ဘရိုက်တန်နဲ့ ပွဲမှာ ခြေစွမ်းပြသွားတဲ့ ဝါရင့်ကွင်းလယ်လူ မာတာ ကို ချီးကျူးသွားခဲ့တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ကာရာဘောင်ဖလားပွဲမှာ ခြေစွမ်းပြသွားတဲ့ ကွင်းလယ်လူ မာတာကို ချီးကျူးစကားပြောသွားခဲ့ပါတယ်။ ဧည့်သည်ယူနိုက်တက်အသင်းအတွက် မာတာ ၊ တွမ်မီနေး နဲ့ ပေါ့ဘာတို့က ဂိုးတွေ သွင်းပေးခဲ့ပြိး (၃-ဝ) နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်ပြီးခဲ့တဲ့ (၄) ရက်တုန်းက ယူနိုက်တက်အသင်းဟာ ဘရိုက်တန်အသင်းကို ပရီးမီးယားလိဂ်မှာ နောက်ကျ ဂိုးနဲ့ အနိုင်ခဲ့တာဖြစ်ပြီး ယနေ့ပွဲမှာတော့ (၂) သင်းစလုံး လူစာရင်းကို အရန်အများစုနဲ့ ကစားခဲ့ပါတယ်။

ပထမပိုင်းမှာ ယူနိုက်တက်အသင်းဟာ အခွင့်အရေး အနည်းငယ်ရခဲ့ပြီး မာတာရဲ့ ဖရီးကစ်မှ တစ်ဆင့် တွမ်မီနေးက ခေါင်းတိုက်ပြီး ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒုတိယပိုင်းမှာ မာတာ က ဒုတိယဂိုးသွင်းပေးခဲ့ပြီး ပွဲချိန် မိနစ် (၈၀)မှာတော့ ပေါ့ဘာက ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းသွားခဲ့ပါတယ်။

“သူ့ရဲ့ အတွေ့အကြုံနဲ့ တည်ငြိမ်မှုက လူငယ်တွေအတွက် အရေးကြီပါတယ်။ သူဟာ အခွင့်အရေးတွေ အများကြီးဖန်တီးပြီး တိုက်စစ်အသိညဏ်လည်း အများကြီးရှိပါသေးတယ်။ အသင်းအတွက်တော့ သူဟာ အများကြီးအရေးပါပါတယ်။ သူမကစားရတဲ့အခါ ပြောဖို့ ဘယ်တော့မှ မလွယ်ကူခဲ့ပါဘူး။ သူ့မှာ ကြီးကျယ်တဲ့ ကစားသမားဘဝလည်း ပိုင်ဆိုင်ခဲ့ပြီး အောင်မြင်မှုတွေ ရနေဦးမှာပါ” လို့ ဆိုးလ်ရှားက မနေ့ညက ယူနိုက်တက်အသင်းခေါင်းဆောင် နဲ့ ပတ်သက်ပြီး ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဘရိုက္တန္နဲ႔ ပြဲမွာ ေျခစြမ္းျပသြားတဲ့ ၀ါရင့္ကြင္းလယ္လူ မာတာ ကို ခ်ီးက်ဴးသြားခဲ့တဲ့ ယူႏိုက္တက္နည္းျပ ဆုိးလ္ရွား

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ကာရာေဘာင္ဖလားပြဲမွာ ေျခစြမ္းျပသြားတဲ့ ကြင္းလယ္လူ မာတာကို ခ်ီးက်ဴးစကားေျပာသြားခဲ့ပါတယ္။ ဧည့္သည္ယူႏိုက္တက္အသင္းအတြက္ မာတာ ၊ တြမ္မီေနး နဲ႔ ေပါ့ဘာတို႔က ဂိုးေတြ သြင္းေပးခဲ့ျပိး (၃-၀) နဲ႔ အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။ ဒီပြဲမတိုင္ခင္ျပီးခဲ့တဲ့ (၄) ရက္တုန္းက ယူႏိုက္တက္အသင္းဟာ ဘရိုက္တန္အသင္းကို ပရီးမီးယားလိဂ္မွာ ေနာက္က် ဂိုးနဲ႔ အႏိုင္ခဲ့တာျဖစ္ျပီး ယေန႔ပြဲမွာေတာ့ (၂) သင္းစလံုး လူစာရင္းကို အရန္အမ်ားစုနဲ႔ ကစားခဲ့ပါတယ္။

ပထမပိုင္းမွာ ယူႏိုက္တက္အသင္းဟာ အခြင့္အေရး အနည္းငယ္ရခဲ့ျပီး မာတာရဲ႕ ဖရီးကစ္မွ တစ္ဆင့္ တြမ္မီေနးက ေခါင္းတိုက္ျပီး ယူႏိုက္တက္အသင္းအတြက္ အဖြင့္ဂိုးသြင္းေပးခဲ့တာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ဒုတိယပိုင္းမွာ မာတာ က ဒုတိယဂိုးသြင္းေပးခဲ့ျပီး ပြဲခ်ိန္ မိနစ္ (၈၀)မွာေတာ့ ေပါ့ဘာက ဖရီးကစ္ကေန တိုက္ရိုက္ကန္သြင္းသြားခဲ့ပါတယ္။

“သူ႔ရဲ႕ အေတြ႕အၾကံဳနဲ႔ တည္ျငိမ္မႈက လူငယ္ေတြအတြက္ အေရးၾကီပါတယ္။ သူဟာ အခြင့္အေရးေတြ အမ်ားၾကီးဖန္တီးျပီး တိုက္စစ္အသိညဏ္လည္း အမ်ားၾကီးရွိပါေသးတယ္။ အသင္းအတြက္ေတာ့ သူဟာ အမ်ားၾကီးအေရးပါပါတယ္။ သူမကစားရတဲ့အခါ ေျပာဖို႔ ဘယ္ေတာ့မွ မလြယ္ကူခဲ့ပါဘူး။ သူ႔မွာ ၾကီးက်ယ္တဲ့ ကစားသမားဘ၀လည္း ပိုင္ဆိုင္ခဲ့ျပီး ေအာင္ျမင္မႈေတြ ရေနဦးမွာပါ”  လို႔ ဆုိးလ္ရွားက မေန႔ညက ယူႏိုက္တက္အသင္းေခါင္းေဆာင္ နဲ႔ ပတ္သက္ျပီး ေျပာသြားခဲ့တာ ျဖစ္ပါတယ္။