ဆာလက်က တစ်ကိုယ်ကောင်းဆန်သူဖြစ်တာကြောင့် ဂျိုတာအနေနဲ့ လီဗာပူးမှာ ပျော်ရွှင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တဲ့ တိုက်စစ်မှူးဟောင်း ဟက်စကီး


လီဗာပူးတိုက်စစ်မှူးဟောင်း ဟက်စကီးက အသင်းရဲ့အဓိကတိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဆာလက်က ဂိုးသွင်းယူဖို့အတွက် အမြဲတမ်း ဆာလောင်နေတဲ့သူဖြစ်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့သူလည်း ဖြစ်တာကြောင့် ကစားသမားသစ်ဂျိုတာအနေနဲ့ အသင်းမှာ ပျော်ရွှင်စွာနဲ့ တွဲကစားနိုင်မှာ မဟုတ်ကြောင်းပြောခဲ့ပါတယ်။ အာဆင်နယ်ကို အနိုင်ရတဲ့ပွဲမှာ ကစားသမားသစ် ဂျိုတာအနေနဲ့ အသင်းအတွက် သူရဲ့ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။


တိုက်စစ်မှူး ဆာလက်က လီဗာပူးရဲ့အဓိက,ကစားသမားတစ်ဦးဖြစ်သလို နည်းပြကလော့ပ်ရဲ့ အားထားသူလည်း ဖြစ်တာ ကြောင့် အသင်းရဲ့တိုက်စစ်မှာ အမြဲတမ်းကစားခွင့်ရနေသူလည်း ဖြစ်ပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဆာလက်ဟာ အရည်အချင်းရှိတဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်ပေမယ့် တစ်ကိုယ်ကောင်းဆန်စွာ ကစားတတ်သူဖြစ်ကြောင်း လည်း ဟက်စကီးက ပြောခဲ့ပါတယ်။


လီဗာပူးအတွက် ပြိုင်ပွဲစုံ ၁၅၆ ပွဲမှာ ၉၇ ဂိုးသွင်းယူထားတဲ့ ဆာလက်ဟာ အာဆင်နယ်နဲ့ပွဲတုန်းက လွတ်နေတဲ့ ဂျိုတာကို မပေးဘဲ ကိုယ်တိုင်ဂိုးသွင်းယူဖို့အတွက် ကြိုးစားခဲ့တာကို သတင်းတွေကဖော်ပြအပြီးမှာတော့ ဟက်စကီးက အခုလိုပြော ခဲ့တာပဲ ဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့တိုက်စစ်မှာ ဖာမီနိုကသာ အသင်းဖော်အတွက် ဂိုးဖန်တီးမှုအများဆုံးပြုလုပ်ပေးတဲ့ သူ ဖြစ်တယ်လိုပလည်း ဟက်စကီးက ပြောခဲ့ပါတယ်။


ဟက်စကီးက “ ဆာလက်က လီဗာပူးတိုက်စစ်မှာ ကြောက်စရာကောင်းတဲ့သူပါ။ဒါပေမယ့် သူရဲ့တစ်ကိုယ်ကောင်းဆန်မှု အတွက်လည်း ဂျိုတာအနေနဲ့ လက်ခံပေးနိုင်မှသာ အသင်းမှာပျော်ရွှင်စွာနဲ့ကစားလို့ရမှာပါ။ ဆာလက်ကတော့ သူရဲ့ ကစားဟန်ကို ပြောင်းလဲမှာမဟုတ်တာကြောင့် ပထမပိုင်းပွဲနားချိန်နဲ့ ပွဲပြီးချိန်တွေမှာ သူနဲ့စကားပြောပေးဖို့ လိုအပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဆာလက္က တစ္ကိုယ္ေကာင္းဆန္သူျဖစ္တာေၾကာင့္ ဂ်ိဳတာအေနနဲ႔ လီဗာပူးမွာ ေပ်ာ္ရႊင္မွာ မဟုတ္ဘူးလို႔ ေျပာခဲ့တဲ့ တိုက္စစ္မွဴးေဟာင္း ဟက္စကီး
လီဗာပူးတိုက္စစ္မွဴးေဟာင္း ဟက္စကီးက အသင္းရဲ႕အဓိကတုိက္စစ္မွဴး တစ္ဦးျဖစ္တဲ့ ဆာလက္က ဂိုးသြင္းယူဖို႔အတြက္ အျမဲတမ္း ဆာေလာင္ေနတဲ့သူျဖစ္ၿပီး တစ္ကိုယ္ေကာင္းဆန္တဲ့သူလည္း ျဖစ္တာေၾကာင့္ ကစားသမားသစ္ဂ်ိဳတာအေနနဲ႔ အသင္းမွာ ေပ်ာ္ရႊင္စြာနဲ႔ တြဲကစားႏိုင္မွာ မဟုတ္ေၾကာင္းေျပာခဲ့ပါတယ္။ အာဆင္နယ္ကို အႏိုင္ရတဲ့ပြဲမွာ ကစားသမားသစ္ ဂ်ိဳတာအေနနဲ႔ အသင္းအတြက္ သူရဲ႕ပထမဆံုးဂိုးကို သြင္းယူေပးႏိုင္ခဲ့ပါတယ္။
တိုက္စစ္မွဴး ဆာလက္က လီဗာပူးရဲ႕အဓိက,ကစားသမားတစ္ဦးျဖစ္သလို နည္းျပကေလာ့ပ္ရဲ႕ အားထားသူလည္း ျဖစ္တာ ေၾကာင့္ အသင္းရဲ႕တိုက္စစ္မွာ အျမဲတမ္းကစားခြင့္ရေနသူလည္း ျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္တဲ့ ဆာလက္ဟာ အရည္အခ်င္းရွိတဲ့ ကစားသမားေကာင္းတစ္ေယာက္ျဖစ္ေပမယ့္ တစ္ကိုယ္ေကာင္းဆန္စြာ ကစားတတ္သူျဖစ္ေၾကာင္း လည္း ဟက္စကီးက ေျပာခဲ့ပါတယ္။
လီဗာပူးအတြက္ ၿပိဳင္ပြဲစံု ၁၅၆ ပြဲမွာ ၉၇ ဂိုးသြင္းယူထားတဲ့ ဆာလက္ဟာ အာဆင္နယ္နဲ႔ပြဲတုန္းက လြတ္ေနတဲ့ ဂ်ိဳတာကို မေပးဘဲ ကိုယ္တိုင္ဂိုးသြင္းယူဖို႔အတြက္ ၾကိဳးစားခဲ့တာကို သတင္းေတြကေဖာ္ျပအၿပီးမွာေတာ့ ဟက္စကီးက အခုလိုေျပာ ခဲ့တာပဲ ျဖစ္ပါတယ္။ လီဗာပူးအသင္းရဲ႕တိုက္စစ္မွာ ဖာမီႏိုကသာ အသင္းေဖာ္အတြက္ ဂိုးဖန္တီးမႈအမ်ားဆံုးျပဳလုပ္ေပးတဲ့ သူ ျဖစ္တယ္လိုပလည္း ဟက္စကီးက ေျပာခဲ့ပါတယ္။
ဟက္စကီးက “ ဆာလက္က လီဗာပူးတိုက္စစ္မွာ ေၾကာက္စရာေကာင္းတဲ့သူပါ။ဒါေပမယ့္ သူရဲ႕တစ္ကိုယ္ေကာင္းဆန္မႈ အတြက္လည္း ဂ်ိဳတာအေနနဲ႔ လက္ခံေပးႏိုင္မွသာ အသင္းမွာေပ်ာ္ရႊင္စြာနဲ႔ကစားလို႔ရမွာပါ။ ဆာလက္ကေတာ့ သူရဲ႕ ကစားဟန္ကို ေျပာင္းလဲမွာမဟုတ္တာေၾကာင့္ ပထမပိုင္းပြဲနားခ်ိန္နဲ႔ ပြဲၿပီးခ်ိန္ေတြမွာ သူနဲ႔စကားေျပာေပးဖို႔ လိုအပ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။