ယူနိုက်တက်ကို ပြောင်းရွှေ့ရန် ငြင်းပယ်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းမှာပဲ ပွဲကစားခွင့်အတွက် တိုက်ပွဲဝင်သွားမယ့် ဒေါက်ဂလပ်စ်ကော်စတာ

ဂျူဗင်တပ်စ်တောင်ပံတိုက်စစ်ကစားသမား ဒေါက်ဂလပ်စ်ကော်စတာဟာ ယူနိုက်တက်က ကမ်းလှမ်းတာကို ပယ်ချပြီး အသင်းမှာပဲ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သွားမယ်လို့ အီတလီက သတင်းများအရ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီတစ်နွေရာသီစလုံး ညာတောင်ပံကစားသမား တစ်ယောက်ကို ရှာဖွေနေပေမယ့် ယခုအချိန်အထိ ခေါ်ယူနိုင်ခြင်းမရှိသေးပါဘူး။ ဒေါ့မွန်တောင်ပံတိုက်စစ်ကစားသမား ဂျာဒွန်ဆန်ချိုကို တောက်လျှောက်ကြိုးစားခဲ့ပေမယ့် ဒေါ့မွန်အသင်းက သတ်မှတ်တဲ့ တန်ကြေးကြောင့် ယူနိုက်တက်အသင်း အခက်တွေ့နေတာ ဖြစ်ပါတယ်။

ဂျာဒွန်ဆန်ချိုအစား ယူနိုက်တက်ဟာ ဘာစီလိုနာက အူစမန်နီဒမ်ဘီလီကိုလည်း ဆက်သွယ်ထားပြီး ဘရာဇီးကစားသမား ဒေါက်ဂလပ်စ်ကော်စတာအတွက်လည်း ဆွေးနွေးခဲ့တယ်လို့ အီတလီက သတင်းများအရ သိရပါတယ်။ သို့သော်လည်း အီတလီက နောက်ဆုံးထွက်လာတဲ့ သတင်းများအရ ဒေါက်ဂလပ်စ်ကော်စတာဟာ ဆိုးလ်ရှားရဲ့ အသင်းဆီနဲ့ မပူးပေါင်းချင်ပဲ ပီယာလိုရဲ့ အသင်းမှာပဲ ပွဲထွက်ခွင့်ရအောင် ကြိုးစားချင်နေတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းကတော့ ဒေါက်ဂလပ်စ်ကော်စတာကို ရောင်းချချင်နေတာဖြစ်ပြီး ယူနိုက်တက်အတွက်တော့ အခွင့်အရေးမရှိတော့ဘူးလို့ သိရပါတယ်။ ဒေါက်ဂလပ်စ်ကော်စတာဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ဂျူဗင်တပ်စ်အသင်းအတွက် စီးရီးအေ (၇) ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။ သူဟာ ဂျူဗင်တပ်စ်အသင်းအတွက် စုစုပေါင်း ပွဲပေါင်း (၁၀၃)ပွဲကစားထားပြီး (၁၀) ဂိုးသွင်းယူပေးထားပါတယ်။

အသက် ၃၀ ရှိနေပြီဖြစ်တဲ့ ဒေါက်ဂလပ်စ်ကော်စတာဟာ ၂၀၁၅ ခုနှစ်တုန်းက ဘိုင်ယန်မြူးနစ်အသင်းကို ရှက်တာဒိုးနက်အသင်းကနေ ပေါင် ၂၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနဲ့ (၂) ရာသီကစားခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ပေါင် ၃၆ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့ပေမယ့် နောက်ပိုင်းမှာ ရုန်းကန်နေခဲ့ရတာပါ။

ယူႏိုက္တက္ကို ေျပာင္းေရႊ႕ရန္ ျငင္းပယ္ခဲ့ျပီး ဂ်ဴဗင္တပ္စ္အသင္းမွာပဲ ပြဲကစားခြင့္အတြက္ တိုက္ပြဲ၀င္သြားမယ့္ ေဒါက္ဂလပ္စ္ေကာ္စတာ

ဂ်ဴဗင္တပ္စ္ေတာင္ပံတိုက္စစ္ကစားသမား ေဒါက္ဂလပ္စ္ေကာ္စတာဟာ ယူႏိုက္တက္က ကမ္းလွမ္းတာကို ပယ္ခ်ျပီး အသင္းမွာပဲ ပြဲထြက္ခြင့္အတြက္ တိုက္ပြဲ၀င္သြားမယ္လို႔ အီတလီက သတင္းမ်ားအရ သိရပါတယ္။ ယူႏိုက္တက္အသင္းဟာ ဒီတစ္ေႏြရာသီစလံုး ညာေတာင္ပံကစားသမား တစ္ေယာက္ကို ရွာေဖြေနေပမယ့္ ယခုအခ်ိန္အထိ ေခၚယူႏိုင္ျခင္းမရွိေသးပါဘူး။  ေဒါ့မြန္ေတာင္ပံတုိက္စစ္ကစားသမား ဂ်ာဒြန္ဆန္ခ်ိဳကို ေတာက္ေလွ်ာက္ၾကိဳးစားခဲ့ေပမယ့္ ေဒါ့မြန္အသင္းက သတ္မွတ္တဲ့ တန္ေၾကးေၾကာင့္ ယူႏိုက္တက္အသင္း အခက္ေတြ႕ေနတာ ျဖစ္ပါတယ္။

ဂ်ာဒြန္ဆန္ခ်ိဳအစား ယူႏိုက္တက္ဟာ ဘာစီလိုနာက အူစမန္နီဒမ္ဘီလီကိုလည္း ဆက္သြယ္ထားျပီး ဘရာဇီးကစားသမား ေဒါက္ဂလပ္စ္ေကာ္စတာအတြက္လည္း ေဆြးေႏြးခဲ့တယ္လို႔ အီတလီက သတင္းမ်ားအရ သိရပါတယ္။ သို႔ေသာ္လည္း အီတလီက ေနာက္ဆံုးထြက္လာတဲ့ သတင္းမ်ားအရ ေဒါက္ဂလပ္စ္ေကာ္စတာဟာ ဆိုးလ္ရွားရဲ႕ အသင္းဆီနဲ႔ မပူးေပါင္းခ်င္ပဲ ပီယာလိုရဲ႕ အသင္းမွာပဲ ပြဲထြက္ခြင့္ရေအာင္ ၾကိဳးစားခ်င္ေနတာ ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းကေတာ့ ေဒါက္ဂလပ္စ္ေကာ္စတာကို ေရာင္းခ်ခ်င္ေနတာျဖစ္ျပီး ယူႏိုက္တက္အတြက္ေတာ့ အခြင့္အေရးမရွိေတာ့ဘူးလို႔ သိရပါတယ္။ ေဒါက္ဂလပ္စ္ေကာ္စတာဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ဂ်ဴဗင္တပ္စ္အသင္းအတြက္ စီးရီးေအ (၇) ပြဲသာ ပြဲထြက္ကစားခြင့္ရခဲ့ျပီး ရုန္းကန္ခဲ့ရသူျဖစ္ပါတယ္။ သူဟာ ဂ်ဴဗင္တပ္စ္အသင္းအတြက္ စုစုေပါင္း ပြဲေပါင္း (၁၀၃)ပြဲကစားထားျပီး (၁၀) ဂိုးသြင္းယူေပးထားပါတယ္။

အသက္ ၃၀ ရွိေနျပီျဖစ္တဲ့ ေဒါက္ဂလပ္စ္ေကာ္စတာဟာ ၂၀၁၅ ခုႏွစ္တုန္းက ဘိုင္ယန္ျမဴးနစ္အသင္းကို ရွက္တာဒိုးနက္အသင္းကေန ေပါင္ ၂၇ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ပါတယ္။  ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ (၂) ရာသီကစားခဲ့ျပီးေနာက္ ဂ်ဴဗင္တပ္စ္အသင္းဆီ အငွားနဲ႔ ေျပာင္းေရႊ႕ခဲ့ျပီးေနာက္ ေပါင္ ၃၆ သန္းနဲ႔ အျပီးသတ္ေျပာင္းေရႊ႕ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ရုန္းကန္ေနခဲ့ရတာပါ။