စမောလင်းကို ပြောင်းရွှေ့ကြေး ထပ်တိုးပြီး ကမ်းလှမ်းလိုက်လို့ ခေါ်ယူနိုင်တော့မယ့် ရိုးမားအသင်း

ယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့ညက ဆွေးနွေးမှုပြီးနောက် စမောလင်းကို ရိုးမားအသင်းထံ အပြီးသတ်ပြန်လည်ရောင်းချရန် နီးစပ်နေပြီ ဖြစ်ပါတယ်။ အီတလီကလပ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အသင်းဆီကို အငှားနဲ့ လာရောက်ကစားသွားတဲ့ နောက်ခံလူကို အပြီးသတ်ခေါ်ယူချင်နေပြီး ယူနိုက်တက်အသင်းဆီ ကြိမ်ဖန်များစွာ ကမ်းလှမ်းခဲ့ပါတယ်။

သတင်းများအရ ရိုးမားအသင်းဟာ နောက်ခံလူအတွက် ယူနိုက်တက်အသင်းက သတ်မှတ်ထားတဲ့ တန်ကြေးမပေးပဲ ပေါင် ၁၃.၅ သန်းပဲ ပေးရန် ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ သို့သော်လည်း The Athletic သတင်းဌာနက ဖော်ပြချက်အရ ယခုအခါ ယူနိုက်တက်အသင်းက လိုချင်တဲ့ ပေါင် ၁၈ သန်းနဲ့ ပေါင်သန်း ၂၀ ကြားပေးရန် သဘောတူညီမှု ရသွားပြီလို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ ဗဟိုနောက်ခံလူနေရာမှာ မက်ဂွဲရား၊ လင်ဒီလော့ဖ်၊ ဘာယီ ၊ တွမ်ဇီဘီ ၊ ဖီးလ်ဂျုံးစ်၊ ရိုဂျို နဲ့ စမောလင်း တို့ များစွာ ရှိနေတဲ့အတွက် စမောလင်းကို ထွက်ခွာခွင့်ပြုတာ ဖြစ်ပါတယ်။

ယူနိုက်တက်က နောက်ထပ် ထွက်ခွာဖွယ်ရှိတဲ့ကစားသမားကတော့ ရိုဂျို ဖြစ်တယ်လို့ သိရပါတယ်။ စမောလင်းကိုယ်တိုင်ကလည်း ရိုးမားအသင်းမှာ ပုံမှန်ကစားခွင့်ရခဲ့တဲ့အတွက် ပြန်သွားချင်နေတာ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ရိုးမားအသင်းအတွက် (၃၇) ပွဲကစားထားပြီး စီးရီးအေ အမှတ်ပေးဇယားမှာ အဆင့် (၅) နေရာမှာ ရပ်တည်အောင် ကူညီပေးထားပါတယ်။

စမောလင်းဟာ ယူနိုက်တက်အသင်းဆီ လွန်ခဲ့တဲ့ (၁၀) နှစ် ၂၀၁၀ ခုနှစ်ကတည်းက ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ သူဟာ ယူနိုက်တက်အသင်းအတွက် (၃၂၃) ပွဲကစားထားပြီး ပရီးမီးယားလိဂ်ဖလား (၂) ကြိမ်၊ အက်ဖ်အေဖလား (၁) ကြိမ် ၊ ကာရာဘောင်ဖလား (၁) ကြိမ် နဲ့ ယူရိုပါလိဂ်ဖလား (၁) ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

စေမာလင္းကို ေျပာင္းေရႊ႕ေၾကး ထပ္တိုးျပီး ကမ္းလွမ္းလုိက္လို႔ ေခၚယူႏိုင္ေတာ့မယ့္ ရုိးမားအသင္း

ယူႏိုက္တက္အသင္းဟာ ဗုဒၶဟူးေန႔ညက ေဆြးေႏြးမႈျပီးေနာက္ စေမာလင္းကို ရိုးမားအသင္းထံ အျပီးသတ္ျပန္လည္ေရာင္းခ်ရန္ နီးစပ္ေနျပီ ျဖစ္ပါတယ္။ အီတလီကလပ္အသင္းဟာ ျပီးခဲ့တဲ့ရာသီက အသင္းဆီကို အငွားနဲ႔ လာေရာက္ကစားသြားတဲ့ ေနာက္ခံလူကို အျပီးသတ္ေခၚယူခ်င္ေနျပီး ယူႏိုက္တက္အသင္းဆီ ၾကိမ္ဖန္မ်ားစြာ ကမ္းလွမ္းခဲ့ပါတယ္။

သတင္းမ်ားအရ ရိုးမားအသင္းဟာ ေနာက္ခံလူအတြက္ ယူႏိုက္တက္အသင္းက သတ္မွတ္ထားတဲ့ တန္ေၾကးမေပးပဲ ေပါင္ ၁၃.၅ သန္းပဲ ေပးရန္ ျပင္ဆင္ထားတာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း The Athletic သတင္းဌာနက ေဖာ္ျပခ်က္အရ ယခုအခါ ယူႏိုက္တက္အသင္းက လိုခ်င္တဲ့ ေပါင္ ၁၈ သန္းနဲ႔ ေပါင္သန္း ၂၀ ၾကားေပးရန္ သေဘာတူညီမႈ ရသြားျပီလို႔ သိရပါတယ္။ ယူႏိုက္တက္အသင္းဟာ ဗဟိုေနာက္ခံလူေနရာမွာ မက္ဂြဲရား၊ လင္ဒီေလာ့ဖ္၊ ဘာယီ ၊ တြမ္ဇီဘီ ၊ ဖီးလ္ဂ်ံဳးစ္၊ ရိုဂ်ိဳ နဲ႔ စေမာလင္း တို႔ မ်ားစြာ ရွိေနတဲ့အတြက္ စေမာလင္းကို ထြက္ခြာခြင့္ျပဳတာ ျဖစ္ပါတယ္။

ယူႏိုက္တက္က ေနာက္ထပ္ ထြက္ခြာဖြယ္ရွိတဲ့ကစားသမားကေတာ့ ရိုဂ်ိဳ ျဖစ္တယ္လို႔ သိရပါတယ္။ စေမာလင္းကိုယ္တိုင္ကလည္း ရိုးမားအသင္းမွာ ပံုမွန္ကစားခြင့္ရခဲ့တဲ့အတြက္ ျပန္သြားခ်င္ေနတာ ျဖစ္ပါတယ္။ အသက္ ၃၀ အရြယ္ကစားသမားဟာ ျပီးခဲ့တဲ့ရာသီက ရိုးမားအသင္းအတြက္ (၃၇) ပြဲကစားထားျပီး စီးရီးေအ အမွတ္ေပးဇယားမွာ အဆင့္ (၅) ေနရာမွာ ရပ္တည္ေအာင္ ကူညီေပးထားပါတယ္။

စေမာလင္းဟာ ယူႏိုက္တက္အသင္းဆီ လြန္ခဲ့တဲ့ (၁၀) ႏွစ္ ၂၀၁၀ ခုႏွစ္ကတည္းက ေရာက္ရွိလာခဲ့သူျဖစ္ပါတယ္။ သူဟာ ယူႏိုက္တက္အသင္းအတြက္ (၃၂၃) ပြဲကစားထားျပီး ပရီးမီးယားလိဂ္ဖလား (၂) ၾကိမ္၊ အက္ဖ္ေအဖလား (၁) ၾကိမ္ ၊ ကာရာေဘာင္ဖလား (၁) ၾကိမ္ နဲ႔ ယူရိုပါလိဂ္ဖလား (၁) ၾကိမ္တို႔ကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။