ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ကို ပေါင် ၁၈ သန်းနဲ့ ခေါ်ယူမယ့် လိဒ်ယူနိုက်တက်
လိဒ်ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ မိုက်ကယ်ကူအီဆန့် ကို ပေါင် ၁၈ သန်းနဲ့ ခေါ်ယူနိုင်ရန် နီးစပ်နေပြီလို့ သိရပါတယ်။ ပြင်သစ်လူငယ်ကစားသမားဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ပွဲကစားချိန်ပိုရတယ်လို့ ပြောဆိုခဲ့ပြီးနောက် လိဒ်ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးရန်ခွင့်ပြုချက်ရခဲ့တာ ဖြစ်ပါတယ်။
အသက်၂ ၁ နှစ်အရွယ် ကစားသမားအတွက် ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက မိုချန်ဂလာဘတ်အသင်းဆီကနေ ပေါင် ၉ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး သူ့ကို နယူးကာဆယ်အသင်းကလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ လိဒ်ယူနိုက်တက်အသင်းဟာ ပြင်သစ်ယူ ၂၀ အောက် လက်ရွေးစင်ကစားသမားကို (၅) နှစ်စာချုပ်နဲ့ ခေါ်ယူရန် ဆွေးနွေးနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် လိဒ်ယူနိုက်တက်အသင်းဟာ လက်စတာ ကစားသမား ဂရေးကိုလည်း အလိုရှိတဲ့ စာရင်းထဲ ထည့်ထားတယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘာစီလိုနာအသင်းက အေဂျက်နောက်ခံလူ ဆာဂျီယိုဒက်ကို ခေါ်ယူသွားလို့ နောဝစ်ချ်ညာနောက်ခံလူ မက်အာရွန်စ်ကို ကမ်းလှမ်းရန် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။