အာဆင်နယ်ရဲ့ နံပါတ် ၁ ဂိုးသမားနေရာနဲ့ ထိုက်တန်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပြီလို့ လီနို ကြုံးဝါး


အာဆင်နယ်အသင်းရဲ့အဓိက ဂိုးသမားအဖြစ် ပွဲထွက်ခွင့်ရပေမယ့် အမှားတွေကျူးလွန်လေ့ရှိတာကြောင့် ဝေဖန်ခံနေရတဲ့ လီနိုဟာ ဖလားပွဲစဉ်တွေမှာ လက်စွမ်းပြခဲ့တဲ့ ဂိုးသမား မာတီနက်ဇ်က အသင်းပြောင်းသွားတာကြောင့် လီဗာပူးနဲ့ပွဲမှာ ကစားခွင့်ရခဲ့ပြီး အကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့ပါတယ်။ ပွဲချိန်အတွင်း လီဗာပူးအသင်းရဲ့ကန်သွင်းချက်တွေကို ကာကွယ် နိုင်ခဲ့သလို ပင်နယ်တီအဆုံးအဖြတ်မှာလည်း လက်စွမ်းပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။


ငါးရက်အတွင်းမှာ ဒုတိယအကြိမ်မြောက်ယှဉ်ပြိုင်ကစားရတာဖြစ်တာကြောင့် နှစ်သင်းစလုံးနည်းပြတွေဟာ အသင်းရဲ့လူ စာရင်းကို အပြောင်းအလဲတွေပြုလုပ်ခဲ့ကြပါတယ်။ သာမန်ပွဲကစားချိန်အတွင်း လီဗာပူးက အာဆင်နယ်ထက် ဂိုးသွင်းခွင့် တွေ ပိုရခဲ့ပေမယ့် လီနိုက လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့သာ အာဆင်နယ်အနေနဲ့ ဂိုးမပေးခဲ့ရတာပဲ ဖြစ်ပါတယ်။ ပင်နယ်တီ အဆုံးအဖြစ်မှာတော့ အာဆင်နယ်က လီနိုရဲ့လက်စွမ်းပြမှုနဲ့အတူ အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ရာသီက အာဆင်နယ်ရဲ့ အက်ဖ်အေဖလားရရှိမှုမှာ အဓိကဂိုးသမားဖြစ်ခဲ့တဲ့ မာတီနက်ဇ်နဲ့ ဦးစားပေးဂိုးသမားနေရာ အတွက် အပြိုင်ဖြစ်ခဲ့ရာမှာ နည်းပြ အာတီတာက လီနိုကို အသင်းရဲ့နံပါတ်-၁ ဂိုးသမားအဖြစ် ရွေးချယ်ခဲ့တာကြောင့် မာတီ နက်ဇ်အနေနဲ့ အက်စ်တွန်ဗီလာအသင်းကို ပြောင်းရွှေ့သွားခဲ့တာပဲ ဖြစ်ပါတယ်။ အက်စ်တွန်ဗီလာမှာ လက်စွမ်းပြနေတဲ့ မာ တီနက်ဇ်ကြောင့် လီနိုအနေနဲ့ ဝေဖန်မှုတွေ ခံခဲ့ရတယ်လို့လည်း သိရပါတယ်။


ပွဲအပြီးမှာတော့ အာဆင်နယ်ဂိုးသမား လီနိုက “ အပြောင်းအလဲပြုလုပ်ခဲ့တယ်ဆိုပေမယ့် တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ပွဲတစ်ပွဲပါ။ ကျွန်တော်တို့ရဲ့ အတွေးအခေါ်နဲ့ အနိုင်ရလိုစိတ်အတိုင်း နိုင်ပွဲရအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အနိုင်ရတာဟာ ဖလားရနိုင်တဲ့အခွင့်အရေးတစ်ခုပါ။” လို့ပြောခဲ့ပါတယ်။ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက် နိုင်ခဲ့တဲ့ အာဆင်နယ်ဟာ မန်စီးတီးနဲ့ ဆက်ပြီး ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။

zawgyi version

အာဆင္နယ္ရဲ႕ နံပါတ္ ၁ ဂိုးသမားေနရာနဲ႔ ထုိက္တန္တယ္ဆိုတာကို သက္ေသျပႏိုင္ခဲ့ၿပီလို႔ လီႏို ၾကံဳးဝါး
အာဆင္နယ္အသင္းရဲ႕အဓိက ဂိုးသမားအျဖစ္ ပြဲထြက္ခြင့္ရေပမယ့္ အမွားေတြက်ဴးလြန္ေလ့ရွိတာေၾကာင့္ ေဝဖန္ခံေနရတဲ့ လီႏိုဟာ ဖလားပြဲစဥ္ေတြမွာ လက္စြမ္းျပခဲ့တဲ့ ဂိုးသမား မာတီနက္ဇ္က အသင္းေျပာင္းသြားတာေၾကာင့္ လီဗာပူးနဲ႔ပြဲမွာ ကစားခြင့္ရခဲ့ၿပီး အေကာင္းဆံုးလက္စြမ္းျပႏိုင္ခဲ့ပါတယ္။ ပြဲခ်ိန္အတြင္း လီဗာပူးအသင္းရဲ႕ကန္သြင္းခ်က္ေတြကို ကာကြယ္ ႏိုင္ခဲ့သလို ပင္နယ္တီအဆံုးအျဖတ္မွာလည္း လက္စြမ္းျပႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
ငါးရက္အတြင္းမွာ ဒုတိယအၾကိမ္ေျမာက္ယွဥ္ၿပိဳင္ကစားရတာျဖစ္တာေၾကာင့္ ႏွစ္သင္းစလံုးနည္းျပေတြဟာ အသင္းရဲ႕လူ စာရင္းကို အေျပာင္းအလဲေတြျပဳလုပ္ခဲ့ၾကပါတယ္။ သာမန္ပြဲကစားခ်ိန္အတြင္း လီဗာပူးက အာဆင္နယ္ထက္ ဂိုးသြင္းခြင့္ ေတြ ပိုရခဲ့ေပမယ့္ လီႏိုက လက္စြမ္းျပကာကြယ္ႏိုင္ခဲ့လို႔သာ အာဆင္နယ္အေနနဲ႔ ဂိုးမေပးခဲ့ရတာပဲ ျဖစ္ပါတယ္။ ပင္နယ္တီ အဆံုးအျဖစ္မွာေတာ့ အာဆင္နယ္က လီႏိုရဲ႕လက္စြမ္းျပမႈနဲ႔အတူ အႏိုင္ရခဲ့တာပဲ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီက အာဆင္နယ္ရဲ႕ အက္ဖ္ေအဖလားရရွိမႈမွာ အဓိကဂိုးသမားျဖစ္ခဲ့တဲ့ မာတီနက္ဇ္နဲ႔ ဦးစားေပးဂိုးသမားေနရာ အတြက္ အၿပိဳင္ျဖစ္ခဲ့ရာမွာ နည္းျပ အာတီတာက လီႏိုကို အသင္းရဲ႕နံပါတ္-၁ ဂိုးသမားအျဖစ္ ေရြးခ်ယ္ခဲ့တာေၾကာင့္ မာတီ နက္ဇ္အေနနဲ႔ အက္စ္တြန္ဗီလာအသင္းကို ေျပာင္းေရႊ႕သြားခဲ့တာပဲ ျဖစ္ပါတယ္။ အက္စ္တြန္ဗီလာမွာ လက္စြမ္းျပေနတဲ့ မာ တီနက္ဇ္ေၾကာင့္ လီႏိုအေနနဲ႔ ေဝဖန္မႈေတြ ခံခဲ့ရတယ္လို႔လည္း သိရပါတယ္။
ပြဲအၿပီးမွာေတာ့ အာဆင္နယ္ဂိုးသမား လီႏိုက “ အေျပာင္းအလဲျပဳလုပ္ခဲ့တယ္ဆိုေပမယ့္ တကယ္ကို စိတ္လႈပ္ရွားစရာ ေကာင္းတဲ့ပြဲတစ္ပြဲပါ။ ကြ်န္ေတာ္တို႕ရဲ႕ အေတြးအေခၚနဲ႔ အႏိုင္ရလိုစိတ္အတိုင္း ႏိုင္ပြဲရေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ ဒီပြဲမွာ အႏိုင္ရတာဟာ ဖလားရႏိုင္တဲ့အခြင့္အေရးတစ္ခုပါ။” လို႔ေျပာခဲ့ပါတယ္။ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ ႏိုင္ခဲ့တဲ့ အာဆင္နယ္ဟာ မန္စီးတီးနဲ႔ ဆက္ၿပီး ယွဥ္ၿပိဳင္ရမွာပဲ ျဖစ္ပါတယ္။