယ္တီ အဆံုးအျဖတ္ ကန္သြင္းခဲ့ရာမွာလည္း လီႏိုက (၂) လံုးကာကြယ္သြားခဲ့လို႔ အာဆင္နယ္အသင္း (၅-၄) နဲ႔ အႏိုင္ရျပီး ကြာတားဖိုင္နယ္ကို တက္လွမ္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

“ပြဲအျပီးမွာ သူအရမ္းေကာင္းေနတာ နဲ႔ ပတ္သက္ျပီး ကၽြန္ေတာ္ မေပ်ာ္ဘူးလို႔ သူ႔ကို ကၽြန္ေတာ္ေျပာခဲ့ပါတယ္။ (၂) ဖက္စလံုးက ေကာင္းခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ကၽြန္ေတာ္တို႔ ကန္သြင္းခဲ့တာေတြကို သူကာကြယ္သြားခဲ့ျပီး ပင္နယ္တီ အထိ ေရာက္သြားခဲ့ပါတယ္။ ပင္နယ္တီမွာလည္း သူလုပ္ျပခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ အႏိုင္ရခ်င္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ရဲ႕ စြမ္းေဆာင္ရည္က အမွားမပါဘူးလို႔ ကၽြန္ေတာ္သိေပမယ့္ အလုပ္မျဖစ္ခဲ့ပါဘူး။ ကၽြန္ေတာ္တို႔ ဂိုးသြင္းခဲ့ရမွာျဖစ္ေပမယ့္ မလုပ္ျပႏိုင္ခဲ့ပါဘူး” လို႔ ယာဂင္ကေလာ့ပ္က ေျပာသြားခဲ့ပါတယ္။

အာဆင္နယ္ဂိုးသမား လီႏိုဟာ ပြဲခ်ိန္အတြင္း လီဗာပူးလ္အသင္းက ဒီယိုဂိုဂ်ိဳတာ ရဲ႕ ကန္ခ်က္ေတြနဲ႔ လူငယ္ကစားသမား ကာတစ္ဂ်ံဳးစ္တို႔ရဲ႕ ကန္ခ်က္ေတြကို ကာကြယ္သြားခဲ့တာျဖစ္ပါတယ္။ ပင္နယ္တီမွာလည္း အိုရီဂီ နဲ႔ ဟယ္ရီ၀ီလ္ဆင္ တို႔ရဲ႕ ကန္သြင္းခ်က္ေတြကို ေလဗာကူဆင္ ဂိုးသမားေဟာင္းက ထပ္ျပီး ကာကြယ္သြားခဲ့ပါတယ္။