လီနိုက အကောင်းဆုံးဂိုးသမား ၄ ယောက်စာရင်းမဝင်တာကြောင့် မာတီနက်ဇ်ကို ရောင်းချတာ မှားတယ်ဆိုပြီး ပြောခဲ့တဲ့ အာဆင်နယ် ဂန္တဝင်ကစားသမား တိုနီအဒမ်


အာဆင်နယ်ဂန္တဝင်ကစားသမား တိုနီအဒမ်က အသင်းရဲ့ဂိုးသမား လီနိုအနေနဲ့ အကောင်းဆုံးဂိုးသမား ၄ ယောက်စာရင်း မဝင်တာကြောင့် မာတီနက်ဇ်ကို ရောင်းချတာ မှားတယ်ဆိုပြီး ပြောခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ဂိုးသမားတစ်ဦးဖြစ်တဲ့ မာတီနက်ဇ်ဟာ ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် အက်စတွန်ဗီလာအသင်းကို ပြောင်းရွှေ့သွားခဲ့တာပဲ ဖြစ်ပါတယ်။


အာဆင်နယ်နည်းပြ အာတီတာဟာ မာတီနက်ဇ်ကို အသင်းရဲ့ဂိုးသမား လီနိုဒဏ်ရာရနေချိန်မှာ ဦးစားပေးဂိုးသမားအဖြစ် အသုံးပြုခဲ့ပေမယ့် ဒဏ်ရာက လီနိုသက်သာလာချိန်မှာတော့ အရန်အဖြစ်သာ အသုံးပြုခဲ့တာကြောင့် အသင်းမှာ ၈ နှစ် တာကစားခဲ့တဲ့ မာတီနက်ဇ်ဟာ အသင်းပြောင်းသွားခဲ့တာပဲ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ မာတီနက်ဇ်ဟာ အာ ဆင်နယ်ရဲ့ အက်ဖ်အေဖလားရရှိမှုမှာ အဓိက,ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။


အက်စ်တွန်ဗီလာကို ပြောင်းရွှေ့ပြီးနောက် အဓိကဂိုးသမားတစ်ဦးအဖြစ် ကစားခွင့်ရရှိခဲ့တဲ့ မာတီနက်ဇ်ဟာ နှစ်ပွဲကစားပြီး ချိန်မှာ နှစ်ပွဲစလုံးပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပေမယ့် အာဆင်နယ်ကတော့ နှစ်ပွဲမှာ လေးဂိုးအထိပေးခဲ့ရတယ် လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။ ဒီလိုဖော်ပြမှုတွေကြောင့် အာဆင်နယ်ဂန္တဝင်ကစားသမား တိုနီအဒမ်က နည်းပြအာ တီတာရဲ့ လုပ်ဆောင်မှုတွေကို မေးခွန်းထုတ်ခဲ့တယ်လို့လည်း သိရပါတယ်။


တိုနီအဒမ်က “ မာတီနက်ဇ်က အံသြဖွယ်ကောင်းလောက်တဲ့ လက်စွမ်းတွေကို ပိုင်ဆိုင်တဲ့သူတစ်ဦးပါ။ သူနဲ့ လီနိုထဲက အကောင်းဆုံးတစ်ယောက်ကို ရွေးချယ်မယ်ဆိုရင် ကျွန်တော်အတွက်လည်း ခက်ခဲပါလိမ့်မယ်။ လီနိုက ကျွန်တော်အတွက် တော့ အကောင်းဆုံးဂိုးသမားတစ်ယောက် မဟုတ်သလို အကောင်းဆုံးဂိုးသမား ၄ယောက်စာရင်းလည်း မဝင်ပါဘူး။ အသင်းမှာ ၁၀ နှစ်လောက်ကစားခဲ့တဲ့ ကစားသမားတစ်ယောက်ကို လွယ်လွယ်လက်လွှတ်ခဲ့တာ မှားတယ်လိုပဲ ဆိုရမှာ ဖြစ်တယ်” ဆိုပြီး ပြောခဲ့ပါတယ်။

zawgyi version

လီႏိုက အေကာင္းဆံုးဂိုးသမား ၄ ေယာက္စာရင္းမဝင္တာေၾကာင့္ မာတီနက္ဇ္ကို ေရာင္းခ်တာ မွားတယ္ဆိုၿပီး ေျပာခဲ့တဲ့ အာဆင္နယ္ ဂႏၱဝင္ကစားသမား တိုနီအဒမ္
အာဆင္နယ္ဂႏၱဝင္ကစားသမား တိုနီအဒမ္က အသင္းရဲ႕ဂိုးသမား လီႏိုအေနနဲ႔ အေကာင္းဆံုးဂိုးသမား ၄ ေယာက္စာရင္း မဝင္တာေၾကာင့္ မာတီနက္ဇ္ကို ေရာင္းခ်တာ မွားတယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ အာဆင္နယ္အသင္းရဲ႕ဂိုးသမားတစ္ဦးျဖစ္တဲ့ မာတီနက္ဇ္ဟာ ပံုမွန္ပြဲထြက္ခြင့္မရတာေၾကာင့္ အက္စတြန္ဗီလာအသင္းကို ေျပာင္းေရႊ႕သြားခဲ့တာပဲ ျဖစ္ပါတယ္။
အာဆင္နယ္နည္းျပ အာတီတာဟာ မာတီနက္ဇ္ကို အသင္းရဲ႕ဂိုးသမား လီႏိုဒဏ္ရာရေနခ်ိန္မွာ ဦးစားေပးဂိုးသမားအျဖစ္ အသံုးျပဳခဲ့ေပမယ့္ ဒဏ္ရာက လီႏိုသက္သာလာခ်ိန္မွာေတာ့ အရန္အျဖစ္သာ အသံုးျပဳခဲ့တာေၾကာင့္ အသင္းမွာ ၈ ႏွစ္ တာကစားခဲ့တဲ့ မာတီနက္ဇ္ဟာ အသင္းေျပာင္းသြားခဲ့တာပဲ ျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္တဲ့ မာတီနက္ဇ္ဟာ အာ ဆင္နယ္ရဲ႕ အက္ဖ္ေအဖလားရရွိမႈမွာ အဓိက,ကစားသမားတစ္ဦးအျဖစ္ ပါဝင္ခဲ့သူလည္း ျဖစ္ပါတယ္။
အက္စ္တြန္ဗီလာကို ေျပာင္းေရႊ႕ၿပီးေနာက္ အဓိကဂိုးသမားတစ္ဦးအျဖစ္ ကစားခြင့္ရရွိခဲ့တဲ့ မာတီနက္ဇ္ဟာ ႏွစ္ပြဲကစားၿပီး ခ်ိန္မွာ ႏွစ္ပြဲစလံုးေပးဂိုးမရွိေအာင္ စြမ္းေဆာင္ထားႏိုင္ခဲ့ေပမယ့္ အာဆင္နယ္ကေတာ့ ႏွစ္ပြဲမွာ ေလးဂိုးအထိေပးခဲ့ရတယ္ လို႔ သတင္းေတြကေဖာ္ျပခဲ့ပါတယ္။ ဒီလိုေဖာ္ျပမႈေတြေၾကာင့္ အာဆင္နယ္ဂႏၱဝင္ကစားသမား တုိနီအဒမ္က နည္းျပအာ တီတာရဲ႕ လုပ္ေဆာင္မႈေတြကို ေမးခြန္းထုတ္ခဲ့တယ္လို႔လည္း သိရပါတယ္။
တိုနီအဒမ္က “ မာတီနက္ဇ္က အံၾသဖြယ္ေကာင္းေလာက္တဲ့ လက္စြမ္းေတြကို ပိုင္ဆိုင္တဲ့သူတစ္ဦးပါ။ သူနဲ႔ လီႏိုထဲက အေကာင္းဆံုးတစ္ေယာက္ကို ေရြးခ်ယ္မယ္ဆိုရင္ ကြ်န္ေတာ္အတြက္လည္း ခက္ခဲပါလိမ့္မယ္။ လီႏိုက ကြ်န္ေတာ္အတြက္ ေတာ့ အေကာင္းဆံုးဂိုးသမားတစ္ေယာက္ မဟုတ္သလို အေကာင္းဆံုးဂိုးသမား ၄ေယာက္စာရင္းလည္း မဝင္ပါဘူး။ အသင္းမွာ ၁၀ ႏွစ္ေလာက္ကစားခဲ့တဲ့ ကစားသမားတစ္ေယာက္ကို လြယ္လြယ္လက္လႊတ္ခဲ့တာ မွားတယ္လိုပဲ ဆိုရမွာ ျဖစ္တယ္” ဆုိၿပီး ေျပာခဲ့ပါတယ္။