ဟယ်ရီကိန်းအတွက် အရန်အဖြစ် ဘင်ဖီကာ တိုက်စစ်မှုး ကားလိုစ့်ဗီနီစီယက်စ်ကို ခေါ်ယူနိုင်တော့မယ့် စပါးအသင်း

စပါးအသင်းဟာ ဘင်ဖီကာ တိုက်စစ်မှူး ကားလိုစ့်ဗီနီစီယက်စ်ကို အငှားနဲ့ ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ဘရာဇီးကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီက နာပိုလီအသင်းကနေ ဘင်ဖီကာ ကို ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေး ပေါင် ၈၉ သန်း ထည့်သွင်းချုပ်ဆိုထားသူ ဖြစ်ပါတယ်။

ကိုဗစ်ကြောင့် ဘဏ္ဍာရေး ထိခိုက်မှုအပြင် ချန်ပီယံလိဂ်ကနေလည်း ထွက်ခွာခဲ့ရလို့ ဘင်ဖီကာအသင်းဟာ ကားလိုစ့်ဗီနီစီယက်စ်ကို စပါးအသင်းဆီ အငှားချပြီး ပေါင် ၃၆ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ကိုလည်း ထည့်သွင်းချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ကားလိုစ့်ဗီနီစီယက်စ်ဟာ ၆ ပေ နဲ့ ၃ လက်မ အရပ်အမောင်းရှိပေမယ့် လျင်မြန်ပြီး ဘယ်တောင်ပံမှာသာ မကာ အထောင်တိုက်စစ်မှူးအဖြစ်လည်း ကစားနိုင်သူဖြစ်ပါတယ်။

သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းကြောင့် စပါးအသင်းဟာ ဟယ်ရီကိန်းအတွက် အရန်အဖြစ် ရည်ရွယ်ထားတာပါ။ ပြီးခဲ့တဲ့ရာသီက ၂၄ ဂိုသွင်းထားတဲ့ သူ့ကို ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ယူနိုက်တက်၊ ချဲလ်ဆီး နဲ့ ဝုလ်ဗ်အသင်းတို့ကလည်း စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။ သူဟာ ဒီရာသီမှာ (၂) ပွဲပါဝင်ကစားထားရပေမယ့် (၂) ပွဲစလုံး အရန်ခုံကနေပဲ ပါဝင်ကစားထားခဲ့ရပါတယ်။

ဟယ္ရီကိန္းအတြက္ အရန္အျဖစ္ ဘင္ဖီကာ တိုက္စစ္မႈး ကားလိုစ့္ဗီနီစီယက္စ္ကို ေခၚယူႏိုင္ေတာ့မယ့္ စပါးအသင္း

စပါးအသင္းဟာ ဘင္ဖီကာ တိုက္စစ္မွဴး ကားလိုစ့္ဗီနီစီယက္စ္ကို အငွားနဲ႔ ေခၚယူႏိုင္ေတာ့မယ္လို႔ သိရပါတယ္။ အသက္ ၂၅ ႏွစ္အရြယ္ ဘရာဇီးကစားသမားဟာ ျပီးခဲ့တဲ့ေႏြရာသီက နာပိုလီအသင္းကေန ဘင္ဖီကာ ကို ေပါင္ ၁၅ သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့သူျဖစ္ျပီး စာခ်ဳပ္ဖ်က္သိမး္ေၾကး ေပါင္ ၈၉ သန္း ထည့္သြင္းခ်ဳပ္ဆိုထားသူ ျဖစ္ပါတယ္။

ကိုဗစ္ေၾကာင့္ ဘ႑ာေရး ထိခိုက္မႈအျပင္ ခ်န္ပီယံလိဂ္ကေနလည္း ထြက္ခြာခဲ့ရလို႔ ဘင္ဖီကာအသင္းဟာ ကားလိုစ့္ဗီနီစီယက္စ္ကို စပါးအသင္းဆီ အငွားခ်ျပီး ေပါင္ ၃၆ သန္းနဲ႔ အျပီးသတ္၀ယ္ယူခြင့္ကိုလည္း ထည့္သြင္းခ်ဳပ္ဆိုသြားမယ္လို႔ သိရပါတယ္။ ကားလိုစ့္ဗီနီစီယက္စ္ဟာ ၆ ေပ နဲ႔ ၃ လက္မ အရပ္အေမာင္းရွိေပမယ့္ လ်င္ျမန္ျပီး ဘယ္ေတာင္ပံမွာသာ မကာ အေထာင္တိုက္စစ္မွဴးအျဖစ္လည္း ကစားႏိုင္သူျဖစ္ပါတယ္။

သူ႔ရဲ႕ ဂိုးသြင္းမွတ္တမ္းေၾကာင့္ စပါးအသင္းဟာ ဟယ္ရီကိန္းအတြက္ အရန္အျဖစ္ ရည္ရြယ္ထားတာပါ။ ျပီးခဲ့တဲ့ရာသီက ၂၄ ဂိုသြင္းထားတဲ့ သူ႔ကို ဂ်ဴဗင္တပ္စ္၊ အင္တာမီလန္၊ ယူႏိုက္တက္၊ ခ်ဲလ္ဆီး န႔ဲ ၀ုလ္ဗ္အသင္းတို႔ကလည္း စိတ္၀င္စားခဲ့ၾကတာျဖစ္ပါတယ္။ သူဟာ ဒီရာသီမွာ (၂) ပြဲပါ၀င္ကစားထားရေပမယ့္ (၂) ပြဲစလံုး အရန္ခံုကေနပဲ ပါ၀င္ကစားထားခ့ဲရပါတယ္။