နည်းပြလမ်းပတ်အောက်မှာ မျက်နှာသာပေးမခံရတဲ့ ဂျာမနီလက်ရွေးစင်နောက်ခံလူ ရူဒီဂါကို ခေါ်ယူရန် ရည်ရွယ်နေတဲ့ စပါးအသင်း

စပါးအသင်းဟာ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်လာပါတယ်။ အသက်၂၇ နှစ်အရွယ်နောက်ခံလူဟာ ချဲလ်ဆီးနည်းပြလမ်းပတ်ရဲ့ လက်အောက်မှာ နောက်ဆုံး (၃) ပွဲစလုံး ပါဝင်ကစားခွင့်မရခဲ့သူ ဖြစ်ပါတယ်။ ဝက်စ်ဟမ်း နဲ့ ပီအက်စ်ဂျီအသင်းတို့က ရူဒီဂါကို တစ်နှစ်အငှားနဲ့ ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

စပါးအသင်းဟာ ဂျာမနီလက်ရွေးစင်ကစားသမားကိုစိတ်ဝင်စားနေပေမယ့် ချဲလ်ဆီးအသင်းကတော့ ပြိုင်ဘက်အသင်းဆီ အသင်းက ကစားသမားကို ထွက်ခွာခွင့်ပေးနိုင်ဖွယ်မရှိဘူးလို့ စကိုင်းစပေါ့ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပီအက်စ်ဂျီအသင်းက ကမ်းလှမ်းလာပါက လက်ခံသွားရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပြင်သစ်လီဂူး ၁ ချန်ပီယံအသင်းကတော့ ရူဒီဂါကို တစ်နှစ်အငှားနဲ့ ခေါ်ယူပြီး အပြီးသတ်ဝယ်ယူသွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် အဆိုးရွားဆုံး ခံစစ်စာရင်းမှာ ပါဝင်ခဲ့တဲ့ ဝက်စ်ဟမ်းအသင်းကလည်း ရူဒီဂါကို ခေါ်ယူချင်နေပါတယ်။ ဒေးဗစ်မိုယက်စ်ရဲ့အသင်းဟာ ရာသီအဖွင့် (၂) ပွဲမှာ နယူးကာဆယ် နဲ့ အာဆင်နယ်အသင်းတို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့ အားနည်းတဲ့ ခံစစ်ကို အင်အားဖြည့်တင်းချင်နေတာ ဖြစ်ပါတယ်။

နည္းျပလမ္းပတ္ေအာက္မွာ မ်က္ႏွာသာေပးမခံရတဲ့ ဂ်ာမနီလက္ေရြးစင္ေနာက္ခံလူ ရူဒီဂါကို ေခၚယူရန္ ရည္ရြယ္ေနတဲ့ စပါးအသင္း

စပါးအသင္းဟာ ခ်ဲလ္ဆီးေနာက္ခံလူ ရူဒီဂါကို ေခၚယူရန္ စိတ္၀င္စားေနတဲ့ အသင္းေတြထဲက တစ္သငး္ျဖစ္လာပါတယ္။ အသက္၂၇ ႏွစ္အရြယ္ေနာက္ခံလူဟာ ခ်ဲလ္ဆီးနည္းျပလမ္းပတ္ရဲ႕ လက္ေအာက္မွာ ေနာက္ဆံုး (၃) ပြဲစလံုး ပါ၀င္ကစားခြင့္မရခဲ့သူ ျဖစ္ပါတယ္။ ၀က္စ္ဟမ္း နဲ႔ ပီအက္စ္ဂ်ီအသင္းတို႔က ရူဒီဂါကို တစ္ႏွစ္အငွားနဲ႔ ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။

စပါးအသင္းဟာ ဂ်ာမနီလက္ေရြးစင္ကစားသမားကိုစိတ္၀င္စားေနေပမယ့္ ခ်ဲလ္ဆီးအသင္းကေတာ့ ျပိဳင္ဘက္အသင္းဆီ အသင္းက ကစားသမားကို ထြက္ခြာခြင့္ေပးႏိုင္ဖြယ္မရွိဘူးလို႔ စကိုင္းစေပါ့ သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ပီအက္စ္ဂ်ီအသင္းက ကမ္းလွမ္းလာပါက လက္ခံသြားရန္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ျပင္သစ္လီဂူး ၁ ခ်န္ပီယံအသင္းကေတာ့ ရူဒီဂါကို တစ္ႏွစ္အငွားနဲ႔ ေခၚယူျပီး အျပီးသတ္၀ယ္ယူသြားဖြယ္ရွိေနတာ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ အဆိုးရြားဆံုး ခံစစ္စာရင္းမွာ ပါ၀င္ခဲ့တဲ့ ၀က္စ္ဟမ္းအသင္းကလည္း ရူဒီဂါကို ေခၚယူခ်င္ေနပါတယ္။ ေဒးဗစ္မိုယက္စ္ရဲ႕အသင္းဟာ ရာသီအဖြင့္ (၂) ပြဲမွာ နယူးကာဆယ္ နဲ႔ အာဆင္နယ္အသင္းတို႔ကို ရႈံးနိမ့္ခဲ့ျပီးေနာက္ အသင္းရဲ႕ အားနည္းတဲ့ ခံစစ္ကို အင္အားျဖည့္တင္းခ်င္ေနတာ ျဖစ္ပါတယ္။