ကယ်လ်ဗက် လီဝင်ရဲ့ အချိန်ရောက်ပြီလို့ ဆိုပြီး ဟက်ထရစ်ရခဲ့သူကို ချီးကျူးခဲ့တဲ့ အဲဗာတန်နည်းပြ အန်ဆယ်လော့တီ


ပြီးခဲ့တဲ့နေ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ဝက်စ်ဟမ်းကို လေးဂိုးတစ်ဂိုးနဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ အဲဗာတန်နည်းပြ အန်ဆယ် လော့တီက ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ကယ်လ်ဗက်လီဝင်ကို ချီးကျူးခဲ့ပြီး သူရဲ့ခြေစွမ်းပြတဲ့အချိန်ကို ရောက်လာခဲ့ပြီလို့ ချီးကျူးခဲ့ပါတယ်။ ဒီရာသီကစားခဲ့တဲ့ ပြိုင်ပွဲစုံမှာ ကယ်လ်ဗက်လီဝင်အနေနဲ့ ၈ ဂိုးသွင်းယူထားနိုင်တာဖြစ်ပြီး ဟက်ထရစ် နှစ်ကြိမ် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဝက်စ်ဟမ်းကို အနိုင်ရတဲ့ပွဲအပြီးမှာတော့ အဲဗာတန်နည်းပြ အန်ဆယ်လော့တီက အသက် ၂၃ နှစ်သာရှိသေးပြီး ခြေစွမ်းပြ နေတဲ့ ကယ်လ်ဗက်လီဝင်ကို အင်္ဂလန်နည်းပြ ဆောက်ဂိတ်အနေနဲ့ လာမယ့်နိုင်ငံတကာပွဲစဉ်တွေမှာ ခေါ်ယူအသုံးပြုဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ခြေစွမ်းပြနေတဲ့ ကယ်လ်ဗင်လီဝင် ကလည်း အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ် ခံရဖို့က သူရဲ့အိပ်မက်တစ်ခု ဖြစ်ကြောင်းပြောခဲ့ပါတယ်။


ကယ်လ်ဗက်လီဝင်က “ ကျွန်တော်အနေနဲ့ အကြိမ်များစွာပြောခဲ့ဖူးပါတယ်။ အင်္ဂလန်အသင်းမှာ ကစားခွင့်ရဖို့ကကျွန်တော် ရဲ့ အိပ်မက်ပါ။ လက်ရှိမှာ ခြေစွမ်းပြနိုင်နေတာကြောင့် အင်္ဂလန်အသင်းမှာ ရွေးချယ်ခံရနိုင်တယ်ဆိုတဲ့ သတင်းတွေထွက် နေလို့ ပျော်ရွှင်မိပါတယ်။ အင်္ဂလန်အသင်းမှာ ရွေးချယ်ခံရမယ်ဆိုရင် ကျွန်တော်ရဲ့ကစားသမားဘဝမှာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ” လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။


ဆက်လက်ပြီး ကယ်လ်ဗက်လီဝင်က အဲဗာတန်အသင်းအနေနဲ့ နည်းပြ အန်ဆယ်လော့တီရဲ့လက်အောက်မှာ အကောင်း ဆုံး ပုံစံရနေပြီး နွေရာသီအပြောင်းအရွှေ့မှာ ရောက်ရှိလာတဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်ကလည်း ကမ္ဘာ့အဆင့် ကစားသမားတစ် ယောက်ဖြစ်ကြောင်းပြောခဲ့ပါတယ်။ အဲဗာတန်ဟာ ဒီရာသီပြိုင်ပွဲစုံ ၆ ပွဲဆက် အနိုင်ရရှိအောင် ကစားထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

zawgyi version

ကယ္လ္ဗက္ လီဝင္ရဲ႕ အခ်ိန္ေရာက္ၿပီလို႔ ဆိုၿပီး ဟက္ထရစ္ရခဲ့သူကို ခ်ီးက်ဴးခဲ့တဲ့ အဲဗာတန္နည္းျပ အန္ဆယ္ေလာ့တီ
ၿပီးခဲ့တဲ့ေန႔ ကာရာေဘာင္းဖလားပြဲစဥ္မွာ ဝက္စ္ဟမ္းကို ေလးဂိုးတစ္ဂိုးနဲ႔ အႏိုင္ရတဲ့ပြဲအၿပီးမွာ အဲဗာတန္နည္းျပ အန္ဆယ္ ေလာ့တီက ဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့ ကယ္လ္ဗက္လီဝင္ကို ခ်ီးက်ဴးခဲ့ၿပီး သူရဲ႕ေျခစြမ္းျပတဲ့အခ်ိန္ကို ေရာက္လာခဲ့ၿပီလို႔ ခ်ီးက်ဴးခဲ့ပါတယ္။ ဒီရာသီကစားခဲ့တဲ့ ၿပိဳင္ပြဲစံုမွာ ကယ္လ္ဗက္လီဝင္အေနနဲ႔ ၈ ဂိုးသြင္းယူထားႏိုင္တာျဖစ္ၿပီး ဟက္ထရစ္ ႏွစ္ၾကိမ္ ရရွိခဲ့သူလည္း ျဖစ္ပါတယ္။
ဝက္စ္ဟမ္းကို အႏိုင္ရတဲ့ပြဲအၿပီးမွာေတာ့ အဲဗာတန္နည္းျပ အန္ဆယ္ေလာ့တီက အသက္ ၂၃ ႏွစ္သာရွိေသးၿပီး ေျခစြမ္းျပ ေနတဲ့ ကယ္လ္ဗက္လီဝင္ကို အဂၤလန္နည္းျပ ေဆာက္ဂိတ္အေနနဲ႔ လာမယ့္ႏိုင္ငံတကာပြဲစဥ္ေတြမွာ ေခၚယူအသံုးျပဳဖို႔ တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။ ေျခစြမ္းျပေနတဲ့ ကယ္လ္ဗင္လီဝင္ ကလည္း အဂၤလန္လက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ ခံရဖို႔က သူရဲ႕အိပ္မက္တစ္ခု ျဖစ္ေၾကာင္းေျပာခဲ့ပါတယ္။
ကယ္လ္ဗက္လီဝင္က “ ကြ်န္ေတာ္အေနနဲ႔ အၾကိမ္မ်ားစြာေျပာခဲ့ဖူးပါတယ္။ အဂၤလန္အသင္းမွာ ကစားခြင့္ရဖို႔ကကြ်န္ေတာ္ ရဲ႕ အိပ္မက္ပါ။ လက္ရွိမွာ ေျခစြမ္းျပႏိုင္ေနတာေၾကာင့္ အဂၤလန္အသင္းမွာ ေရြးခ်ယ္ခံရႏိုင္တယ္ဆိုတဲ့ သတင္းေတြထြက္ ေနလို႔ ေပ်ာ္ရႊင္မိပါတယ္။ အဂၤလန္အသင္းမွာ ေရြးခ်ယ္ခံရမယ္ဆိုရင္ ကြ်န္ေတာ္ရဲ႕ကစားသမားဘဝမွာ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီ” လို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။
ဆက္လက္ၿပီး ကယ္လ္ဗက္လီဝင္က အဲဗာတန္အသင္းအေနနဲ႔ နည္းျပ အန္ဆယ္ေလာ့တီရဲ႕လက္ေအာက္မွာ အေကာင္း ဆံုး ပံုစံရေနၿပီး ေႏြရာသီအေျပာင္းအေရႊ႕မွာ ေရာက္ရွိလာတဲ့ ဂ်ိမ္းရိုဒရီဂြတ္ဇ္ကလည္း ကမၻာ့အဆင့္ ကစားသမားတစ္ ေယာက္ျဖစ္ေၾကာင္းေျပာခဲ့ပါတယ္။ အဲဗာတန္ဟာ ဒီရာသီၿပိဳင္ပြဲစံု ၆ ပြဲဆက္ အႏိုင္ရရွိေအာင္ ကစားထားႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။