ပွဲစဉ်ဇယားရေးဆွဲမှုအရ ကာရာဘောင်းဖလားကို လက်လွှတ်ရဖို့ ရှိနေတယ်လို့ ပြောခဲ့တဲ့ စပါးနည်းပြ မော်ရင်ဟို


ပြီးခဲ့တဲ့လတုန်းက ၂၂ ရက်အတွင်း ပြိုင်ပွဲစုံ ၉ ပွဲအထိ ကစားရဖို့ရှိနေတာကြောင့် ပွဲစဉ်ရေးဆွဲသူတွေကို ဝေဖန်မှုပြုလုပ်ခဲ့ တဲ့ စပါးနည်းပြ မော်ရင်ဟိုက ဒီတစ်ကြိမ်မှာတော့ ပွဲစဉ်ရေးဆွဲထားမှုအရ လိဂ်ဖလားလို့ခေါ်တဲ့ ကာရာဘောင်ဖလားကို လက်လွှတ်ရဖို့ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။ စပါးဟာ ကာရာဘောင်းဖလားစတုတ္ထအဆင့်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းနဲ့ ယှဉ် ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နယူးကာဆယ်ကို တစ်ဂိုးစီသရေကျခဲ့ပြီးနောက် ၄၈ နာရီအတွင်းမှာ အသင်းဟောင်းဖြစ်တဲ့ ချဲလ် ဆီးနဲ့ ဖလားပွဲကစားရဖို့ ရှိနေတာကြောင့် စပါးနည်းပြမော်ရင်ဟိုက ချဲလ်ဆီးနဲ့ကစားရမယ့်ပွဲထက် လာမယ့်ကြာသပတေး နေ့မှာ ကစားရမယ့် ယူရိုပါလိဂ် Play-offs ပွဲစဉ်ဖြစ်တဲ့ အစ္စရေးကလပ် မက္ကာဘီဟိုင်ဖာအသင်းနဲ့ ပွဲစဉ်ကိုသာ အရေးထား ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။


မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ရာမှာတော့ မော်ရင်ဟိုက “ ပွဲတွေဆက်တိုက်ကစားရတာ အဆင်မပြေပါဘူး။ ၄၈ နာရီခြားပြီး တစ် ပွဲပြီးတစ်ပွဲ ဆက်တိုက်ကစားရနေသလိုဖြစ်နေပါတယ်။ ပွဲစဉ်တွေ ကျပ်နေတာကြောင့် ကာရာဘောင်းဖလားပွဲ တွေကို လက်လွှတ်ခံရမလို ဖြစ်နေတယ်” လို့ ပြောခဲ့ပါတယ်။ စပါးအသင်းဟာ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်တုန်းက လေတန်အိုးရီးယန့်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရခြင်းမရှိဘဲ အနိုင်ရခဲ့ပြီး စတုထ္ထအဆင့်ကို ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။


ဆက်လက်ပြီး မော်ရင်ဟိုက “ ချဲလ်ဆီးဟာ စနေနေ့က ပွဲကစားခဲ့ရပြီးနောက်မှာ တနင်္ဂနွေနဲ့ တနင်္လာ နှစ်ရက် အနားရထား ပါတယ်။ ယူရိုပါလိဂ်မှာက ဒီအဆင့်ကို ကျော်နိုင်မယ်ဆိုရင် အုပ်စုအဆင့်ကိုရောက်မှာဖြစ်ပြီး ပွဲတွေဆက်ကစားရမှာပါ။ ဒါကြောင့် ကာရာဘောင်းဖလားပွဲထက် ယူရိုပါလိဂ်ပွဲက ပိုပြီးအရေးကြီးတယ်လို့ ဆိုရမှာပါ” လို့ပြောခဲ့ပါတယ်။ စပါးဟာ ယူရိုပါလိဂ်ပွဲစဉ်ကစားပြီး ပြန်လာချိန်မှာလည်း ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ကစားဖို့ရှိနေတာပဲ ဖြစ်ပါတယ်။

zawgyi version

ပြဲစဥ္ဇယားေရးဆြဲမႈအရ ကာရာေဘာင္းဖလားကို လက္လႊတ္ရဖို႔ ရွိေနတယ္လို႔ ေျပာခဲ့တဲ့ စပါးနည္းျပ ေမာ္ရင္ဟို
ၿပီးခဲ့တဲ့လတုန္းက ၂၂ ရက္အတြင္း ၿပိဳင္ပြဲစံု ၉ ပြဲအထိ ကစားရဖို႔ရွိေနတာေၾကာင့္ ပြဲစဥ္ေရးဆြဲသူေတြကို ေဝဖန္မႈျပဳလုပ္ခဲ့ တဲ့ စပါးနည္းျပ ေမာ္ရင္ဟိုက ဒီတစ္ၾကိမ္မွာေတာ့ ပြဲစဥ္ေရးဆြဲထားမႈအရ လိဂ္ဖလားလို႔ေခၚတဲ့ ကာရာေဘာင္ဖလားကို လက္လႊတ္ရဖို႔ ရွိေနတယ္လို႔ ေျပာခဲ့ပါတယ္။ စပါးဟာ ကာရာေဘာင္းဖလားစတုတၳအဆင့္ပြဲစဥ္မွာ ခ်ဲလ္ဆီးအသင္းနဲ႔ ယွဥ္ ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့တနဂၤေႏြေန႔က နယူးကာဆယ္ကို တစ္ဂိုးစီသေရက်ခဲ့ၿပီးေနာက္ ၄၈ နာရီအတြင္းမွာ အသင္းေဟာင္းျဖစ္တဲ့ ခ်ဲလ္ ဆီးနဲ႔ ဖလားပြဲကစားရဖို႔ ရွိေနတာေၾကာင့္ စပါးနည္းျပေမာ္ရင္ဟိုက ခ်ဲလ္ဆီးနဲ႔ကစားရမယ့္ပြဲထက္ လာမယ့္ၾကာသပေတး ေန႔မွာ ကစားရမယ့္ ယူရိုပါလိဂ္ Play-offs ပြဲစဥ္ျဖစ္တဲ့ အစၥေရးကလပ္ မကၠာဘီဟိုင္ဖာအသင္းနဲ႔ ပြဲစဥ္ကိုသာ အေရးထား ေၾကာင္း ေျပာခဲ့တယ္လို႔ သိရပါတယ္။
မီဒီယာေတြနဲ႔ ေတြ႕ဆံုခဲ့ရာမွာေတာ့ ေမာ္ရင္ဟိုက “ ပြဲေတြဆက္တိုက္ကစားရတာ အဆင္မေျပပါဘူး။ ၄၈ နာရီျခားၿပီး တစ္ ပြဲၿပီးတစ္ပြဲ ဆက္တိုက္ကစားရေနသလိုျဖစ္ေနပါတယ္။ ပြဲစဥ္ေတြ က်ပ္ေနတာေၾကာင့္ ကာရာေဘာင္းဖလားပြဲ ေတြကို လက္လႊတ္ခံရမလို ျဖစ္ေနတယ္” လို႔ ေျပာခဲ့ပါတယ္။ စပါးအသင္းဟာ ကာရာေဘာင္းဖလား တတိယအဆင့္ပြဲစဥ္တုန္းက ေလတန္အိုးရီးယန္႔အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရျခင္းမရွိဘဲ အႏိုင္ရခဲ့ၿပီး စတုထၳအဆင့္ကို ေရာက္ရွိခဲ့တာပဲ ျဖစ္ပါတယ္။
ဆက္လက္ၿပီး ေမာ္ရင္ဟိုက “ ခ်ဲလ္ဆီးဟာ စေနေန႔က ပြဲကစားခဲ့ရၿပီးေနာက္မွာ တနဂၤေႏြနဲ႔ တနလၤာ ႏွစ္ရက္ အနားရထား ပါတယ္။ ယူရိုပါလိဂ္မွာက ဒီအဆင့္ကို ေက်ာ္ႏိုင္မယ္ဆိုရင္ အုပ္စုအဆင့္ကိုေရာက္မွာျဖစ္ၿပီး ပြဲေတြဆက္ကစားရမွာပါ။ ဒါေၾကာင့္ ကာရာေဘာင္းဖလားပြဲထက္ ယူရိုပါလိဂ္ပြဲက ပိုၿပီးအေရးၾကီးတယ္လို႔ ဆိုရမွာပါ” လို႔ေျပာခဲ့ပါတယ္။ စပါးဟာ ယူရိုပါလိဂ္ပြဲစဥ္ကစားၿပီး ျပန္လာခ်ိန္မွာလည္း ယူႏိုက္တက္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ ကစားဖို႔ရွိေနတာပဲ ျဖစ္ပါတယ္။