ချဲလ်ဆီးအသင်းကွင်းလယ်လူ ဒရင့်ဝါးတား ကို အငှားနဲ့ ခေါ်ယူချင်နေတဲ့ ဗလင်စီယာအသင်း

ဗလင်စီယာအသင်းဟာ ချဲလ်ဆီးအသင်းရဲ့ အမေ့ခံ ကစားသမား ဒရင့်ဝါးတားကို အငှားနဲ့ ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပေါင် ၃၅ သန်းတန် ကွင်းလယ်ကစားသမားဟာ ချဲလ်ဆီးအသင်းအတွက် ပြီးခဲ့တဲ့ (၂) ရာသီစလုံးကစားခွင့်မရခဲ့ပဲ ဘန်လေ နဲ့ အက်စတန်ဗီလာအသင်းတို့ဆီမှာ အငှားနဲ့ သွားရောက်ကစားခဲ့သူဖြစ်ပါတယ်။

စပိန်လာလီဂါ အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းက ခေါ်ယူခဲ့တဲ့ ချဲလ်ဆီးအသင်းဆီကနေ ဒရင့်ဝါးတားကို ခေါ်ယူချင်နေတာဖြစ်တယ်လို့ SportWitness က ဖော်ပြချက်အရ သိခဲ့ရပါတယ်။ ဗလင်စီယာအသင်းဟာ ဒီအပြောင်းအရွှေ့ရာသီမှာ အသင်းက ပထမကစားသမားအများအပြားကို ထုတ်ရောင်းခဲ့ရတဲ့ အသင်းဖြစ်ပါတယ်။

ရိုဒရီဂိုကို လိဒ်အသင်းဆီ ပေါင် ၃၅ သန်း၊ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ပါရဲဂျို၊ ကိုကွီလင် နဲ့ ဖာရန်တောရက်စ်တို့ ကိုလည်း ရောင်းချခဲ့ပါတယ်။ သတင်းများအရ ဗလင်စီယာအသင်းဟာ ဒရင့်ဝါးတားကို ချဲလ်ဆီးအသင်းနဲ့ လစာ အချိုးကျ ခွဲဝေပြီး အငှားနဲ့ ခေါ်ချင်နေတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အသင်းရဲ့ ကစားသမား ဘာကလေကို အက်စတွန်ဗီလာအသင်းဆီ အငှားချထားပြီဖြစ်လို့ ဒရင့်ဝါးတားကိုလည်း ထပ်ပြီး အငှားချင်သွားဦးမှာဖြစ်ပါတယ်။

ခ်ဲလ္ဆီးအသင္းကြင္းလယ္လူ ဒရင့္၀ါးတား ကို အငွားနဲ႔ ေခၚယူခ်င္ေနတဲ့ ဗလင္စီယာအသင္း

ဗလင္စီယာအသင္းဟာ ခ်ဲလ္ဆီးအသင္းရဲ႕ အေမ့ခံ ကစားသမား ဒရင့္၀ါးတားကို အငွားနဲ႔ ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ေပါင္ ၃၅ သန္းတန္ ကြင္းလယ္ကစားသမားဟာ ခ်ဲလ္ဆီးအသင္းအတြက္ ျပီးခဲ့တဲ့ (၂) ရာသီစလံုးကစားခြင့္မရခဲ့ပဲ ဘန္ေလ နဲ႔ အက္စတန္ဗီလာအသင္းတို႔ဆီမွာ အငွားနဲ႔ သြားေရာက္ကစားခဲ့သူျဖစ္ပါတယ္။

စပိန္လာလီဂါ အသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံ လက္စတာအသင္းက ေခၚယူခဲ့တဲ့ ခ်ဲလ္ဆီးအသင္းဆီကေန ဒရင့္၀ါးတားကို ေခၚယူခ်င္ေနတာျဖစ္တယ္လို႔ SportWitness က ေဖာ္ျပခ်က္အရ သိခဲ့ရပါတယ္။ ဗလင္စီယာအသင္းဟာ ဒီအေျပာင္းအေရႊ႕ရာသီမွာ အသင္းက ပထမကစားသမားအမ်ားအျပားကို ထုတ္ေရာင္းခဲ့ရတဲ့ အသင္းျဖစ္ပါတယ္။

ရိုဒရီဂိုကို လိဒ္အသင္းဆီ ေပါင္ ၃၅ သန္း၊ ကြင္းလယ္ကစားသမားေတြျဖစ္တဲ့ ပါရဲဂ်ိဳ၊ ကိုကြီလင္ နဲ႔ ဖာရန္ေတာရက္စ္တို႔ ကိုလည္း ေရာင္းခ်ခဲ့ပါတယ္။ သတင္းမ်ားအရ ဗလင္စီယာအသင္းဟာ ဒရင့္၀ါးတားကို ခ်ဲလ္ဆီးအသင္းနဲ႔ လစာ အခ်ိဳးက် ခြဲေ၀ျပီး အငွားနဲ႔ ေခၚခ်င္ေနတာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ အသင္းရဲ႕ ကစားသမား ဘာကေလကို အက္စတြန္ဗီလာအသင္းဆီ အငွားခ်ထားျပီျဖစ္လို႔ ဒရင့္၀ါးတားကိုလည္း ထပ္ျပီး အငွားခ်င္သြားဦးမွာျဖစ္ပါတယ္။