ယူနိုက်တက်ကစားသမားဟောင်း ဒါမီယန် ကို ပါးမား အသင်းဆီကနေ အပြီးသတ်ခေါ်ယူလိုက်တဲ့ အင်တာမီလန်အသင်း

အင်တာမီလန်အသင်းဟာ နောက်ထပ် ယူနိုက်တက်ကစားသမားဟောင်း တစ်ယောက်ဖြစ်တဲ့ ဒါမီယန်ကို ပါးမားအသင်းကနေ ပေါင် ၁.၈ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်နိုင်ပြီလို့ သိရပါတယ်။ အီတလီက သတင်းများအရ အိုးထရက်ဖိုဒ့် ကစားသမားဟောင်းဟာ ဆေးစစ်ဖို့သာ ကျန်တော့တာ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ဒါမီယန်ဟာ သောကြာနေ့က Rozzano က Humanitas ဆေးခန်းကို ဆေးစစ်ချက်ခံယူရန် သွားရောက်ခဲ့တယ်လို့ Goal သတင်းဌာနက ဖော်ပြချက်အရ သိရပါတယ်။မနှစ်က ယူရိုပါလိဂ် ဗိုလ်လုပွဲ နဲ့ စီးရီးအေ အမှတ်ပေးဇယား အဆင့် (၂) နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ အင်တာမီလန်နည်းပြ ကွန်တီက နောက်ထပ် ပရီးမီးယားကြယ်ပွင့်ဟောင်းကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ အင်တာမီလန်အသင်းအတွက် ပထမဆုံးအပြောင်းအရွှေ့တုန်းကလည်း ယူနိုက်တက်အသင်းဆီက အက်ရှ်လေယန်း၊ လူကာကူ နဲ့ အလက်ဆစ်ဆန်းချက်ဇ်တို့ကို ခေါ်ယူထားပြီး စပါးက အဲရစ်ဆင် နဲ့ ချဲလ်ဆီးက ဗစ်တာမော့ဆက်တို့ကိုလည်း ခေါ်ယူထားပါတယ်။ ဒါမီယန်ဟာ အိုးထရက်ဖို့ဒ်ကနေ ပါးမားအသင်းဆီကို မနှစ်ကမှ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပါးမားအသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။

ယူႏိုက္တက္ကစားသမားေဟာင္း ဒါမီယန္ ကို ပါးမား အသင္းဆီကေန အျပီးသတ္ေခၚယူလိုက္တဲ့ အင္တာမီလန္အသင္း

အင္တာမီလန္အသင္းဟာ ေနာက္ထပ္ ယူႏိုက္တက္ကစားသမားေဟာင္း တစ္ေယာက္ျဖစ္တဲ့ ဒါမီယန္ကို ပါးမားအသင္းကေန ေပါင္ ၁.၈ သန္းနဲ႔ အျပီးသတ္ေခၚယူလိုက္ႏိုင္ျပီလုိ႔ သိရပါတယ္။ အီတလီက သတင္းမ်ားအရ အိုးထရက္ဖိုဒ့္ ကစားသမားေဟာင္းဟာ ေဆးစစ္ဖို႔သာ က်န္ေတာ့တာ ျဖစ္ပါတယ္။

အသက္ ၃၀ အရြယ္ ဒါမီယန္ဟာ ေသာၾကာေန႔က Rozzano က Humanitas ေဆးခန္းကို ေဆးစစ္ခ်က္ခံယူရန္ သြားေရာက္ခဲ့တယ္လို႔ Goal သတင္းဌာနက ေဖာ္ျပခ်က္အရ သိရပါတယ္။မႏွစ္က ယူရိုပါလိဂ္ ဗိုလ္လုပြဲ နဲ႔ စီးရီးေအ အမွတ္ေပးဇယား အဆင့္ (၂) ေနရာမွာ ရပ္တည္ႏိုင္ခဲ့တဲ့ အင္တာမီလန္နည္းျပ ကြန္တီက ေနာက္ထပ္ ပရီးမီးယားၾကယ္ပြင့္ေဟာင္းကို ေခၚယူခဲ့တာျဖစ္ပါတယ္။

သူ႔ရဲ႕ အင္တာမီလန္အသင္းအတြက္ ပထမဆံုးအေျပာင္းအေရႊ႕တုန္းကလည္း ယူႏိုက္တက္အသင္းဆီက အက္ရွ္ေလယန္း၊ လူကာကူ နဲ႔ အလက္ဆစ္ဆန္းခ်က္ဇ္တို႔ကို ေခၚယူထားျပီး စပါးက အဲရစ္ဆင္ နဲ႔ ခ်ဲလ္ဆီးက ဗစ္တာေမာ့ဆက္တို႔ကိုလည္း ေခၚယူထားပါတယ္။ ဒါမီယန္ဟာ အုိးထရက္ဖို႔ဒ္ကေန ပါးမားအသင္းဆီကို မႏွစ္ကမွ ေျပာင္းေရႊ႕ခဲ့သူျဖစ္ျပီး ပါးမားအသင္းနဲ႔ ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ခဲ့တာ ျဖစ္ပါတယ္။