အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခြင်းခံလိုက်ရတဲ့ ကယ်လ်ဗက်လီဝင်၊ ဆာကာ နဲ့ ဟာဗေးဘားနက်စ်

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ လက်ရွေးစင်အသင်းကြီးအတွက် ကယ်လ်ဗက်လီဝင်၊ ဟာဗေးဘားနက်စ် နဲ့ ဆာကာ တို့ကို ပထမဆုံးအကြိမ်အဖြစ် ခေါ်ယူသွားခဲ့ပါတယ်။ သူတို့ (၃) ယောက်ဟာ ဟာ သက်ဆိုင်ရာ ကလပ်အသီးသီးမှာ ခြေစွမ်းပြနေကြလို့ ယခုလို လက်ရွေးစင်အသင်းကြီး လူစာရင်းမှာ ပါဝင်ရွေးချယ်ခြင်းခံလိုက်ရတာဖြစ်ပါတယ်။

ဝေးလ်စ်၊ ဘယ်လ်ဂျီယံ နဲ့ ဒိန်းမတ်အသင်းတို့ နဲ့ ကစားမယ့်ပွဲ အယောက် (၃၀) လူစာရင်းကို နည်းပြဆောက်ဂိတ်က ဒီနေ့မှာပဲ ကြေညာရွေးချယ်သွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွဲရားလည်း ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရပြီး ဟိုတယ်ကို ကောင်မလေးခေါ်ယူခဲ့တဲ့ မေဆန်ဂရင်းဝုဒ် နဲ့ ဖိုဒန်တို့ကတော့ ပါဝင်ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။

အာဆင်နယ်အသင်းက မစ်လန်းနိုင်းလ်စ် ၊ ဝုလ်ဗ်အသင်းခေါင်းဆောင် ကိုအာဒီ ၊လိဒ်ယူနိုက်တက်ကွင်းလယ်လူ ကီဗစ်ဖီလစ် နဲ့ အက်စတွန်ဗီလာအသင်းခေါင်းဆောင် တို့ကို ရွေးချယ်သွားခဲ့ပြီး ဘင်ချီဝဲလ် နဲ့ ဟန်ဒါဆန် တို့လည်း ပြန်လည်ပါဝင်လာခဲ့ပါတယ်။

အဲဗာတန်တိုက်စစ်မှူး ကယ်လ်ဗက်လီဝင်ကတော့ အဲဗာတန်အသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ (၅) ပွဲမှာ (၈) ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြခဲ့တဲ့အတွက် နည်းပြဆောက်ဂိတ်က အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခေါ်ယူသွားခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ အောက်တိုဘာလ (၈) ရက်နေ့မှာ ဝေးလ်စ်အသင်းနဲ့ ခြေစမ်းပွဲကို ဝင်ဘလေကွင်းမှာ ကစားသွားမှာဖြစ်ပါတယ်။ အဲ့ဒီနောက ်အောက်တိုဘာလ (၁၁) ရက်နဲ့ အောက်တိုဘာလ (၁၄) ရက်တို့မှာ ဘယ်လ်ဂျီယံ နဲ့ ဒိန်းမတ်အသင်းတို့နဲ့ ဝင်ဘလေကွင်းမှာပဲ နေရှင်းလိဂ်ပွဲများကစားသွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဂၤလန္လက္ေရြးစင္အသင္းၾကီးအတြက္ ပထမဆံုးအၾကိမ္ ေရြးခ်ယ္ျခင္းခံလိုက္ရတဲ့ ကယ္လ္ဗက္လီ၀င္၊ ဆာကာ နဲ႔ ဟာေဗးဘားနက္စ္

အဂၤလန္နည္းျပ ေဆာက္ဂိတ္ဟာ လက္ေရြးစင္အသင္းၾကီးအတြက္ ကယ္လ္ဗက္လီ၀င္၊ ဟာေဗးဘားနက္စ္ နဲ႔ ဆာကာ တို႔ကို ပထမဆံုးအၾကိမ္အျဖစ္ ေခၚယူသြားခဲ့ပါတယ္။ သူတို႔ (၃) ေယာက္ဟာ ဟာ သက္ဆိုင္ရာ ကလပ္အသီးသီးမွာ ေျခစြမ္းျပေနၾကလို႔ ယခုလို လက္ေရြးစင္အသင္းၾကီး လူစာရင္းမွာ ပါ၀င္ေရြးခ်ယ္ျခင္းခံလိုက္ရတာျဖစ္ပါတယ္။

ေ၀းလ္စ္၊ ဘယ္လ္ဂ်ီယံ နဲ႔ ဒိန္းမတ္အသင္းတို႔ နဲ႔ ကစားမယ့္ပြဲ အေယာက္ (၃၀) လူစာရင္းကို နည္းျပေဆာက္ဂိတ္က ဒီေန႔မွာပဲ ေၾကညာေရြးခ်ယ္သြားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြဲရားလည္း ျပန္လည္ေရြးခ်ယ္ျခင္းခံခဲ့ရျပီး ဟိုတယ္ကို ေကာင္မေလးေခၚယူခဲ့တဲ့ ေမဆန္ဂရင္း၀ုဒ္ နဲ႔ ဖိုဒန္တို႔ကေတာ့ ပါ၀င္ေရြးခ်ယ္ျခင္းမခံခဲ့ရပါဘူး။

အာဆင္နယ္အသင္းက မစ္လန္းႏိုင္းလ္စ္ ၊ ၀ုလ္ဗ္အသင္းေခါင္းေဆာင္ ကိုအာဒီ ၊လိဒ္ယူႏိုက္တက္ကြင္းလယ္လူ ကီဗစ္ဖီလစ္ နဲ႔ အက္စတြန္ဗီလာအသင္းေခါင္းေဆာင္ တို႔ကို ေရြးခ်ယ္သြားခဲ့ျပီး ဘင္ခ်ီ၀ဲလ္ နဲ႔ ဟန္ဒါဆန္ တို႔လည္း ျပန္လည္ပါ၀င္လာခဲ့ပါတယ္။

အဲဗာတန္တိုက္စစ္မွဴး ကယ္လ္ဗက္လီ၀င္ကေတာ့ အဲဗာတန္အသင္းအတြက္ ေနာက္ဆံုးကစားခဲ့တဲ့ (၅) ပြဲမွာ (၈) ဂိုးအထိ သြင္းယူျပီး ေျခစြမ္းျပခဲ့တဲ့အတြက္ နည္းျပေဆာက္ဂိတ္က အဂၤလန္လက္ေရြးစင္အသင္းၾကီးအတြက္ ပထမဆံုးအၾကိမ္ ေရြးခ်ယ္ေခၚယူသြားခဲ့ပါတယ္။

အဂၤလန္အသင္းဟာ ေအာက္တိုဘာလ (၈) ရက္ေန႔မွာ ေ၀းလ္စ္အသင္းနဲ႔ ေျခစမ္းပြဲကို ၀င္ဘေလကြင္းမွာ ကစားသြားမွာျဖစ္ပါတယ္။ အဲ့ဒီေနာက ္ေအာက္တိုဘာလ (၁၁) ရက္နဲ႔ ေအာက္တိုဘာလ (၁၄) ရက္တို႔မွာ ဘယ္လ္ဂ်ီယံ နဲ႔ ဒိန္းမတ္အသင္းတို႔နဲ႔ ၀င္ဘေလကြင္းမွာပဲ ေနရွင္းလိဂ္ပြဲမ်ားကစားသြားရမွာ ျဖစ္တယ္လို႔ သိရပါတယ္။