ဟာဇက် နောက်ထပ် (၂) ပတ် အနားယူရဦးမယ်လို့ ရီးရဲလ်မက်ဒရစ်အသင်း အတည်ပြု

တောင်ပံတိုက်စစ်ကစားသမား ဟာဇက်ဟာ ခြေထောက်ကြွက်သားဒဏ်ရာပြဿနာကြောင့် အနားယူဦးမယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းက အတည်ပြုသွားခဲ့ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်ကြယ်ပွင့်ဟာ ဘာနေဗျူးကို ရောက်လာကတည်းက ပြီးခဲ့တဲ့တစ်ရာသီစလုံး ဒဏ်ရာပြဿာနာတွေနဲ့ လုံးပမ်းနေခဲ့ရလို့ ရုန်းကန်နေခဲ့ရပြီး (၁) ဂိုးသွင်းပဲ သွင်းပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ ရီးရဲလ်မက်ဒရစ်အသင်း ပြီးခဲ့တဲ့ သြဂုတ်လက မန်စီးတီး နဲ့ ချန်ပီယံလိဂ်ပွဲကတည်းက ပါဝင်ကစားနိုင်ခြင်းမရှိခဲ့သူဖြစ်ပြီး ဒီရာသီ စပိန်လာလီဂါအဖွင့်ပွဲ (၂) ပွဲကိုလည်း လွဲချော်ခဲ့ပါတယ်။ အစောပိုင်းတုန်းက ဗုဒ္ဓဟူးနေ့ည ကစားမယ့် ဗယ်လာဒိုးလစ် နဲ့ ပွဲမှာ ဟာဇက်ပြန်ပါလာနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ထပ် ဒဏ်ရာပြဿနာကြောင့် အနည်းဆုံး (၂) ပတ်လောက် လွဲချော်ဦးမယ်လို့ အသင်းက သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“ဟာဇက်ကို ရီးရဲလ်မက်ဒရစ်အသင်းဆေးအဖွဲ့က ဒီနေ့ စစ်ဆေးချက်အရ သူ့ရဲ့ ညာဘက်ခြေထောက်မှာ ကြွက်သားဒဏ်ရာ ရှိတယ်လို့ တွေ့ရပါတယ်”လို့ ရီးရဲလ်မက်ဒရစ်အသင်းက သူတို့ရဲ့ ဝက်ဘ်ဆိုဒ်မှာ ကြေညာခဲ့ပါတယ်။ ဟာဇက်ဟာ ရာသီမစတင်ခင်တုန်းကလည်း ဝိတ်တက်နေတယ်ဆိုပြီး ဝေဖန်ခြင်းခံခဲ့ရပါသေးတယ်။

ဟာဇက္ ေနာက္ထပ္ (၂) ပတ္ အနားယူရဦးမယ္လို႔ ရီးရဲလ္မက္ဒရစ္အသင္း အတည္ျပဳ

ေတာင္ပံတိုက္စစ္ကစားသမား ဟာဇက္ဟာ ေျခေထာက္ၾကြက္သားဒဏ္ရာျပႆနာေၾကာင့္ အနားယူဦးမယ္လို႔ ရီးရဲလ္မက္ဒရစ္အသင္းက အတည္ျပဳသြားခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံလက္ေရြးစင္ၾကယ္ပြင့္ဟာ ဘာေနဗ်ဴးကို ေရာက္လာကတည္းက ျပီးခဲ့တဲ့တစ္ရာသီစလံုး ဒဏ္ရာျပႆာနာေတြနဲ႔ လံုးပမ္းေနခဲ့ရလို႔ ရုန္းကန္ေနခဲ့ရျပီး (၁) ဂိုးသြင္းပဲ သြင္းေပးႏိုင္ခဲ့သူ ျဖစ္ပါတယ္။

သူဟာ ရီးရဲလ္မက္ဒရစ္အသင္း ျပီးခဲ့တဲ့ ၾသဂုတ္လက မန္စီးတီး နဲ႔ ခ်န္ပီယံလိဂ္ပြဲကတည္းက ပါ၀င္ကစားႏိုင္ျခင္းမရွိခဲ့သူျဖစ္ျပီး ဒီရာသီ စပိန္လာလီဂါအဖြင့္ပြဲ (၂) ပြဲကိုလည္း လြဲေခ်ာ္ခဲ့ပါတယ္။ အေစာပိုင္းတုန္းက ဗုဒၶဟူးေန႔ည ကစားမယ့္ ဗယ္လာဒိုးလစ္ နဲ႔ ပြဲမွာ ဟာဇက္ျပန္ပါလာႏိုင္ဖြယ္ရွိတယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ ေနာက္ထပ္ ဒဏ္ရာျပႆနာေၾကာင့္ အနည္းဆံုး (၂) ပတ္ေလာက္ လြဲေခ်ာ္ဦးမယ္လို႔ အသင္းက သတင္းထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

“ဟာဇက္ကို ရီးရဲလ္မက္ဒရစ္အသင္းေဆးအဖြဲ႕က ဒီေန႔ စစ္ေဆးခ်က္အရ သူ႔ရဲ႕ ညာဘက္ေျခေထာက္မွာ ၾကြက္သားဒဏ္ရာ ရွိတယ္လို႔ ေတြ႔ရပါတယ္”လို႔ ရီးရဲလ္မက္ဒရစ္အသင္းက သူတို႔ရဲ႕ ၀က္ဘ္ဆုိဒ္မွာ ေၾကညာခဲ့ပါတယ္။ ဟာဇက္ဟာ ရာသီမစတင္ခင္တုန္းကလည္း ၀ိတ္တက္ေနတယ္ဆိုျပီး ေ၀ဖန္ျခင္းခံခဲ့ရပါေသးတယ္။