ချဲလ်ဆီးမှာ နေရာပြန်ရဖို့အတွက် ကိုယ်ပိုင်လေ့ကျင့်ရေးမှုးကို တစ်လပေါင် ၁၅၀၀ နဲ့ ဌားရမ်းခဲ့တဲ့ အိုဒွိုင်းလ်


နွေရာသီအပြောင်းအရွှေ့မှာ အသင်းကို ရောက်ရှိလာတဲ့ တိုက်စစ်ကစားသမားတွေကြောင့် ပုံမှန်ပွဲထွက်ခွင့်မရတဲ့ ချဲလ်ဆီး တောင်ပံတိုက်စစ်မှူး အိုဒွိုင်းလ်အနေနဲ့ အသင်းမှာပုံမှန်ကစားခွင့်ရဖို့အတွက် ကိုယ်ပိုင်လေ့ကျင့်ရေးမှုကို တစ်လပေါင် ၁၅၀၀ နဲ့ ဌားရမ်းခဲ့တယ်လို့ သိရပါတယ်။ အစောပိုင်းတုန်းက အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အိုဒွိုင်းလ်အနေနဲ့ ချဲလ်ဆီးမှာပဲ ဆက်နေပြီး နေရာရဖို့ တိုက်ပွဲဝင်သွားမယ်လို့ သိရပါတယ်။


အသက် ၁၉ နှစ်သာရှိသေးတဲ့ အိုဒွိုင်းလ်ဟာ ချဲလ်ဆီးအသင်းနဲ့လည်း လေ့ကျင့်မှုတွေပြုလုပ်မှာဖြစ်ပေမယ့် သူရဲ့ခန္ဓာ ကိုယ ကြံခိုင်မှုအတွက် ပိုပြီးလုပ်ဆောင်နိုင်ဖို့ ကိုယ်ပိုင်လေ့ကျင့်ရေးမှုးကို ဌားရမ်းခဲ့တာဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ကိုယ်ပိုင်လေ့ကျင့်ရေးမှုးအနေနဲ့ အိုဒွိုင်းလ်ကို တစ်ပတ် နှစ်ကြိမ်လေ့ကျင့်မှု ပြုလုပ်ပေးမှာဖြစ်တယ်လို့ လည်း သိရပါတယ်။


အိုဒွိုင်းလ်ဟာ ချဲလ်ဆီးအသင်းရဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၃ ပွဲမှာ ပွဲထွက်ကစားခွင့် နှစ်ပွဲရခဲ့ပြီး တစ်ဂိုးသွင်းယူထားနိုင်ခဲ့သူ ဖြစ် ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က စပါးနဲ့ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲမှာ ချဲလ်ဆီးအတွက် ပွဲချိန်ပြည့်ကစားခွင့်ရခဲ့ပြီးမှာ တော့ အိုဒွိုင်းလ်အနေနဲ့ ချဲလ်ဆီးမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ ချဲလ်ဆီးအကယ်ဒမီက ပေါ် ထွက်လာတဲ့ အိုဒွိုင်းလ်အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်နေရာအတွက် တီမိုဝါနာ၊ ကိုင်ဟာဗက်ဇ်တို့လို ကစားသမားတွေနဲ့ ယှဉ်ပြိုင် ရမှာပဲ ဖြစ်ပါတယ်။


အိုဒွိုင်းလ်ကို ချန်ပီယံလိဂ်ချန်ပီယံ ဘိုင်ယန်မြူးနစ်က ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေရှိခဲ့တာဖြစ်ပေမယ့် တရားဝင်ကမ်းလှမ်းခဲ့ တာမျိုးတွေ မပြုလုပ်ခဲ့ဘူးလို့ သိရပါတယ်။ ချဲလ်ဆီးနည်းပြလမ်းပတ်အနေလည်း အိုဒွိုင်းလ်လို အသင်းရဲ့အကယ်ဒမီ ကထွက်ပေါ်လာတဲ့ ကစားသမားတစ်ယောက်အတွက် အကောင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

zawgyi version

ခ်ဲလ္ဆီးမွာ ေနရာျပန္ရဖို႔အတြက္ ကိုယ္ပိုင္ေလ့က်င့္ေရးမႈးကို တစ္လေပါင္ ၁၅၀၀ နဲ႔ ဌားရမ္းခဲ့တဲ့ အိုဒြိဳင္းလ္
ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းကို ေရာက္ရွိလာတဲ့ တိုက္စစ္ကစားသမားေတြေၾကာင့္ ပံုမွန္ပြဲထြက္ခြင့္မရတဲ့ ခ်ဲလ္ဆီး ေတာင္ပံတိုက္စစ္မွဴး အိုဒြိဳင္းလ္အေနနဲ႔ အသင္းမွာပံုမွန္ကစားခြင့္ရဖို႔အတြက္ ကိုယ္ပိုင္ေလ့က်င့္ေရးမႈကို တစ္လေပါင္ ၁၅၀၀ နဲ႔ ဌားရမ္းခဲ့တယ္လို႔ သိရပါတယ္။ အေစာပိုင္းတုန္းက အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ အိုဒြိဳင္းလ္အေနနဲ႔ ခ်ဲလ္ဆီးမွာပဲ ဆက္ေနၿပီး ေနရာရဖို႔ တိုက္ပြဲဝင္သြားမယ္လို႔ သိရပါတယ္။
အသက္ ၁၉ ႏွစ္သာရွိေသးတဲ့ အိုဒြိဳင္းလ္ဟာ ခ်ဲလ္ဆီးအသင္းနဲ႔လည္း ေလ့က်င့္မႈေတြျပဳလုပ္မွာျဖစ္ေပမယ့္ သူရဲ႕ခႏၶာ ကိုယ ၾကံခုိင္မႈအတြက္ ပိုၿပီးလုပ္ေဆာင္ႏိုင္ဖို႔ ကိုယ္ပိုင္ေလ့က်င့္ေရးမႈးကို ဌားရမ္းခဲ့တာျဖစ္တယ္လို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ ကိုယ္ပိုင္ေလ့က်င့္ေရးမႈးအေနနဲ႔ အိုဒြိဳင္းလ္ကို တစ္ပတ္ ႏွစ္ၾကိိမ္ေလ့က်င့္မႈ ျပဳလုပ္ေပးမွာျဖစ္တယ္လို႔ လည္း သိရပါတယ္။
အိုဒြိဳင္းလ္ဟာ ခ်ဲလ္ဆီးအသင္းရဲ႕ ၿပိဳင္ပြဲစံုေနာက္ဆံုး ၃ ပြဲမွာ ပြဲထြက္ကစားခြင့္ ႏွစ္ပြဲရခဲ့ၿပီး တစ္ဂိုးသြင္းယူထားႏိုင္ခဲ့သူ ျဖစ္ ပါတယ္။ ၿပီးခဲ့တဲ့ အဂၤါေန႔က စပါးနဲ႔ကစားခဲ့တဲ့ ကာရာေဘာင္းဖလားပြဲမွာ ခ်ဲလ္ဆီးအတြက္ ပြဲခ်ိန္ျပည့္ကစားခြင့္ရခဲ့ၿပီးမွာ ေတာ့ အိုဒြိဳင္းလ္အေနနဲ႔ ခ်ဲလ္ဆီးမွာ ပံုမွန္ပြဲထြက္ခြင့္ရဖို႔အတြက္ ဆံုးျဖတ္ခဲ့တာပဲျဖစ္ပါတယ္။ ခ်ဲလ္ဆီးအကယ္ဒမီက ေပၚ ထြက္လာတဲ့ အိုဒြိဳင္းလ္အေနနဲ႔ ပံုမွန္ပြဲထြက္ခြင့္ေနရာအတြက္ တီမိုဝါနာ၊ ကိုင္ဟာဗက္ဇ္တို႔လို ကစားသမားေတြနဲ႔ ယွဥ္ၿပိဳင္ ရမွာပဲ ျဖစ္ပါတယ္။
အိုဒြိဳင္းလ္ကို ခ်န္ပီယံလိဂ္ခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္က ေခၚယူဖို႔ စိတ္ဝင္စားမႈေတြရွိခဲ့တာျဖစ္ေပမယ့္ တရားဝင္ကမ္းလွမ္းခဲ့ တာမ်ိဳးေတြ မျပဳလုပ္ခဲ့ဘူးလို႔ သိရပါတယ္။ ခ်ဲလ္ဆီးနည္းျပလမ္းပတ္အေနလည္း အိုဒြိဳင္းလ္လို အသင္းရဲ႕အကယ္ဒမီ ကထြက္ေပၚလာတဲ့ ကစားသမားတစ္ေယာက္အတြက္ အေကာင္းဆံုးနည္းလမ္းနဲ႔ ေျဖရွင္းႏိုင္မယ္လို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။