လန်ဒန်ကို ညစာ စားဖို့ ရောက်လာတာမဟုတ်တာကြောင့် အောင်မြင်မှုရယူသွားမယ်လို့ လှောင်ပြောင်မှုတွေကို တုံ့ပြန် သွားတဲ့ သီယာဂိုဆေးလ်ဗား


ချဲလ်ဆီးကို နွေရာသီအပြောင်းအရွှေ့မှာ ရောက်ရှိလာပြီးနောက် အသက်အရွယ်ကြောင့် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ရနိုင်တယ် ဆိုတဲ့ ဝေဖန်မှုတွေကို ချေဖျက်ဖို့အတွက် သီယာဂိုဆေးလ်ဗားအနေနဲ့ ကြိုးစားခဲ့ပေမယ့် ကစားခွင့်ရတဲ့ ဝက်စ်ဘရွန်းနဲ့ ပွဲမှာ အမှားတွေ ကျူးလွန်ခဲ့တာကြောင့် နည်းပြလမ်းပတ်ရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရပြီးချိန်မှာတော့ လန်ဒန်မြို့ကို ညစာစားဖို့ ရောက် လာတာမဟုတ်တာကြောင့် အောင်မြင်မှုရအောင် လုပ်ဆောင်သွားမယ်လို့ ပြန်လည် တုံ့ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။


အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ သီယာဂိုဆေးလ်ဗားဟာ ဝက်စ်ဘရွန်းနဲ့ သုံးဂိုးစီသရေကျခဲ့တဲ့ပွဲမှာ သူရဲ့အမှားကြောင့် ဝက်စ် ဘရွန်းရဲ့ သွင်းဂိုးတစ်ဂိုးကို ခွင့်ပြုပေးခဲ့ရပြီးနောက်မှာ စပါးနဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာတော့ အသင်းရဲ့ လူ စာရင်းမှာတောင် ပါဝင်ခွင့်မရခဲ့တာပဲ ဖြစ်ပါတယ်။ သတင်းဌာနတွေကတော့ သီယာဂိုဆေးလ်ဗားအနေနဲ့ အသက်အရွယ် ကြီးနေတာကြောင့် ချဲလ်ဆီးမှာ ရုန်းကန်ရနိုင်တယ်လို့ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။


ဒီလိုဝေဖန်မှုတွေကိုတော့ ချဲလ်ဆီးအသင်းရဲ့ တရားဝင်အစီအစဉ်တစ်ခုကနေ သီယာဂိုဆေးလ်ဗားက “ လန်ဒန်မြို့ကို ညစာ စားဖို့အတွက် ကျွန်တော်ရောက်လာတာမဟုတ်ပါဘူး။ ချဲလ်ဆီးနဲ့အတူ အောင်မြင်မှုတွေရယူသွားဖို့အတွက် လုပ် ဆောင်သွားမှာပါ။ ဒီလိုမျိုးဝေဖန်ခံရနိုင်တဲ့အချက်တွေကိုလည်း စဉ်းစားပြီးထားပါ။ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ကစားခဲ့ပြီး ချဲလ်ဆီးအတွက် ကစားပေးဖို့ အဆင်သင့် မဖြစ်သေးတာကြောင့်ပါ” ဆိုပြီး ပြန်လည်တုံ့ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။


ဝက်စ်ဘရွန်းနဲ့ သုံးဂိုးစီသရေကျတဲ့ပွဲအပြီးမှာ လမ်းပတ်က သီယာဂိုဆေးလ်ဗားကို ဝေဖန်မှုတွေပြုလုပ်ခဲ့တယ်ဆိုပေမယ့် သူရဲ့ အတွေ့အကြုံနဲ့ ဦးဆောင်မှုတွေက အသင်းအတွက် အကျိုးရှိစေမယ်လို့လည်း ပြောခဲ့ပါတယ်။ ချဲလ်ဆီးဟာ လာမယ့် စနေနေ့မှာ လန်ဒန်မြို့ခံအသင်းတစ်သင်းဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

လန္ဒန္ကို ညစာ စားဖို႔ ေရာက္လာတာမဟုတ္တာေၾကာင့္ ေအာင္ျမင္မႈရယူသြားမယ္လို႔ ေလွာင္ေျပာင္မႈေတြကို တံု႔ျပန္ သြားတဲ့ သီယာဂိုေဆးလ္ဗား
ခ်ဲလ္ဆီးကို ေႏြရာသီအေျပာင္းအေရႊ႕မွာ ေရာက္ရွိလာၿပီးေနာက္ အသက္အရြယ္ေၾကာင့္ ေျခစြမ္းျပႏိုင္ဖို႔ ရုန္းကန္ရႏိုင္တယ္ ဆိုတဲ့ ေဝဖန္မႈေတြကို ေခ်ဖ်က္ဖို႔အတြက္ သီယာဂိုေဆးလ္ဗားအေနနဲ႔ ၾကိဳးစားခဲ့ေပမယ့္ ကစားခြင့္ရတဲ့ ဝက္စ္ဘရြန္းနဲ႔ ပြဲမွာ အမွားေတြ က်ဴးလြန္ခဲ့တာေၾကာင့္ နည္းျပလမ္းပတ္ရဲ႕ ေဝဖန္ျခင္းကို ခံခဲ့ရၿပီးခ်ိန္မွာေတာ့ လန္ဒန္ျမိဳ႕ကို ညစာစားဖို႔ ေရာက္ လာတာမဟုတ္တာေၾကာင့္ ေအာင္ျမင္မႈရေအာင္ လုပ္ေဆာင္သြားမယ္လို႔ ျပန္လည္ တံု႔ျပန္ခဲ့တာပဲ ျဖစ္ပါတယ္။
အသက္ ၃၆ ႏွစ္ရွိၿပီျဖစ္တဲ့ သီယာဂိုေဆးလ္ဗားဟာ ဝက္စ္ဘရြန္းနဲ႔ သံုးဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ သူရဲ႕အမွားေၾကာင့္ ဝက္စ္ ဘရြန္းရဲ႕ သြင္းဂိုးတစ္ဂိုးကို ခြင့္ျပဳေပးခဲ့ရၿပီးေနာက္မွာ စပါးနဲ႔ ကစားခဲ့တဲ့ ကာရာေဘာင္းဖလားပြဲစဥ္မွာေတာ့ အသင္းရဲ႕ လူ စာရင္းမွာေတာင္ ပါဝင္ခြင့္မရခဲ့တာပဲ ျဖစ္ပါတယ္။ သတင္းဌာနေတြကေတာ့ သီယာဂိုေဆးလ္ဗားအေနနဲ႔ အသက္အရြယ္ ၾကီးေနတာေၾကာင့္ ခ်ဲလ္ဆီးမွာ ရုန္းကန္ရႏိုင္တယ္လို႔ ေဖာ္ျပခဲ့ၾကတာ ျဖစ္ပါတယ္။
ဒီလိုေဝဖန္မႈေတြကိုေတာ့ ခ်ဲလ္ဆီးအသင္းရဲ႕ တရားဝင္အစီအစဥ္တစ္ခုကေန သီယာဂိုေဆးလ္ဗားက “ လန္ဒန္ျမိဳ႕ကို ညစာ စားဖို႔အတြက္ ကြ်န္ေတာ္ေရာက္လာတာမဟုတ္ပါဘူး။ ခ်ဲလ္ဆီးနဲ႔အတူ ေအာင္ျမင္မႈေတြရယူသြားဖို႔အတြက္ လုပ္ ေဆာင္သြားမွာပါ။ ဒီလိုမ်ိဳးေဝဖန္ခံရႏိုင္တဲ့အခ်က္ေတြကိုလည္း စဥ္းစားၿပီးထားပါ။ ပီအက္စ္ဂ်ီနဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ ကစားခဲ့ၿပီး ခ်ဲလ္ဆီးအတြက္ ကစားေပးဖို႔ အဆင္သင့္ မျဖစ္ေသးတာေၾကာင့္ပါ” ဆိုၿပီး ျပန္လည္တံု႔ျပန္ခဲ့တာပဲ ျဖစ္ပါတယ္။
ဝက္စ္ဘရြန္းနဲ႔ သံုးဂိုးစီသေရက်တဲ့ပြဲအၿပီးမွာ လမ္းပတ္က သီယာဂိုေဆးလ္ဗားကို ေဝဖန္မႈေတြျပဳလုပ္ခဲ့တယ္ဆိုေပမယ့္ သူရဲ႕ အေတြ႕အၾကံဳနဲ႔ ဦးေဆာင္မႈေတြက အသင္းအတြက္ အက်ိဳးရွိေစမယ္လို႔လည္း ေျပာခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ လာမယ့္ စေနေန႔မွာ လန္ဒန္ျမိဳ႕ခံအသင္းတစ္သင္းျဖစ္တဲ့ ခရစၥတယ္ပဲေလ့စ္ကို အိမ္ကြင္းမွာ လက္ခံကစားရမွာပဲ ျဖစ္ပါတယ္။