ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက မာတာကို ချီးကျူးခဲ့သလို မာတာကလည်း ဗန်ဒီဘိတ်ခ် ကို ချီးကျူးခဲ့


ပြီးခဲ့တဲ့အပတ်တုန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အငြင်းပွားဖွယ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဘရိုက်တန်ကို ကာရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ အရန်ကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့ပေမယ့် ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ အိမ်ကွင်းဆိုရင် ခြေစွမ်းပြလေ့ရှိတဲ့ ဘရိုက်တန်ကြောင့် ယူနိုက်တက်အနေနဲ့ အဖွင့်ဂိုးရဖို့ ရုန်းကန်ခဲ့ရပေမယ့် ပွဲအပြီးမှာ တော့ သုံးဂိုးပြတ်နဲ့ အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။


အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေတဲ့ မာတာအနေနဲ့ ဘရိုက်တန်ကို အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်အတွက် ပွဲထွက် ကစားခွင့်ရခဲ့ပြီး အနိုင်ဂိုးတစ်ဂိုးသွင်းယူခဲ့သလို ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။ မာ တာဟာ ဘရိုက်တန်နဲ့ပွဲမှာ အနိုင်ဂိုးတစ်ဂိုးသွင်းယူခဲ့တာကြောင့် သူအနေနဲ့ ယူနိုက်တက်အတွက် သွင်းဂိုး ၅၀ မြောက်ကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက “ မာတာအနေနဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါ တယ်။ အသင်းရဲ့တိုက်စစ်နဲ့ ခံစစ်ကို ဟန်ချက်ညီအောင် ထိန်းကျောင်းနိုင်ခဲ့ပါတယ်။ သူအနေနဲ့ ဒီလိုကစားနိုင်ခဲ့တာကို ကျွန်တော်အနေနဲ့ အံသြမှု မဖြစ်ပါဘူး။ မာတာအနေနဲ့ ကစားခွင့်ရတဲ့အချိန်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်မယ်လို့ ယုံကြည် မှု ရှိပြီးသားပါ” လို့ ပြောခဲ့ပါတယ်။

ဘရိုက်တန်နဲ့ ဖလားပွဲမှာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်မှာ အဓိက,ကစားသမားတွေဖြစ်တဲ့ ဖာနန်ဒက်စ်နဲ့ ပေါ့ဘာတို့ ပွဲထွက် မကစားခဲ့ဘဲ အေဂျက်ကနေ ပြောင်းလာတဲ့ ဗန်ဒီဘိတ်ခ်က ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ဗန်ဒီဘိတ်ခ်အနေနဲ့ အသင်းရဲ့ ကွင်းလယ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး မာတာရဲ့ သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာကြောင့် မာတာက ဗန်ဒီဘိတ်ခ်က ထူးချွန် တဲ့ ကစားသမားတစ်ယောက်လို့ ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက မာတာကို ခ်ီးက်ဴးခဲ့သလို မာတာကလည္း ဗန္ဒီဘိတ္ခ္ ကို ခ်ီးက်ဴးခဲ့
ၿပီးခဲ့တဲ့အပတ္တုန္းက ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အျငင္းပြားဖြယ္ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ဘရိုက္တန္ကို ကာရာေဘာင္းဖလား စတုတၳအဆင့္ပြဲစဥ္မွာေတာ့ ယူႏိုက္တက္ဟာ အရန္ကစားသမားအမ်ားစုနဲ႔ ပြဲထြက္လာခဲ့ေပမယ့္ ဂိုးျပတ္အႏိုင္ရခဲ့ပါတယ္။ အိမ္ကြင္းဆိုရင္ ေျခစြမ္းျပေလ့ရွိတဲ့ ဘရိုက္တန္ေၾကာင့္ ယူႏိုက္တက္အေနနဲ႔ အဖြင့္ဂိုးရဖို႔ ရုန္းကန္ခဲ့ရေပမယ့္ ပြဲအၿပီးမွာ ေတာ့ သံုးဂိုးျပတ္နဲ႔ အႏိုင္ရခဲ့တာပဲ ျဖစ္ပါတယ္။
အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေနတဲ့ မာတာအေနနဲ႔ ဘရိုက္တန္ကို အႏိုင္ရတဲ့ပြဲမွာ ယူႏိုက္တက္အတြက္ ပြဲထြက္ ကစားခြင့္ရခဲ့ၿပီး အႏိုင္ဂိုးတစ္ဂိုးသြင္းယူခဲ့သလို ပြဲရဲ႕အေကာင္းဆံုးကစားသမားဆုကိုလည္း ရရွိခဲ့တယ္လို႔ သိရပါတယ္။ မာ တာဟာ ဘရိုက္တန္နဲ႔ပြဲမွာ အႏိုင္ဂိုးတစ္ဂိုးသြင္းယူခဲ့တာေၾကာင့္ သူအေနနဲ႔ ယူႏိုက္တက္အတြက္ သြင္းဂိုး ၅၀ ေျမာက္ကို သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက “ မာတာအေနနဲ႔ အေကာင္းဆံုးစြမ္းေဆာင္ရည္ကို ျပသႏိုင္ခဲ့ပါ တယ္။ အသင္းရဲ႕တိုက္စစ္နဲ႔ ခံစစ္ကို ဟန္ခ်က္ညီေအာင္ ထိန္းေက်ာင္းႏိုင္ခဲ့ပါတယ္။ သူအေနနဲ႔ ဒီလိုကစားႏိုင္ခဲ့တာကို ကြ်န္ေတာ္အေနနဲ႔ အံၾသမႈ မျဖစ္ပါဘူး။ မာတာအေနနဲ႔ ကစားခြင့္ရတဲ့အခ်ိန္မွာ အေကာင္းဆံုးေျခစြမ္းျပႏိုင္မယ္လို႔ ယံုၾကည္ မႈ ရွိၿပီးသားပါ” လို႔ ေျပာခဲ့ပါတယ္။
ဘရိုက္တန္နဲ႔ ဖလားပြဲမွာ ယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္မွာ အဓိက,ကစားသမားေတြျဖစ္တဲ့ ဖာနန္ဒက္စ္နဲ႔ ေပါ့ဘာတို႔ ပြဲထြက္ မကစားခဲ့ဘဲ ေအဂ်က္ကေန ေျပာင္းလာတဲ့ ဗန္ဒီဘိတ္ခ္က ပြဲထြက္ခြင့္ရခဲ့ပါတယ္။ ဗန္ဒီဘိတ္ခ္အေနနဲ႔ အသင္းရဲ႕ ကြင္းလယ္မွာ ေျခစြမ္းျပႏိုင္ခဲ့ၿပီး မာတာရဲ႕ သြင္းဂိုးကိုလည္း ဖန္တီးေပးႏုိင္ခဲ့တာေၾကာင့္ မာတာက ဗန္ဒီဘိတ္ခ္က ထူးခြ်န္ တဲ့ ကစားသမားတစ္ေယာက္လို႔ ခ်ီးက်ဴးခဲ့တာပဲ ျဖစ္ပါတယ္။