လီဗာပူးက ဖလားတိုင်းကို ရယူနိုင်ဖို့ စိတ်ကူးယဉ်နေတဲ့အသင်းမဟုတ်ဘူးလို့ ပြောခဲ့တဲ့ နည်းပြ ကလော့ပ်


လီဗာပူးနည်းပြ ကလော့ပ်က အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလားပြိုင်ပွဲမှာ ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက် သူရဲ့အသင်းအနေနဲ့ ဖလားတိုင်းကို ရယူဖို့ စိတ်ကူးယဉ်နေတဲ့အသင်းမဟုတ်ကြောင်း ပြောခဲ့ပါတယ်။ လီဗာပူးဟာ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ပွဲမှာ အရန်ကစားသမား အများစုနဲ့ ပွဲထွက်လာခဲ့တာကြောင့် သာမန်ပွဲကစားချိန်အတွင်း ဂိုးမရှိ သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ် ခံယူရာမှာတော့ အရေးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။


သာမန်ပွဲကစားချိန်အတွင်းမှာ လီဗာပူးဘက်က ဗန်ဒိုက်နဲ့ အသစ်ခေါ်ယူထားတဲ့ ဂျိုတာတို့ရဲ့ ဂိုးရနိုင်တဲ့အခြေအနေတွေကို အာဆင်နယ်ဂိုးသမား လီနိုက လက်စွမ်းပြကာကွယ်သွားနိုင်ခဲ့လို့သာ လီဗာပူးတို့ ဂိုးမရခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးနည်းပြ ကလော့ပ်ကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့က ပရီးမီးယားလိဂ်ပွဲအဖြစ် အာဆင်နယ်နဲ့ကစားခဲ့တဲ့ပွဲက လူစာရင်းကို အပြောင်း အလဲ လုပ်ခဲ့တာဟာ အသင်းရဲ့နောက်ထပ်အသင်းတစ်ခုကို တည်ဆောက်ချင်လို့ပါဆိုပြီး ပြောခဲ့ပါတယ်။


ပွဲအပြီးမှာတော့ ကလော့ပ်က “ မိနစ် ၉၀ အတွင်းမှာ ကျွန်တော်တို့အနေနဲ့ အနိုင်ရခဲ့သင့်ပါတယ်။ တကယ်လို့ ဂိုးတွေသာ သွင်းယူနိုင်ခဲ့မယ်ဆိုရင် ဖလားတွေကို ရယူဖို့ စိတ်ကူးယဉ်နေတဲ့အသင်းမဟုတ်ဘူးဆိုတာ သက်သေပြနိုင်မှာပါ။ ပင်နယ် တီအဆုံးအဖြတ်ကတော့ အခက်အခဲတွေ အများကြီးရှိတာကို လူတိုင်းသိပါတယ်။ ပြိုင်ပွဲကနေ ထွက်ခဲ့ရတယ်ဆိုပေမယ့် အသင်းရဲ့ ကစားပုံအတွက် ကျေနပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။


ဆက်လက်ပြီး ကလော့ပ်က လီဗာပူးအသင်းရဲ့ချန်ပီယံလိဂ်အုပ်စုအဆင့်နဲ့ ပတ်သက်ပြီးတော့လည်း သင့်တော်တဲ့ အုပ်စု ဖြစ်ပြီး အသင်းတိုင်းမှာ နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်ရှိတယ်လို့ ပြောခဲ့ပါတယ်။ လီဗာပူးဟာ ချန်ပီယံလိဂ်အုပ်စု တွင်း ပြိုင်ဘက်တွေအဖြစ် အေဂျက်၊ အတ္တလန္တာနဲ့ မစ်ဂျီလန်း အသင်းတို့ကို ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

လီဗာပူးက ဖလားတိုင္းကို ရယူႏိုင္ဖို႔ စိတ္ကူးယဥ္ေနတဲ့အသင္းမဟုတ္ဘူးလို႔ ေျပာခဲ့တဲ့ နည္းျပ ကေလာ့ပ္
လီဗာပူးနည္းျပ ကေလာ့ပ္က အာဆင္နယ္နဲ႔ ကစားခဲ့တဲ့ ကာရာေဘာင္းဖလားၿပိဳင္ပြဲမွာ ရႈံးၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရၿပီးေနာက္ သူရဲ႕အသင္းအေနနဲ႔ ဖလားတိုင္းကို ရယူဖို႔ စိတ္ကူးယဥ္ေနတဲ့အသင္းမဟုတ္ေၾကာင္း ေျပာခဲ့ပါတယ္။ လီဗာပူးဟာ အာဆင္နယ္နဲ႔ ကစားခဲ့တဲ့ပြဲမွာ အရန္ကစားသမား အမ်ားစုနဲ႔ ပြဲထြက္လာခဲ့တာေၾကာင့္ သာမန္ပြဲကစားခ်ိန္အတြင္း ဂိုးမရွိ သေရက်ခဲ့ၿပီး ပင္နယ္တီအဆံုးအျဖတ္ ခံယူရာမွာေတာ့့ အေရးနိမ့္ခဲ့တာပဲ ျဖစ္ပါတယ္။
သာမန္ပြဲကစားခ်ိန္အတြင္းမွာ လီဗာပူးဘက္က ဗန္ဒိုက္နဲ႔ အသစ္ေခၚယူထားတဲ့ ဂ်ိဳတာတို႔ရဲ႕ ဂိုးရႏိုင္တဲ့အေျခအေနေတြကုိ အာဆင္နယ္ဂိုးသမား လီႏိုက လက္စြမ္းျပကာကြယ္သြားႏိုင္ခဲ့လို႔သာ လီဗာပူးတို႔ ဂိုးမရခဲ့တာ ျဖစ္ပါတယ္။ လီဗာပူးနည္းျပ ကေလာ့ပ္ကေတာ့ ၿပီးခဲ့တဲ့ တနလၤာေန႔က ပရီးမီးယားလိဂ္ပြဲအျဖစ္ အာဆင္နယ္နဲ႔ကစားခဲ့တဲ့ပြဲက လူစာရင္းကို အေျပာင္း အလဲ လုပ္ခဲ့တာဟာ အသင္းရဲ႕ေနာက္ထပ္အသင္းတစ္ခုကို တည္ေဆာက္ခ်င္လို႔ပါဆိုၿပီး ေျပာခဲ့ပါတယ္။
ပြဲအၿပီးမွာေတာ့ ကေလာ့ပ္က “ မိနစ္ ၉၀ အတြင္းမွာ ကြ်န္ေတာ္တို႔အေနနဲ႔ အႏိုင္ရခဲ့သင့္ပါတယ္။ တကယ္လို႔ ဂိုးေတြသာ သြင္းယူႏိုင္ခဲ့မယ္ဆိုရင္ ဖလားေတြကို ရယူဖို႔ စိတ္ကူးယဥ္ေနတဲ့အသင္းမဟုတ္ဘူးဆိုတာ သက္ေသျပႏိုင္မွာပါ။ ပင္နယ္ တီအဆံုးအျဖတ္ကေတာ့ အခက္အခဲေတြ အမ်ားၾကီးရွိတာကို လူတိုင္းသိပါတယ္။ ၿပိဳင္ပြဲကေန ထြက္ခဲ့ရတယ္ဆိုေပမယ့္ အသင္းရဲ႕ ကစားပံုအတြက္ ေက်နပ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ကေလာ့ပ္က လီဗာပူးအသင္းရဲ႕ခ်န္ပီယံလိဂ္အုပ္စုအဆင့္နဲ႔ ပတ္သက္ၿပီးေတာ့လည္း သင့္ေတာ္တဲ့ အုပ္စု ျဖစ္ၿပီး အသင္းတိုင္းမွာ ေနာက္တစ္ဆင့္အတြက္ ေမွ်ာ္လင့္ခ်က္ရွိတယ္လို႔ ေျပာခဲ့ပါတယ္။ လီဗာပူးဟာ ခ်န္ပီယံလိဂ္အုပ္စု တြင္း ၿပိဳင္ဘက္ေတြအျဖစ္ ေအဂ်က္၊ အတၱလႏၱာနဲ႔ မစ္ဂ်ီလန္း အသင္းတို႔ကို ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။