လီဗာပူးလ် လူငယ်ကြယ်ပွင့် ဘရူးစတားကို ပေါင် ၁၇ သန်းနဲ့ ခေါ်ယူရန် နီးစပ်နေပြီဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်အသင်း

ရှက်ဖီးယူနိုက်တက်အသင်းဟာ လီဗာပူးလ်တိုက်စစ်ကစားသမား ဘရူးစတားကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေးအရ ဆွေးနွေးနေပြီဖြစ်ပါတယ်။ အသက် ၂၀ အရွယ်ဘရူးစတားကို ခရစ္စတယ်ပဲလေ့စ်အသင်းကလည်း လိုချင်နေပေမယ့် ရှက်ဖီးယူနိုက်တက်အသင်းက ပိုပြီး ရေပန်းစားနေတယ်လို့ သိရပါတယ်။

ယခုအချိန်အထိ တရားဝင်သဘောတူညီမှု မရသေးပေမယ့် နှစ်သင်းကြား ဆွေးနွေးမှုက အခြေအနေကောင်းနေပြီး ခေါ်ယူနိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။ရှက်ဖီးယူနိုက်တက်အသင်းဟာ ဘရူးစတားအတွက် ပေါင် ၁၇ သန်းနဲ့ ကမ်းလှမ်းထားပြီး လီဗာပူးလ်အသင်းဘက်က ပြန်လည်ဝယ်ယူခွင့်ရှိတယ်ဆိုတာ အချက်ကို ထည့်သွင်းချုပ်ဆိုမယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းကတော့ ဘရူးစတားအတွက် ပေါင်သန်း ၂၀ လောက် ကနဦး လိုချင်နေတာဖြစ်ပြီး အပိုဆုကြေး ကိုလည်း ထပ်ပြီး တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ဘရူးစတားဟာ ပြီးခဲ့တဲ့ရာသီက ဆွမ်ဆီးအသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး (၂၂) ပွဲမှာ (၁၁) ဂိုးသွင်းပြီး ခြေစွမ်းပြကစားခဲ့လို့ တိုးတက်မှုအတွက် ပုံမှန်ကစားခွင့် ရှာဖွေနေသူပါ။

လီဗာပူးလ္ လူငယ္ၾကယ္ပြင့္ ဘရူးစတားကို ေပါင္ ၁၇ သန္းနဲ႔ ေခၚယူရန္ နီးစပ္ေနျပီျဖစ္တဲ့ ရွက္ဖီးယူႏိုက္တက္အသင္း

ရွက္ဖီးယူႏိုက္တက္အသင္းဟာ လီဗာပူးလ္တုိက္စစ္ကစားသမား ဘရူးစတားကို ေခၚယူရန္ ပုဂၢိဳလ္ေရးအရ ေဆြးေႏြးေနျပီျဖစ္ပါတယ္။ အသက္ ၂၀ အရြယ္ဘရူးစတားကို ခရစၥတယ္ပဲေလ့စ္အသင္းကလည္း လိုခ်င္ေနေပမယ့္ ရွက္ဖီးယူႏိုက္တက္အသင္းက ပိုျပီး ေရပန္းစားေနတယ္လို႔ သိရပါတယ္။

ယခုအခ်ိန္အထိ တရား၀င္သေဘာတူညီမႈ မရေသးေပမယ့္ ႏွစ္သင္းၾကား ေဆြးေႏြးမႈက အေျခအေနေကာင္းေနျပီး ေခၚယူႏိုင္ဖြယ္ရွိေနတာ ျဖစ္ပါတယ္။ရွက္ဖီးယူႏိုက္တက္အသင္းဟာ ဘရူးစတားအတြက္ ေပါင္ ၁၇ သန္းနဲ႔ ကမ္းလွမ္းထားျပီး လီဗာပူးလ္အသင္းဘက္က ျပန္လည္၀ယ္ယူခြင့္ရွိတယ္ဆိုတာ အခ်က္ကို ထည့္သြင္းခ်ဳပ္ဆိုမယ္လို႔ သိရပါတယ္။

လီဗာပူးလ္အသင္းကေတာ့ ဘရူးစတားအတြက္ ေပါင္သန္း ၂၀ ေလာက္ ကနဦး လိုခ်င္ေနတာျဖစ္ျပီး အပိုဆုေၾကး ကိုလည္း ထပ္ျပီး ေတာင္းဆိုသြားမွာ ျဖစ္ပါတယ္။ ဘရူးစတားဟာ ျပီးခဲ့တဲ့ရာသီက ဆြမ္ဆီးအသင္းမွာ အငွားနဲ႔ သြားေရာက္ကစားခဲ့ျပီး (၂၂) ပြဲမွာ (၁၁) ဂိုးသြင္းျပီး ေျခစြမ္းျပကစားခဲ့လို႔ တိုးတက္မႈအတြက္ ပံုမွန္ကစားခြင့္ ရွာေဖြေနသူပါ။