ပေါင် ၅၄ သန်းတန် အင်တာမီလန်နောက်ခံလူ စခရီနီယာကို ခေါ်ယူရန် ဖူလ်ဟမ်အသင်းကလည်း စိတ်ဝင်စားလာ

ဖူလ်ဟမ်အသင်းဟာ စပါးအသင်းနဲ့ အပြိုင် အင်တာမီလန်နောက်ခံလူ စခရီနီယာ ကို ခေါ်ယူရန် စိတ်ဝင်စားလာတာဖြစ်ပါတယ်။ နည်းပြ စကော့ပါ့ကားရဲ့ အသင်းဟာ ပရီးမီးယားလိဂ်ကို ပြန်လာခဲ့တဲ့အချိန်မှာ ရုန်းကန်ခဲ့ရပြီး ကစားခဲ့တဲ့သမျှ ပရီးမီးယားလိဂ်ပွဲတိုင်းမှာ အနည်းဆုံး (၃) ဂိုးအထိ ပေးထားခံခဲ့ရပါတယ်။

အင်တာမီလန် ဗဟိုနောက်ခံလူ စခရီနီယာကို ဥရောပထိပ်သီးအသင်းတော်တော်များများက အလိုရှိနေကြပြီး ဖူလ်ဟမ်အသင်းကပါ ထပ်ပြီး တန်းဆင်းရမှာ စိုးရိမ်လို့ သူတို့အသင်းရဲ့ နောက်တန်းအင်အားကို ဖြည့်တင်းရန် အလိုရှိလာတာ ဖြစ်ပါတယ်။ The Sun သတင်းဌာနက ဖော်ပြချက်အရ ဖူလ်ဟမ်အသင်းဟာ လန်ဒန်ပြိုင်ဘက် စပါးအသင်းနဲ့အပြိုင် စိတ်ဝင်စားလာပြီလို့ သိရပါတယ်။

စပါးအသင်းဟာ အင်တာမီလန် နောက်ခံလူကို ပေါင်သန်း ၃၀ နဲ့ ပေါင် ၃၅ သန်းကြားပေးပြီး ကမ်းလှမ်းချင်နေတာ ဖြစ်ပါတယ်။ အင်တာမီလန်အသင်းကတော့ သူတို့ နောက်ခံလူကို အပြောင်းအရွှေ့မပိတ်သိမ်းခင် ပရီးမီးယားလိဂ်အသင်းတွေထဲက တစ်သင်းကို ရောင်းချင်ဖြစ်ပါက ပေါင် ၄၅ သန်းလိုချင်နေပါတယ်။

ေပါင္ ၅၄ သန္းတန္ အင္တာမီလန္ေနာက္ခံလူ စခရီနီယာကို ေခၚယူရန္ ဖူလ္ဟမ္အသင္းကလည္း စိတ္၀င္စားလာ

ဖူလ္ဟမ္အသင္းဟာ စပါးအသင္းနဲ႔ အျပိဳင္ အင္တာမီလန္ေနာက္ခံလူ စခရီနီယာ ကို ေခၚယူရန္ စိတ္၀င္စားလာတာျဖစ္ပါတယ္။ နည္းျပ စေကာ့ပါ့ကားရဲ႕ အသင္းဟာ ပရီးမီးယားလိဂ္ကို ျပန္လာခဲ့တဲ့အခ်ိန္မွာ ရုန္းကန္ခဲ့ရျပီး ကစားခဲ့တဲ့သမွ် ပရီးမီးယားလိဂ္ပြဲတိုင္းမွာ အနည္းဆံုး (၃) ဂိုးအထိ ေပးထားခံခဲ့ရပါတယ္။

အင္တာမီလန္ ဗဟိုေနာက္ခံလူ စခရီနီယာကို ဥေရာပထိပ္သီးအသင္းေတာ္ေတာ္မ်ားမ်ားက အလိုရွိေနၾကျပီး ဖူလ္ဟမ္အသင္းကပါ ထပ္ျပီး တန္းဆင္းရမွာ စိုးရိမ္လို႔ သူတို႔အသင္းရဲ႕ ေနာက္တန္းအင္အားကို ျဖည့္တင္းရန္ အလိုရွိလာတာ ျဖစ္ပါတယ္။ The Sun သတင္းဌာနက ေဖာ္ျပခ်က္အရ ဖူလ္ဟမ္အသင္းဟာ လန္ဒန္ျပိဳင္ဘက္ စပါးအသင္းနဲ႔အျပိဳင္ စိတ္၀င္စားလာျပီလို႔ သိရပါတယ္။

စပါးအသင္းဟာ အင္တာမီလန္ ေနာက္ခံလူကို ေပါင္သန္း ၃၀ နဲ႔ ေပါင္ ၃၅ သန္းၾကားေပးျပီး ကမ္းလွမ္းခ်င္ေနတာ ျဖစ္ပါတယ္။ အင္တာမီလန္အသင္းကေတာ့ သူတို႔ ေနာက္ခံလူကို အေျပာင္းအေရႊ႕မပိတ္သိမ္းခင္ ပရီးမီးယားလိဂ္အသင္းေတြထဲက တစ္သင္းကို ေရာင္းခ်င္ျဖစ္ပါက ေပါင္ ၄၅ သန္းလိုခ်င္ေနပါတယ္။