ဖီအိုရင်တီးနား တောင်ပံကစားသမား ချီယေဆာကို အငှားနဲ့ ကမ်းလှမ်းလိုက်တဲ့ ယူနိုက်တက်အသင်း ပယ်ချခံရ

ဖီအိုရင်တီးနားအသင်း တောင်ပံကစားသမား ချီယေဆာကို ယူနိုက်တက်အသင်းရဲ့ အငှားနဲ့ ကမ်းလှမ်းမှုဟာ ပယ်ချခံခဲ့ရတယ်လို့ The Telegraphy သတင်းဌာနက ဖော်ပြချက်အရ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ ဒေါ့မွန်တောင်ပံတိုက်စစ်ကစားသမား ဂျာဒွန်ဆန်ချိုကို ခေါ်ယူလို့ မရတော့လို့ ချီယေဆာကို ခေါ်ယူရန် ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ ရာသီ ပိတ်သိမ်းရန် (၅) ရက်ပဲ ကျန်တော့တာ ဖြစ်လို့ ယူနိုက်တက်အသင်းဟာ အငှားနဲ့ အရင် ကမ်းလှမ်းခဲ့တာပါ။ ဂျူဗင်တပ်စ်အသင်းကလည်း စိတ်ဝင်စားနေတဲ့ ပေါင် ၄၅ သန်းတန် အသက် ၂၂ နှစ်အရွယ်ကစားသမား ချီယေဆာကို စီးရီးအေအသင်းက အငှားချဖို့ စိတ်မဝင်စားပဲ အပြီးသတ်ရောင်းချချင်နေတာ ဖြစ်ပါတယ်။ ဝက်ဖိုဒ့်အသင်းရဲ့ ဆီနီဂေါတောင်ပံကစားသမား အစ္စမီလာဆားကိုလည်း ဝက်ဖိုဒ့်အသင်းဘက်က အငှားချရန် စိတ်မဝင်စားပဲ အပြီးသတ်ရောင်းချင်နေတယ်လို့ သိရပါတယ်။

ဆိုးလ်ရှားရဲ့အသင်းဟာ ဘာစီလိုနာအသင်းက တောင်ပံတိုက်စစ်ကစားသမား အူစမန်နီဒမ်ဘီလီကိုလည်း အငှားနဲ့ ခေါ်ယူရန် စိတ်ဝင်စားနေပေမယ့် ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းကတော့ ပြင်သစ်ကစားသမားကို အသင်းမှာပဲ ဆက်ရှိစေချင်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ကာရာဘောင်ဖလားပြိုင်ပွဲမှာ ဘရိုက်တန်အသင်းကို (၃-ဝ) နဲ့ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ဖီအုိရင္တီးနား ေတာင္ပံကစားသမား ခ်ီေယဆာကို အငွားနဲ႔ ကမ္းလွမ္းလိုက္တဲ့ ယူႏိုက္တက္အသင္း ပယ္ခ်ခံရ

ဖီအိုရင္တီးနားအသင္း ေတာင္ပံကစားသမား ခ်ီေယဆာကို ယူႏိုက္တက္အသင္းရဲ႕ အငွားနဲ႔ ကမ္းလွမ္းမႈဟာ ပယ္ခ်ခံခဲ့ရတယ္လို႔ The Telegraphy သတင္းဌာနက ေဖာ္ျပခ်က္အရ သိရပါတယ္။ ယူႏိုက္တက္အသင္းဟာ ေဒါ့မြန္ေတာင္ပံတုိက္စစ္ကစားသမား ဂ်ာဒြန္ဆန္ခ်ိဳကို ေခၚယူလို႔ မရေတာ့လို႔ ခ်ီေယဆာကို ေခၚယူရန္ ဆက္သြယ္ခဲ့တာ ျဖစ္ပါတယ္။

အေျပာင္းအေရႊ႕ ရာသီ ပိတ္သိမ္းရန္ (၅) ရက္ပဲ က်န္ေတာ့တာ ျဖစ္လို႔ ယူႏိုက္တက္အသင္းဟာ အငွားနဲ႔ အရင္ ကမး္လွမ္းခဲ့တာပါ။ ဂ်ဴဗင္တပ္စ္အသင္းကလည္း စိတ္၀င္စားေနတဲ့ ေပါင္ ၄၅ သန္းတန္ အသက္ ၂၂ ႏွစ္အရြယ္ကစားသမား  ခ်ီေယဆာကို စီးရီးေအအသင္းက အငွားခ်ဖို႔ စိတ္မ၀င္စားပဲ အျပီးသတ္ေရာင္းခ်ခ်င္ေနတာ ျဖစ္ပါတယ္။ ၀က္ဖိုဒ့္အသင္းရဲ႕ ဆီနီေဂါေတာင္ပံကစားသမား အစၥမီလာဆားကိုလည္း ၀က္ဖုိဒ့္အသင္းဘက္က အငွားခ်ရန္ စိတ္မ၀င္စားပဲ အျပီးသတ္ေရာင္းခ်င္ေနတယ္လို႔ သိရပါတယ္။

ဆိုးလ္ရွားရဲ႕အသင္းဟာ ဘာစီလိုနာအသင္းက ေတာင္ပံတိုက္စစ္ကစားသမား အူစမန္နီဒမ္ဘီလီကိုလည္း အငွားနဲ႔ ေခၚယူရန္ စိတ္၀င္စားေနေပမယ့္ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းကေတာ့ ျပင္သစ္ကစားသမားကို အသင္းမွာပဲ ဆက္ရွိေစခ်င္ေနတာ ျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဗုဒၶဟူးေန႔ညက ကစားခဲ့တဲ့ ကာရာေဘာင္ဖလားျပိဳင္ပြဲမွာ ဘရိုက္တန္အသင္းကို (၃-၀) နဲ႔ အႏိုင္ရခဲ့ျပီး ကြာတားဖိုင္နယ္ကို တက္လွမ္းသြားနိုင္ခဲ့ပါတယ္။