၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးဖြစ်နေတဲ့ လက်ရှိချန်ပီယံ လီဗာပူး


ပရီးမီးယားလိဂ်လို့ အမည်ပြောင်းပြီးနောက်မှာ လက်ရှိချန်ပီယံဆုကို ကာကွယ်နိုင်တဲ့အသင်း သုံးသင်းပဲ ရှိခဲ့တယ်လို့ မှတ်တမ်းတွေက ဖော်ပြခဲ့ကြပါတယ်။ The Sun သတင်းစာကတော့ ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအသင်းတွေကို ဖော်ပြခဲ့ရာမှာတော့ လက်ရှိချန်ပီယံဖြစ်တဲ့ လီဗာပူးက ၁၀လေး ၁၁ လေးနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။


လီဗာပူးဟာ ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေအဖြစ် တီဆီမီကက်စ်၊ အယ်ကန်တာရာနဲ့ ဂျိုဗစ်တို့ကို ခေါ်ယူထားတာကြောင့် ရေပန်းအစားဆုံးဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။ ဒုတိယနေရာမှာတော့ ချန်ပီယံဆုကို ပြန်လည်ရယူဖို့ ကြိုးစားမယ့် ဂွါဒီယိုလာရဲ့ မန်စီးတီးက ၆လေး၄လေး နဲ့ ရှိနေတာပဲ ဖြစ်ပါတယ်။ မန်စီးတီး ဟာ နသန်အကီ၊ ဖာရန်တောရက်စ်နဲ့ ရူဘင်ဒိုင်ယာစ်တို့ကို နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူထားပါတယ်။


The Sun သတင်းစာရဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ဖော်ပြချက်မှာ အံသြဖွယ်ပါလာတဲ့ အသင်းက အာဆင်နယ်ဖြစ်ပြီး မြို့ခံ ပြိုင်ဘက် ချဲလ်ဆီးနဲ့အတူ ၂၅လေး၁လေးနဲ့ တတိယနေရာမှာ ရှိနေတာပဲ ဖြစ်ပါတယ်။ နည်းပြ အာတီတာရဲ့လက်အောက် မှာ အာဆင်နယ်အနေနဲ့ ကစားပုံကောင်းလာခဲ့တယ်ဆိုပေမယ့် ချန်ပီယံဖြစ်ဖို့ လိုအပ်မှုရှိနေသေးတယ်လို့လည်း ဝေဖန်မှု တွေ ရှိနေပါတယ်။


နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်အမြောက်အများခေါ်ယူထားတဲ့ ချဲလ်ဆီးအနေနဲ့လည်း ချန်ပီယံဖြစ်နိုင်ဖို့ အခွင့်အရေးနည်းပါးနေဆဲလို့ သတ်မှတ်ခံရပါတယ်။ အာဆင်နယ်နဲ့ချဲလ်ဆီးတို့နောက်မှာတော့ လက်စတာနဲ့ ယူနိုက်တက် တို့က ၃၃လေး၁လေးနဲ့ ရှိနေပြီး အဲဗာတန်နဲ့ စပါးတို့က ၅၀ လေး၁လေးနဲ့ အစဉ်လိုက်ရပ်တည်နေတယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်မှာ ဒီအသင်းတွေကို ကျော်ဖြတ်ပြီး အခြားအသင်းတွေအနေနဲ့ ချန်ပီယံဆု ရယူဖို့ဆိုတာ အခွင့်အရေးအရမ်း ကိုနည်းပါးတာပဲ ဖြစ်ပါတယ်။

zawgyi version

၂၀၂၀-၂၁ ေဘာလံုးရာသီရဲ႕ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ေရပန္းအစားဆံုးျဖစ္ေနတဲ့ လက္ရွိခ်န္ပီယံ လီဗာပူး
ပရီးမီးယားလိဂ္လို႔ အမည္ေျပာင္းၿပီးေနာက္မွာ လက္ရွိခ်န္ပီယံဆုကို ကာကြယ္ႏိုင္တဲ့အသင္း သံုးသင္းပဲ ရွိခဲ့တယ္လို႔ မွတ္တမ္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။ The Sun သတင္းစာကေတာ့ ၂၀၂၀-၂၁ ေဘာလံုးရာသီအတြက္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ ေရပန္းအစားဆံုးအသင္းေတြကို ေဖာ္ျပခဲ့ရာမွာေတာ့ လက္ရွိခ်န္ပီယံျဖစ္တဲ့ လီဗာပူးက ၁၀ေလး ၁၁ ေလးနဲ႔ ထိပ္ဆံုးက ဦးေဆာင္ေနပါတယ္။
လီဗာပူးဟာ ခ်န္ပီယံဆုကို ကာကြယ္ဖို႔အတြက္ ေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမားသစ္ေတြအျဖစ္ တီဆီမီကက္စ္၊ အယ္ကန္တာရာနဲ႔ ဂ်ိဳဗစ္တို႔ကို ေခၚယူထားတာေၾကာင့္ ေရပန္းအစားဆံုးျဖစ္ေနခဲ့တာပဲ ျဖစ္ပါတယ္။ ဒုတိယေနရာမွာေတာ့ ခ်န္ပီယံဆုကို ျပန္လည္ရယူဖို႔ ၾကိဳးစားမယ့္ ဂြါဒီယိုလာရဲ႕ မန္စီးတီးက ၆ေလး၄ေလး နဲ႔ ရွိေနတာပဲ ျဖစ္ပါတယ္။ မန္စီးတီး ဟာ နသန္အကီ၊ ဖာရန္ေတာရက္စ္နဲ႔ ရူဘင္ဒိုင္ယာစ္တို႔ကုိ ေႏြရာသီအေျပာင္းအေရႊ႕မွာ ေခၚယူထားပါတယ္။
The Sun သတင္းစာရဲ႕ ပရီးမီးယားလိဂ္ခ်န္ပီယံ ေဖာ္ျပခ်က္မွာ အံၾသဖြယ္ပါလာတဲ့ အသင္းက အာဆင္နယ္ျဖစ္ၿပီး ျမိဳ႕ခံ ၿပိဳင္ဘက္ ခ်ဲလ္ဆီးနဲ႔အတူ ၂၅ေလး၁ေလးနဲ႔ တတိယေနရာမွာ ရွိေနတာပဲ ျဖစ္ပါတယ္။ နည္းျပ အာတီတာရဲ႕လက္ေအာက္ မွာ အာဆင္နယ္အေနနဲ႔ ကစားပံုေကာင္းလာခဲ့တယ္ဆိုေပမယ့္ ခ်န္ပီယံျဖစ္ဖို႔ လိုအပ္မႈရွိေနေသးတယ္လို႔လည္း ေဝဖန္မႈ ေတြ ရွိေနပါတယ္။
ေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမားသစ္အေျမာက္အမ်ားေခၚယူထားတဲ့ ခ်ဲလ္ဆီးအေနနဲ႔လည္း ခ်န္ပီယံျဖစ္ႏိုင္ဖို႔ အခြင့္အေရးနည္းပါးေနဆဲလို႔ သတ္မွတ္ခံရပါတယ္။ အာဆင္နယ္နဲ႔ခ်ဲလ္ဆီးတို႔ေနာက္မွာေတာ့ လက္စတာနဲ႔ ယူႏိုက္တက္ တို႔က ၃၃ေလး၁ေလးနဲ႔ ရွိေနၿပီး အဲဗာတန္နဲ႔ စပါးတို႔က ၅၀ ေလး၁ေလးနဲ႔ အစဥ္လိုက္ရပ္တည္ေနတယ္လို႔ သိရပါတယ္။ ပရီးမီးယားလိဂ္မွာ ဒီအသင္းေတြကို ေက်ာ္ျဖတ္ၿပီး အျခားအသင္းေတြအေနနဲ႔ ခ်န္ပီယံဆု ရယူဖို႔ဆိုတာ အခြင့္အေရးအရမ္း ကိုနည္းပါးတာပဲ ျဖစ္ပါတယ္။