ဆိုးလ်ရှားလိုချင်တဲ့ ကစားသမားကို ယူနိုက်တက်ဘုတ်အဖွဲ့က ခေါ်ယူပေးသင့်တယ်လို့ ဆိုလိုက်တဲ့ ယူနိုက်တက် ကစားသမားဟောင်း ဖလက်ချာ

ယူနိုက်တက်ကစားသမားဟောင်း ဖလက်ချာက ယူနိုက်တက်အသင်းအနေနဲ့ အောက်တိုဘာလ (၅) ရက် အပြောင်းအရွှေ့ နောက်ဆုံးရက်မတိုင်ခင် ကစားသမား (၃) ယောက်ကနေ (၅) ယောက်အထိ ဆိုးလ်ရှားအတွက် ခေါ်ယူပေးရန် လိုအပ်တယ်လို့ တိုက်တွန်းပြောသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ အင်္ဂလန်ကြယ်ပွင့် ဒေါ့မွန်တောင်ပံတိုက်စစ်ကစားသမား ဂျာဒွန်ဆန်ချိုကို အဓိက ပစ်မှတ်ထားခဲ့သော်လည်း ခေါ်ယူနိုင်ခဲ့ခြင်းမရှိသေးပါဘူး။ ဒေါ့မွန်အသင်းက တောင်းဆိုထားတဲ့ ပေါင် ၁၀၈ သန်းကို ယူနိုက်တက်အသင်းက ပေးချေလိုဖွယ်မရှိပဲ အေဂျက်က ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူထားခဲ့ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ဖလက်ချာက ပရီးမီးယားလိဂ်မှာ လီဗာပူးလ် နဲ့ မန်စီးတီးအသင်းကို လိုက်မီရန်အတွက် ဆိုးလ်ရှားလိုအပ်တဲ့ ကစားသမားကို ဘုတ်အဖွဲ့က အပြောင်းအရွှေ့ ဈေးကွက်မှာ ခေါ်ယူပေးသင့်တယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

“အိုလီရောက်လာကတည်းက အခုသူလုပ်ထားတာတွေကြောင့် သူလိုချင်တဲ့ ကစားသမားကို ခေါ်ယူနိုင်သင့်ပါတယ်။ သူ့ကို ခေါ်ယူပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရာသီကုန် စွမ်းဆောင်ရည်က သူ့အပေါ် ဆုံးဖြတ်မှာပါ။ သူအနေနဲ့ (၃) ယောက်ကနေ (၅) ယောက်အထိ လိုအပ်ပါတယ်။ ဘုတ်အဖွဲ့က သူ့ကို ကူညီဖို့ လိုနေပြီ” လို့ ဖလက်ချာက စကိုင်းစပေါ့ သတင်းဌာနကို ပြောသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ကာဗာနီ ၊လူကာဂျိုဗစ်၊ အူစမန်နီဒမ်ဘီလီ နဲ့ အဲလက်စ်တယ်လက်စ်တို့ကို ဆက်သွယ်မှုတွေ လုပ်ထားတာ ဖြစ်ပါတယ်။

ဆိုးလ္ရွားလိုခ်င္တဲ့ ကစားသမားကို ယူႏိုက္တက္ဘုတ္အဖြဲ႔က ေခၚယူေပးသင့္တယ္လို႔ ဆိုလိုက္တဲ့ ယူႏုိက္တက္ ကစားသမားေဟာင္း ဖလက္ခ်ာ

ယူႏိုက္တက္ကစားသမားေဟာင္း ဖလက္ခ်ာက ယူႏိုက္တက္အသင္းအေနနဲ႔ ေအာက္တိုဘာလ (၅) ရက္ အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္မတိုင္ခင္ ကစားသမား (၃) ေယာက္ကေန (၅) ေယာက္အထိ ဆိုးလ္ရွားအတြက္ ေခၚယူေပးရန္ လိုအပ္တယ္လို႔ တိုက္တြန္းေျပာသြားခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ အဂၤလန္ၾကယ္ပြင့္ ေဒါ့မြန္ေတာင္ပံတိုက္စစ္ကစားသမား ဂ်ာဒြန္ဆန္ခ်ိဳကို အဓိက ပစ္မွတ္ထားခဲ့ေသာ္လည္း ေခၚယူႏိုင္ခဲ့ျခင္းမရွိေသးပါဘူး။ ေဒါ့မြန္အသင္းက ေတာင္းဆိုထားတဲ့ ေပါင္ ၁၀၈ သန္းကို ယူႏိုက္တက္အသင္းက ေပးေခ်လိုဖြယ္မရွိပဲ ေအဂ်က္က ဗန္ဒီဘိခ္ကို ေပါင္သန္း ၄၀ နဲ႔ ေခၚယူထားခဲ့ပါတယ္။

ယူႏိုက္တက္ ကစားသမားေဟာင္း ဖလက္ခ်ာက ပရီးမီးယားလိဂ္မွာ လီဗာပူးလ္ နဲ႔ မန္စီးတီးအသင္းကို လိုက္မီရန္အတြက္ ဆိုးလ္ရွားလိုအပ္တဲ့ ကစားသမားကို ဘုတ္အဖြဲ႕က အေျပာင္းအေရႊ႕ ေစ်းကြက္မွာ ေခၚယူေပးသင့္တယ္လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

“အိုလီေရာက္လာကတည္းက အခုသူလုပ္ထားတာေတြေၾကာင့္ သူလိုခ်င္တဲ့ ကစားသမားကို ေခၚယူႏိုင္သင့္ပါတယ္။ သူ႔ကို ေခၚယူေပးဖို႔ လိုအပ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီရာသီကုန္ စြမ္းေဆာင္ရည္က သူ႔အေပၚ ဆံုးျဖတ္မွာပါ။ သူအေနနဲ႔ (၃) ေယာက္ကေန (၅) ေယာက္အထိ လိုအပ္ပါတယ္။ ဘုတ္အဖြဲ႕က သူ႔ကို ကူညီဖို႔ လိုေနျပီ” လို႔ ဖလက္ခ်ာက စကိုင္းစေပါ့ သတင္းဌာနကို ေျပာသြားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ကာဗာနီ ၊လူကာဂ်ိဳဗစ္၊ အူစမန္နီဒမ္ဘီလီ နဲ႔ အဲလက္စ္တယ္လက္စ္တို႔ကို ဆက္သြယ္မႈေတြ လုပ္ထားတာ ျဖစ္ပါတယ္။