ချဲလ်ဆီးကွင်းလယ်လူ ဘာကာယိုကို ကို အငှားနဲ့ ခေါ်ယူမယ့် ပီအက်စ်ဂျီအသင်း

ပီအက်စ်ဂျီအသင်းဟာ ချဲလ်ဆီးကွင်းလယ်လူ ဘာကာယိုကိုကို အငှားနဲ့ ခေါ်ယူရန် ဆွေးနွေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဘာကာယိုကိုဟာ ၂၀၁၈ ခုနှစ်ကတည်းက ချဲလ်ဆီးအသင်းမှာ ကစားခွင့်မရတော့ပဲ မိုနာကို နဲ့ အေစီမီလန် အသင်းတို့ထံ အငှားနဲ့ သွားရောက်ကစားနေရပြီး နည်းပြလမ်းပတ်ကလည်း အသက် ၂၆ နှစ်အရွယ်ကစားသမားကို လျော့ချချင်နေတာ ဖြစ်ပါတယ်။

Goal သတင်းဌာနက ဖော်ပြချက်အရ အေစီမီလန်အသင်းက ဘာကာယိုကိုကို အပြီးသတ်ခေါ်ယူရန် မျှော်လင့်နေသော်လည်း ချဲလ်ဆီးအသင်းက တောင်းဆိုတဲ့ ဈေးကြောင့် လက်လျော့ဖွယ်ရှိနေပြီး ပီအက်စ်ဂျီအသင်းက ရေပန်းစားလာတာလို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ အားကစားဒါရိုက်တာဟာ ဘာကာယိုကို ကို တစ်နှစ်အငှားနဲ့ ခေါ်ယူပြီး အပြီးသတ်ဝယ်ယူခွင့်ကိုလည်း ထည့်သွင်းချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကတော့ ဘာကာယိုကို ကို တစ်နှစ် ပေါင် ၂.၇၅ သန်းနဲ့ အငှားချချင်ပေမယ့် တစ်ခါတည်း ရောင်းချင်နေတာပါ။

ပီအက်စ်ဂျီအသင်းဟာ ချဲလ်ဆီးအသင်းကနောက်ခံလူ ရူဒီဂါကိုလည်း ဆက်သွယ်နေပေမယ့် အခုအချိန်အထိ ဘာသတင်းမှာ ထပ်မထွက်လာသေးဘူး ဖြစ်ပါတယ်။ ဘာကာယိုကိုကို ချဲလ်ဆီးအသင်းဟာ ၂၀၁၇ ခုနှစ်က နည်းပြကွန်တီလက်ထက်မှာတုန်းက မိုနာကိုအသင်းဆီကနေ ခေါ်ယူခဲ့တာဖြစ်ပေမယ့် သူဟာ ရုန်းကန်ခဲ့ရပါတယ်။ နည်းပြဆာရီလက်ထက်မှာတော့ သူဟာ အေစီမီလန်အသင်းဆီကို အငှားသွားရောက်ကစားခဲ့ရတာ ဖြစ်ပါတယ်။

ခ်ဲလ္ဆီးကြင္းလယ္လူ ဘာကာယိုကို ကို အငွားနဲ႔ ေခၚယူမယ့္ ပီအက္စ္ဂ်ီအသင္း

ပီအက္စ္ဂ်ီအသင္းဟာ ခ်ဲလ္ဆီးကြင္းလယ္လူ ဘာကာယိုကိုကို အငွားနဲ႔ ေခၚယူရန္ ေဆြးေႏြးေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ဘာကာယိုကိုဟာ ၂၀၁၈ ခုႏွစ္ကတည္းက ခ်ဲလ္ဆီးအသင္းမွာ ကစားခြင့္မရေတာ့ပဲ မိုနာကို နဲ႔ ေအစီမီလန္ အသင္းတို႔ထံ အငွားန႔ဲ သြားေရာက္ကစားေနရျပီး  နည္းျပလမ္းပတ္ကလည္း အသက္ ၂၆ ႏွစ္အရြယ္ကစားသမားကို ေလ်ာ့ခ်ခ်င္ေနတာ ျဖစ္ပါတယ္။

Goal သတင္းဌာနက ေဖာ္ျပခ်က္အရ ေအစီမီလန္အသင္းက ဘာကာယိုကိုကို အျပီးသတ္ေခၚယူရန္ ေမွ်ာ္လင့္ေနေသာ္လည္း ခ်ဲလ္ဆီးအသင္းက ေတာင္းဆိုတဲ့ ေစ်းေၾကာင့္ လက္ေလ်ာ့ဖြယ္ရွိေနျပီး ပီအက္စ္ဂ်ီအသင္းက ေရပန္းစားလာတာလို႔ သိရပါတယ္။ ပီအက္စ္ဂ်ီအသင္းရဲ႕ အားကစားဒါရိုက္တာဟာ ဘာကာယိုကို ကို တစ္ႏွစ္အငွားနဲ႔ ေခၚယူျပီး အျပီးသတ္၀ယ္ယူခြင့္ကိုလည္း ထည့္သြင္းခ်ဳပ္ဆိုသြားမွာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းကေတာ့ ဘာကာယိုကို ကို တစ္ႏွစ္ ေပါင္ ၂.၇၅ သန္းနဲ႔ အငွားခ်ခ်င္ေပမယ့္ တစ္ခါတည္း ေရာင္းခ်င္ေနတာပါ။

ပီအက္စ္ဂ်ီအသင္းဟာ ခ်ဲလ္ဆီးအသင္းကေနာက္ခံလူ ရူဒီဂါကိုလည္း ဆက္သြယ္ေနေပမယ့္ အခုအခ်ိန္အထိ ဘာသတင္းမွာ ထပ္မထြက္လာေသးဘူး ျဖစ္ပါတယ္။ ဘာကာယိုကိုကို ခ်ဲလ္ဆီးအသင္းဟာ ၂၀၁၇ ခုႏွစ္က နည္းျပကြန္တီလက္ထက္မွာတုန္းက မိုနာကိုအသင္းဆီကေန ေခၚယူခဲ့တာျဖစ္ေပမယ့္ သူဟာ ရုန္းကန္ခဲ့ရပါတယ္။ နည္းျပဆာရီလက္ထက္မွာေတာ့ သူဟာ ေအစီမီလန္အသင္းဆီကို အငွားသြားေရာက္ကစားခဲ့ရတာ ျဖစ္ပါတယ္။