ချဲလ်ဆီးကွင်းလယ်လူ ဘာကလေ ကို တစ်နှစ်အငှားနဲ့ ခေါ်ယူလိုက်တဲ့ အက်စတွန်ဗီလာအသင်း

အက်စတွန်ဗီလာအသင်းဟာ ချဲလ်ဆီးကွင်းလယ်လူ ဘာကလေ ကို တစ်နှစ်အငှားနဲ့ ဗုဒ္ဓဟူးနေ့ မနက်မှာပဲ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ မနှစ်က ချဲလ်ဆီးနည်းပြ လမ်းပတ်လက်အောက်မှာ ပြိုင်ပွဲစုံ (၃၁) ပွဲ ပါဝင်ကစားထားတဲ့ ဘာကလေဟာ ဒီနွေရာသီမှာ အသင်းကို ကိုင်ဟာဗက်ဇ် နဲ့ ဇီယက်တို့ ကွင်းလယ်မှာ ရောက်ရှိလာတဲ့အတွက် ချဲလ်ဆီးနည်းပြက အသက် ၂၆ နှစ်အရွယ်ကစားသမား ဘာကလေကို အသင်းကနေ ထွက်ခွာခွင့်ပေးရန် ဆုံးဖြတ်ခဲ့တာပါ။

ဘာကလေဟာ ဒီရာသီ ပရီးမီးယားလိဂ် (၂) ပွဲစလုံးမှာ အရန်ခုံကနေ ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြကစားပေးထားသူလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၂၀-၂၁ ဘောလုံးရာသီကို အက်စတွန်ဗီလာအသင်းနဲ့ လက်တွဲတော့မှာပါ။ အက်စတွန်ဗီလာနည်းပြ ဒင်းစမစ်က “ဘာကလေလို အရည်အသွေးရှိတဲ့ ကစားသမားကို ခေါ်ယူနိုင်တဲ့အတွက် ဝမ်းသာပါတယ်။ သူဟာ ကျွန်တော်တို့အသင်းကို သေချာပေါက် တိုးတက်စေမယ့် ကစားသမားဖြစ်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်း ခေါင်းဆောင် ဂျက်ဂရီလစ်ရှ်ကလည်း ဆိုရှယ်မီဒီယာ တွစ်တာမှာ အင်္ဂလန်လက်ရွေးစင်အသင်းဖော် ရောက်လာတဲ့အတွက် အသည်းပုံ (၅) ခု အီမီဂျီ နဲ့ တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား အင်္ဂါနေ့ညက ချဲလ်ဆီးအသင်း စပါးကို ပင်နယ်တီ အဆုံးအဖြတ် နဲ့ ရှုံးခဲ့တဲ့ ကာရာဘောင် ဖလားပွဲမှာ အရန်ခုံမှာ ထိုင်ခဲ့ရပါတယ်။

သူဟာ ချဲလ်ဆီးအသင်း ကွင်းလယ်မှာ ဂျော်ဂျင်ဟို၊ ကိုဗာဆစ်၊ ကန်တေ နဲ့ မေဆန်မောင့်တို့ နောက်မှသာ ပွဲကစားခွင့် ရနေသူ ဖြစ်ပါတယ်။ ဘာကလေဟာ ၂၀၁၈ ဇန်နဝါရီလက အဲဗာတန်အသင်းကနေ ချဲလ်ဆီးအသင်းဆီ ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၈၆) ပွဲကစားကာ (၁၁) ဂိုးသွင်းယူပေးထားပါတယ်။ အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၃၃) ပွဲကစားထားပြီး (၆) လည်း ဂိုးသွင်းပေးထားသူဖြစ်ပါတယ်။

ခ်ဲလ္ဆီးကြင္းလယ္လူ ဘာကေလ ကို တစ္ႏွစ္အငွားနဲ႔ ေခၚယူလိုက္တဲ့ အက္စတြန္ဗီလာအသင္း

အက္စတြန္ဗီလာအသင္းဟာ ခ်ဲလ္ဆီးကြင္းလယ္လူ ဘာကေလ ကို တစ္ႏွစ္အငွားနဲ႔ ဗုဒၶဟူးေန႔ မနက္မွာပဲ ေခၚယူလိုက္ျပီျဖစ္ပါတယ္။ မႏွစ္က ခ်ဲလ္ဆီးနည္းျပ လမ္းပတ္လက္ေအာက္မွာ ျပိဳင္ပြဲစံု (၃၁) ပြဲ ပါ၀င္ကစားထားတဲ့ ဘာကေလဟာ ဒီေႏြရာသီမွာ အသင္းကို ကိုင္ဟာဗက္ဇ္ နဲ႔ ဇီယက္တို႔ ကြင္းလယ္မွာ ေရာက္ရွိလာတဲ့အတြက္ ခ်ဲလ္ဆီးနည္းျပက အသက္ ၂၆ ႏွစ္အရြယ္ကစားသမား ဘာကေလကို အသင္းကေန ထြက္ခြာခြင့္ေပးရန္ ဆံုးျဖတ္ခ့ဲတာပါ။

ဘာကေလဟာ ဒီရာသီ ပရီးမီးယားလိဂ္ (၂) ပြဲစလံုးမွာ အရန္ခံုကေန ပါ၀င္ကစားခဲ့ျပီး ေျခစြမ္းျပကစားေပးထားသူလည္း ျဖစ္ပါတယ္။ သူဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီကို အက္စတြန္ဗီလာအသင္းနဲ႔ လက္တြဲေတာ့မွာပါ။ အက္စတြန္ဗီလာနည္းျပ ဒင္းစမစ္က “ဘာကေလလို အရည္အေသြးရွိတဲ့ ကစားသမားကို ေခၚယူႏိုင္တဲ့အတြက္ ၀မ္းသာပါတယ္။ သူဟာ ကၽြန္ေတာ္တို႔အသင္းကို ေသခ်ာေပါက္ တုိးတက္ေစမယ့္ ကစားသမားျဖစ္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။

အက္စတြန္ဗီလာအသင္း ေခါင္းေဆာင္ ဂ်က္ဂရီလစ္ရွ္ကလည္း ဆိုရွယ္မီဒီယာ တြစ္တာမွာ အဂၤလန္လက္ေရြးစင္အသင္းေဖာ္ ေရာက္လာတဲ့အတြက္ အသည္းပံု (၅) ခု အီမီဂ်ီ နဲ႔ တံု႔ျပန္သြားခဲ့တာျဖစ္ပါတယ္။ ကြင္းလယ္ကစားသမား အဂၤါေန႔ညက ခ်ဲလ္ဆီးအသင္း စပါးကို ပင္နယ္တီ အဆံုးအျဖတ္ နဲ႔ ရႈံးခဲ့တဲ့ ကာရာေဘာင္ ဖလားပြဲမွာ အရန္ခံုမွာ ထိုင္ခဲ့ရပါတယ္။

သူဟာ ခ်ဲလ္ဆီးအသင္း ကြင္းလယ္မွာ ေဂ်ာ္ဂ်င္ဟို၊ ကိုဗာဆစ္၊ ကန္ေတ နဲ႔ ေမဆန္ေမာင့္တို႔ ေနာက္မွသာ ပြဲကစားခြင့္ ရေနသူ ျဖစ္ပါတယ္။ ဘာကေလဟာ ၂၀၁၈ ဇန္န၀ါရီလက အဲဗာတန္အသင္းကေန ခ်ဲလ္ဆီးအသင္းဆီ ေပါင္ ၁၅ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ျပီး အသင္းအတြက္ ျပိဳင္ပြဲစံု (၈၆) ပြဲကစားကာ (၁၁) ဂိုးသြင္းယူေပးထားပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ကစားသမားဟာ အဂၤလန္လက္ေရြးစင္အသင္းအတြက္ (၃၃) ပြဲကစားထားျပီး (၆) လည္း ဂိုးသြင္းေပးထားသူျဖစ္ပါတယ္။