မန်ဒီရဲ့ ပွဲဦးထွက် လက်စွမ်းကို အရမ်းကို ကျေနပ်အားရတယ်ဆိုပြီး ချီးကျူးလိုက်တဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ်

ချဲလ်ဆီးနည်းပြ လမ်းပတ်ဟာ ဂိုးသမားအသစ် မန်ဒီရဲ့ အင်္ဂါနေ့က စပါးနဲ့ ပွဲမှာ ချဲလ်ဆီးအသင်းအတွက် ပထမဆုံးကစားခဲ့တဲ့ လက်စွမ်းကို ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကမှ ရန်းနက်စ်အသင်းကနေ ပေါင် ၂၂ သန်းနဲ့ ရောက်ရှိလာတဲ့ မန်ဒီဟာ သူ့ရဲ့ ပထမဆုံးပွဲအဖြစ် ကာရာဘောင်ဖလားပွဲမှာ ပွဲထွက်ကစားခဲ့ပြီး အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပါတယ်။ ဂိုးသမား နေရာအတွက် အဖြေရှာနေတဲ့ လမ်းပတ်က မန်ဒီရဲ့ စွမ်းဆောင်ရည်ကို အရမ်းကို ကျေနပ်အားရတယ်လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း အသက် ၂၈ နှစ်အရွယ်ဂိုးသမားဟာ လာမယ်လာရဲ့ နောက်ကျ ချေပဂိုးကိုတော့ ကာကွယ်နိုင်ခြင်းမရှိခဲ့ပါဘူး။ အဲ့ဒီချေပဂိုးကြောင့်ပဲ စပါးနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ပင်နယ်တီအဆုံးအဖြတ်ကို ကန်ခဲ့ရတာဖြစ်ပါတယ်။ ပင်နယ်တီမှာတော့ မန်ဒီအနေနဲ့ စပါးအသင်းရဲ့ ကန်ချက်တွေကို မကာကွယ်နိုင်ခဲ့ပေမယ့် လမ်းပတ်ကတော့ အသစ်ခေါ်ယူထားတဲ့ ဂိုးသမားရဲ့ ပွဲဦးထွက် လက်စွမ်းကို ကျေနပ်အားရနေပါတယ်။

“သူအရမ်းကို ကောင်းခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ ကာကွယ်မှုတွေ အများကြီးလုပ်ခဲ့ပါတယ်။ တစ်ကြိမ်ကတော့ မဖြစ်နိုင်တဲ့ ကာကွယ်မှုကို လုပ်သွားခဲ့ပါတယ်။ မကာကွယ်နိုင်လောက်ဘူးထင်တဲ့အရာကို သူလုပ်ပြခဲ့တာပါ။ သူ့ရဲ့ စွမ်းဆောင်ရည်ကို တစ်ကယ်ကို ကျေနပ်အားရမိပါတယ်” လို့ ကာရာဘောင်ဖလားပြိုင်ပွဲကနေ ထွက်ခွာရပြီးနောက် ချဲလ်ဆီးနည်းပြက ပြောသွားခဲ့တာဖြစ်ပါတယ်။

ဒီတစ်ပတ်စနေကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာလည်း မန်ဒီဟာ သူ့ရဲ့ပထမဆုံး ပရီးမီးယားလိဂ်ပွဲကို ပါဝင်ကစားခွင့်ရဖွယ်ရှိနေပါတယ်။ ကမ္ဘာ့တန်ကြေးအမြင့်မားဆုံး ဂိုးသမားဖြစ်တဲ့ ကီပါ ကတော့ ဘရိုက်တန် နဲ့ လီဗာပူးလ်အသင်းတို့မှာ လုပ်ခဲ့တဲ့ အမှားကြောင့် လမ်းပတ်ဟာ ဝက်စ်ဘရွန်း နဲ့ သရေကျခဲ့တဲ့ပွဲမှာလည်း ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။

မန္ဒီရဲ႕ ပြဲဦးထြက္ လက္စြမ္းကို အရမ္းကို ေက်နပ္တယ္ဆိုျပီး ခ်ီးက်ဴးလိုက္တဲ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္

ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ဟာ ဂိုးသမားအသစ္ မန္ဒီရဲ႕ အဂၤါေန႔က စပါးနဲ႔ ပြဲမွာ ခ်ဲလ္ဆီးအသင္းအတြက္ ပထမဆံုးကစားခဲ့တဲ့ လက္စြမ္းကို ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။ ျပီးခဲ့တဲ့အပတ္ကမွ ရန္းနက္စ္အသင္းကေန ေပါင္ ၂၂ သန္းနဲ႔ ေရာက္ရွိလာတဲ့ မန္ဒီဟာ သူ႔ရဲ႕ ပထမဆံုးပြဲအျဖစ္ ကာရာေဘာင္ဖလားပြဲမွာ ပြဲထြက္ကစားခဲ့ျပီး အေကာင္းဆံုး စြမ္းေဆာင္ေပးခဲ့ပါတယ္။ ဂိုးသမား ေနရာအတြက္ အေျဖရွာေနတဲ့ လမ္းပတ္က မန္ဒီရဲ႕ စြမ္းေဆာင္ရည္ကို အရမး္ကို ေက်နပ္အားရတယ္လို႔ ေျပာဆိုသြားခဲ့တာ ျဖစ္ပါတယ္။

သို႔ေသာ္လည္း အသက္ ၂၈ ႏွစ္အရြယ္ဂိုးသမားဟာ လာမယ္လာရဲ႕ ေနာက္က် ေခ်ပဂိုးကိုေတာ့ ကာကြယ္ႏိုင္ျခင္းမရွိခဲ့ပါဘူး။ အဲ့ဒီေခ်ပဂိုးေၾကာင့္ပဲ စပါးနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ဟာ ပင္နယ္တီအဆံုးအျဖတ္ကို ကန္ခဲ့ရတာျဖစ္ပါတယ္။ ပင္နယ္တီမွာေတာ့ မန္ဒီအေနနဲ႔ စပါးအသင္းရဲ႕ ကန္ခ်က္ေတြကို မကာကြယ္ႏိုင္ခဲ့ေပမယ့္ လမ္းပတ္ကေတာ့ အသစ္ေခၚယူထားတဲ့ ဂိုးသမားရဲ႕ ပြဲဦးထြက္ လက္စြမ္းကို ေက်နပ္အားရေနပါတယ္။

“သူအရမ္းကို ေကာင္းခဲ့တယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ သူဟာ ကာကြယ္မႈေတြ အမ်ားၾကီးလုပ္ခဲ့ပါတယ္။ တစ္ၾကိမ္ကေတာ့ မျဖစ္ႏိုင္တဲ့ ကာကြယ္မႈကို လုပ္သြားခဲ့ပါတယ္။ မကာကြယ္ႏိုင္ေလာက္ဘူးထင္တဲ့အရာကို သူလုပ္ျပခဲ့တာပါ။ သူ႔ရဲ႕ စြမ္းေဆာင္ရည္ကို တစ္ကယ္ကို ေက်နပ္အားရမိပါတယ္” လို႔ ကာရာေဘာင္ဖလားျပိဳင္ပြဲကေန ထြက္ခြာရျပီးေနာက္ ခ်ဲလ္ဆီးနည္းျပက ေျပာသြားခဲ့တာျဖစ္ပါတယ္။

ဒီတစ္ပတ္စေနကစားမယ့္ ပရီးမီးယားလိဂ္ပြဲမွာလည္း မန္ဒီဟာ သူ႔ရဲ႕ပထမဆံုး ပရီးမီးယားလိဂ္ပြဲကို ပါ၀င္ကစားခြင့္ရဖြယ္ရွိေနပါတယ္။ ကမာၻ႕တန္ေၾကးအျမင့္မားဆံုး ဂိုးသမားျဖစ္တဲ့ ကီပါ ကေတာ့ ဘရိုက္တန္ နဲ႔ လီဗာပူးလ္အသင္းတို႔မွာ လုပ္ခဲ့တဲ့ အမွားေၾကာင့္ လမ္းပတ္ဟာ ၀က္စ္ဘရြန္း နဲ႔ သေရက်ခဲ့တဲ့ပြဲမွာလည္း ခ်န္လွပ္ထားခဲ့တာျဖစ္ပါတယ္။