ဆလားဗီးယားပါရာဂွီ ညာနောက်ခံလူ ဗလာဒီမာကူဖယ်လ်ကို ပေါင် ၄ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်တဲ့ ဝက်စ်ဟမ်းအသင်း
ဝက်စ်ဟမ်းအသင်းဟာ ဆလားဗီးယား ပါရာဂွီ အသင်းက ညာနောက်ခံလူ ဗလာဒီမာကူဖယ်လ်ကို ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ် ခေါ်ယူလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒေးဗစ်မိုယက်စ်ရဲ့ အသင်းဟာ ချက်လက်ရွေးစင်ကစားသမားကို ပေါင် ၄ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ကူဖယ်လ်ဟာ လန်ဒန်ကွင်းမှာ ကျောနံပါတ် (၅) ကို ဝတ်ဆင်မှာဖြစ်ပြီး အသင်းရဲ့ ခံစစ်ကို တိုးတက်အောင် ကူညီပေးနိုင်မယ်လို့ နည်းပြဒေးဗစ်မိုယက်စ်က မျှော်လင့်နေပါတယ်။
“ဝက်စ်ဟမ်းအသင်းရဲ့ မိသားစု ဖြစ်လာတဲ့အတွက် ကျွန်တော် အရမ်းပျော်မိပါတယ်။ ဝက်စ်ဟမ်းအသင်း အောင်မြင်မှု ရအောင် ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာပါ။ ဝက်စ်ဟမ်းအသင်းက ကျွန်တော့်ကို စိတ်ဝင်စားနေတာ ကြာပြီလို့ သိပါတယ်။ အခုတော့ ကျွန်တော်ဒီကို ရောက်လာပြီဖြစ်လို့ ပျော်ရွှင်မိပါတယ်။
သောမတ်စ်က ကျွန်တော့်ကို ဒီကွင်း နဲ့ ဒီအသင်း ဘယ်လိုကောင်းသလဲဆိုတဲ့ အကြောင်းတွေ ပြောပြပါတယ်။ သောမတ်စ်က ကျွန်တော့်ရဲ့ အကောင်းဆုံး သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး သူကျွန်တော့်ကို ဒီမှာ ကူညီမယ်လို့ မျှော်လင့်ပါတယ်” လို့ သူက အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်ကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။