အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ လူကာဂျိုဗစ်ကို ခေါ်မလားလို့ ယူနိုက်တက်အသင်းဆီ ကမ်းလှမ်းလိုက်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ လူကာဂျိုဗစ်ကို ခေါ်မလားလို့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်အသင်းဆီ ကမ်းလှမ်းခဲ့ပါတယ်။ နည်းပြ ဇီဒန်းဟာ အသက် ၂၀ အရွယ်ကစားသမား ဂျိုဗစ်ကို အသင်းကနေ ပျော်ပျော်ကြီး ထွက်ခွာစေချင်နေတာ ဖြစ်ပါတယ်။

ဂျိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီကမှ ဖရန့်ဖတ်အသင်းကနေ ရီးရဲလ်မက်ဒရစ်ကို ပေါင် ၅၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပေမယ့် အသင်းအတွက် (၂၈) ပွဲကစားပြီး (၂) ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ ဒေါ့မွန်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုကို အဓိက ပစ်မှတ်ထားနေပေမယ့် ဘဏ္ဍာရေး ကန့်သက်ချက်တွေရှိထားလို့ ဂျာမန်ကလပ်အသင်းဆီကနေ ခေါ်ယူနိုင်ရန် ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ဝက်ဖိုဒ့်တောင်ပံကစားသမား ဆားကိုလည်း ခေါ်ယူရန် ဆွေးနွေးခဲ့ပေမယ့် ခေါ်ယူနိုင်ဖွယ်မရှိဘူးလို့ သိရပါတယ်။ ပေါ်တိုနောက်ခံလူ အဲလက်စ်တယ်လက်စ်ကိုခေါ်ယူရန်အတွက်ကတော့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ အသင်းရဲ့ နောက်ခံလူ ဒါလော့တ်ကိုတော့ အေစီမီလန်အသင်းက ခေါ်ယူရန် ဆွေးနွေးနေပြီလို့ သိရပါတယ်။

အသင္းမွာ ေျခစြမ္းမျပႏိုင္တဲ့ လူကာဂ်ိဳဗစ္ကို ေခၚယူမလားလို႔ ယူႏိုက္တက္အသင္းဆီ ကမ္းလွမ္းလိုက္တဲ့ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္အသင္းဟာ အသင္းမွာ ေျခစြမ္းမျပႏိုင္တဲ့ လူကာဂ်ိဳဗစ္ကို ေခၚမလားလို႔ ပရီးမီးယားလိဂ္ ကလပ္ ယူႏိုက္တက္အသင္းဆီ ကမ္းလွမ္းခဲ့ပါတယ္။ နည္းျပ ဇီဒန္းဟာ အသက္ ၂၀ အရြယ္ကစားသမား ဂ်ိဳဗစ္ကို အသင္းကေန ေပ်ာ္ေပ်ာ္ၾကီး ထြက္ခြာေစခ်င္ေနတာ ျဖစ္ပါတယ္။

ဂ်ိဳဗစ္ဟာ ျပီးခဲ့တဲ့ရာသီကမွ ဖရန္႔ဖတ္အသင္းကေန ရီးရဲလ္မက္ဒရစ္ကို ေပါင္ ၅၅ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ေပမယ့္ အသင္းအတြက္ (၂၈) ပြဲကစားျပီး (၂) ဂိုးသာ သြင္းယူေပးႏိုင္ခဲ့ပါတယ္။ယူႏိုက္တက္အသင္းဟာ ေဒါ့မြန္အသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ဆန္ခ်ိဳကို အဓိက ပစ္မွတ္ထားေနေပမယ့္ ဘ႑ာေရး ကန္႔သက္ခ်က္ေတြရွိထားလို႔ ဂ်ာမန္ကလပ္အသင္းဆီကေန ေခၚယူႏိုင္ရန္ ရုန္းကန္ေနရတာ ျဖစ္ပါတယ္။

၀က္ဖိုဒ့္ေတာင္ပံကစားသမား ဆားကိုလည္း ေခၚယူရန္ ေဆြးေႏြးခဲ့ေပမယ့္ ေခၚယူႏိုင္ဖြယ္မရွိဘူးလို႔ သိရပါတယ္။ ေပၚတိုေနာက္ခံလူ အဲလက္စ္တယ္လက္စ္ကိုေခၚယူရန္အတြက္ကေတာ့ ေဆြးေႏြးေနဆဲျဖစ္ပါတယ္။ အသင္းရဲ႕ ေနာက္ခံလူ ဒါေလာ့တ္ကိုေတာ့ ေအစီမီလန္အသင္းက ေခၚယူရန္ ေဆြးေႏြးေနျပီလို႔ သိရပါတယ္။