ဝုလ်ဗ်အသင်းခေါင်းဆောင် ကိုအာဒီ အသင်းနဲ့ စာချုပ်သစ် (၅) နှစ် ချုပ်ဆို

ဝုလ်ဗ်အသင်းခေါင်းဆောင် ကိုအာဒီဟာ အသင်းနဲ့ (၅) နှစ် စာချုပ်သက်တမ်းတိုးပြီးနောက် အသင်းမှာ ၂၀၂၅ ခုနှစ်အထိ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်နောက်ခံလူဟာ လီဗာပူးလ်အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ဟက်ဒါဖီးလ်အသင်းကနေ ဝုလ်ဗ်အသင်းဆီ ၂၀၁၅ ခုနှစ်က ပြောင်းရွှေ့သွားခဲ့သူပြီဖြစ်ပြီး (၃) နှစ်အကြာမှာ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်အောင် ကူညီစွမ်းဆောင်ပေးခဲ့ပါတယ်။

ကိုအာဒီဟာ ပြီးခဲ့တဲ့ရာသီကလည်း နူနိုဆန်းတိုစ့်ရဲ့ အသင်းမှာ အဓိက ကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် (၇) နှစ်နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ဥရောပဝင်ခွင့်ကို အမှတ်ကျဉ်းမြောင်းမှု အနည်းငယ်နဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

စာချုပ်သစ်ချုပ်ဆိုပြီးနောက် ကိုအာဒီက “ဒီနေ့က အရမ်းကို ကြီးကျယ်တဲ့ နေ့တစ်နေပါ။ အသင်းက ကျွန်တော့်ကို ပေးခဲ့တာတွေကို ပြန်ကြည့်ရင် ကျွန်တော့် အိမ်လို ခံစားရပါတယ်။ ဒီအသင်းအတွက် ကစားပေးရတာ ကျွန်တော် တစ်ကယ်ကို ဂုဏ်ယူမိပါတယ်။ ဒါ့ကြောင့် ဒီလို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တာ တစ်ကယ်ကို မယုံနိုင်စရာကောင်းပါတယ်။ ဒီအသင်းကို စရောက်တဲ့နေ့ကတည်းက အသင်းက ကျွန်တော့်အပေါ် ကောင်းခဲ့တာတွေ၊ ပေးခဲ့တာတွေက မယုံနိုင်စရာပါ” လို့ ပြောသွားခဲ့ပါတယ်။

၀ုလ္ဗ္အသင္းေခါင္းေဆာင္ ကိုအာဒီ အသင္းနဲ႔ စာခ်ဳပ္သစ္ (၅) ႏွစ္ ခ်ဳပ္ဆို

၀ုလ္ဗ္အသင္းေခါင္းေဆာင္ ကိုအာဒီဟာ အသင္းနဲ႔ (၅) ႏွစ္ စာခ်ဳပ္သက္တမ္းတုိးျပီးေနာက္ အသင္းမွာ ၂၀၂၅ ခုႏွစ္အထိ ဆက္ရွိေနေတာ့မွာ ျဖစ္ပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ေနာက္ခံလူဟာ လီဗာပူးလ္အကယ္ဒမီထြက္ကစားသမားျဖစ္ျပီး ဟက္ဒါဖီးလ္အသင္းကေန ၀ုလ္ဗ္အသင္းဆီ ၂၀၁၅ ခုႏွစ္က ေျပာင္းေရႊ႕သြားခဲ့သူျပီျဖစ္ျပီး (၃) ႏွစ္အၾကာမွာ ပရီးမီးယားလိဂ္ကို တန္းတက္ႏိုင္ေအာင္ ကူညီစြမ္းေဆာင္ေပးခဲ့ပါတယ္။

ကိုအာဒီဟာ ျပီးခဲ့တဲ့ရာသီကလည္း ႏူႏိုဆန္းတိုစ့္ရဲ႕ အသင္းမွာ အဓိက ကစားသမားျဖစ္ျပီး  ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ အဆင့္ (၇) ႏွစ္ေနရာမွာ ရပ္တည္ႏိုင္ခဲ့ျပီး ဥေရာပ၀င္ခြင့္ကို အမွတ္က်ဥ္းေျမာင္းမႈ အနည္းငယ္နဲ႔ လြဲေခ်ာ္ခဲ့တာ ျဖစ္ပါတယ္။

စာခ်ဳပ္သစ္ခ်ဳပ္ဆိုျပီးေနာက္ ကိုအာဒီက “ဒီေန႔က အရမး္ကို ၾကီးက်ယ္တဲ့ ေန႔တစ္ေနပါ။ အသင္းက ကၽြန္ေတာ့္ကို ေပးခဲ့တာေတြကို ျပန္ၾကည့္ရင္ ကၽြန္ေတာ့္ အိမ္လို ခံစားရပါတယ္။ ဒီအသင္းအတြက္ ကစားေပးရတာ ကၽြန္ေတာ္ တစ္ကယ္ကို ဂုဏ္ယူမိပါတယ္။ ဒါ့ေၾကာင့္ ဒီလို စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ခဲ့တာ တစ္ကယ္ကို မယံုႏိုင္စရာေကာင္းပါတယ္။ ဒီအသင္းကို စေရာက္တဲ့ေန႔ကတည္းက အသင္းက ကၽြန္ေတာ့္အေပၚ ေကာင္းခဲ့တာေတြ၊ ေပးခဲ့တာေတြက မယံုႏိုင္စရာပါ” လို႔ ေျပာသြားခဲ့ပါတယ္။