လီဗာပူးအသင်း ချန်ပီယံဖြစ်ဖို့ထက် ဖူလ်ဟမ်မှာ သူဆက်ရှိဖို့က ပိုပြီးသေချာတယ်လို့ ကာရေဂါရဲ့ ထင်မြင်မှုကို ပြန်လည် ချေပခဲ့တဲ့ နည်းပြ စကော့ပါကား


ပရီးမီးယားလိဂ်ပြိုင်ပွဲကို ချန်ပီယံရှစ်ပလေးအော့ဖ်ပြိုင်ပွဲကနေတဆင့် အနိုင်ရပြီး တန်းတက်ခွင့်ရခဲ့တဲ့ ဖူလ်ဟမ်ဟာ ကစား ပြီးခဲ့တဲ့ သုံးပွဲစလုံး ရှုံးခဲ့တာကြောင့် ဝေဖန်ခံနေရတာဖြစ်ပြီး ဘောလုံးပွဲသုံးသပ်သူတစ်ဦးဖြစ်တဲ့ လီဗာပူးနောက်ခံလူ ဟောင်း ကာရေဂါက နည်းပြစကော့ပါကားအနေနဲ့ ထုတ်ပယ်ခံရနိုင်ကြောင်း တွစ်တာအကောင့်မှာ ရေးသားခဲ့တာပဲ ဖြစ်ပါ တယ်။


ပြီးခဲ့တဲ့တနင်္လာနေ့မှာ ကစားခဲ့တဲ့ အက်စ်တွန်ဗီလာနဲပွဲအပြီးမှာ ဖူလ်ဟမ်အသင်းပိုင်ရှင်တိုနီခန်းက ဆိုရှယ်မီဒီယာတစ်ခု ဖြစ်တဲ့ တွစ်တာအကောင့်ကနေ အသင်းပရိသတ်တွေကို တောင်းပန်မှုပြုလုပ်တဲ့ ပို့စ်တင်ခဲ့တာဖြစ်ပြီး ကာရေဂါက ထင်မြင် ချက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ကာရေဂါက အလုပ်မဖြစ်တာကို လုပ်ခဲ့မယ်ဆိုရင် ဒါကို ရပ်တန့်သင့်ပါတယ်ဆိုပြီး ရေးသားခဲ့ တာဖြစ်ပါတယ်။


ကာရေဂါရဲ့ ရေးသားချက်က ဖူလ်ဟမ်နည်းပြစကော့ပါကားကို ထုတ်ပယ်ဖို့ ရေးသားခဲ့သလိုဖြစ်တာကြောင့် စကော့ပါကား က “ ဖူလ်ဟမ်နည်းပြအဖြစ် ကျွန်တော်ဆက်ရှိနေဖို့ဆိုတာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးရဖို့ထက်တောင် သေချာ ပါတယ်။ ရာသီကုန်သွားလို့ ဖူလ်ဟမ်အနေနဲ့ တန်းပြန်ဆင်းသွားရခဲ့ရင်တောင် အသင်းရဲ့နည်းပြအဖြစ် ကျွန်တော်ရှိနေဦး မှာပါ ” လို့ ပြန်ပြီးတုန့်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။


ကာရေဂါက ဖူလ်ဟမ်အနေနဲ့ ပြီးခဲ့တဲ့ ၂ နှစ်မှာ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်ခဲ့တုန်းက ကစားသမားတွေကို ငွေကြေး များစွာသုံးစွဲပြီးခေါ်ယူခဲ့ပေမယ့် ရာသီအကုန်မှာ တန်းဆင်းခဲ့ရတာကို ထောက်ပြပြောဆိုမှုတွေရှိခဲ့တယ်လို့လည်း သိရပါ တယ်။ ဖူလ်ဟမ်အသင်းပိုင်ရှင် တိုနီခန်းက အသင်းအနေနဲ့ တန်းတက်ခွင့်ရပြီးနောက်မှာ လိုချင်တဲ့ နောက်ခံလူ ၄ဦးကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

zawgyi version

လီဗာပူးအသင္း ခ်န္ပီယံျဖစ္ဖို႔ထက္ ဖူလ္ဟမ္မွာ သူဆက္ရွိဖို႔က ပိုၿပီးေသခ်ာတယ္လို႔ ကာေရဂါရဲ႕ ထင္ျမင္မႈကို ျပန္လည္ ေခ်ပခဲ့တဲ့ နည္းျပ စေကာ့ပါကား
ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို ခ်န္ပီယံရွစ္ပေလးေအာ့ဖ္ၿပိဳင္ပြဲကေနတဆင့္ အႏိုင္ရၿပီး တန္းတက္ခြင့္ရခဲ့တဲ့ ဖူလ္ဟမ္ဟာ ကစား ၿပီးခဲ့တဲ့ သံုးပြဲစလံုး ရႈံးခဲ့တာေၾကာင့္ ေဝဖန္ခံေနရတာျဖစ္ၿပီး ေဘာလံုးပြဲသံုးသပ္သူတစ္ဦးျဖစ္တဲ့ လီဗာပူးေနာက္ခံလူ ေဟာင္း ကာေရဂါက နည္းျပစေကာ့ပါကားအေနနဲ႔ ထုတ္ပယ္ခံရႏုိင္ေၾကာင္း တြစ္တာအေကာင့္မွာ ေရးသားခဲ့တာပဲ ျဖစ္ပါ တယ္။
ၿပီးခဲ့တဲ့တနလၤာေန႔မွာ ကစားခဲ့တဲ့ အက္စ္တြန္ဗီလာနဲပြဲအၿပီးမွာ ဖူလ္ဟမ္အသင္းပိုင္ရွင္တိုနီခန္းက ဆိုရွယ္မီဒီယာတစ္ခု ျဖစ္တဲ့ တြစ္တာအေကာင့္ကေန အသင္းပရိသတ္ေတြကို ေတာင္းပန္မႈျပဳလုပ္တဲ့ ပို႔စ္တင္ခဲ့တာျဖစ္ၿပီး ကာေရဂါက ထင္ျမင္ ခ်က္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ ကာေရဂါက အလုပ္မျဖစ္တာကို လုပ္ခဲ့မယ္ဆိုရင္ ဒါကို ရပ္တန္႔သင့္ပါတယ္ဆိုၿပီး ေရးသားခဲ့ တာျဖစ္ပါတယ္။
ကာေရဂါရဲ႕ ေရးသားခ်က္က ဖူလ္ဟမ္နည္းျပစေကာ့ပါကားကို ထုတ္ပယ္ဖို႔ ေရးသားခဲ့သလိုျဖစ္တာေၾကာင့္ စေကာ့ပါကား က “ ဖူလ္ဟမ္နည္းျပအျဖစ္ ကြ်န္ေတာ္ဆက္ရွိေနဖို႔ဆိုတာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို လီဗာပူးရဖို႔ထက္ေတာင္ ေသခ်ာ ပါတယ္။ ရာသီကုန္သြားလို႔ ဖူလ္ဟမ္အေနနဲ႔ တန္းျပန္ဆင္းသြားရခဲ့ရင္ေတာင္ အသင္းရဲ႕နည္းျပအျဖစ္ ကြ်န္ေတာ္ရွိေနဦး မွာပါ ” လို႔ ျပန္ၿပီးတုန္႔ျပန္ခဲ့တာပဲ ျဖစ္ပါတယ္။
ကာေရဂါက ဖူလ္ဟမ္အေနနဲ႔ ၿပီးခဲ့တဲ့ ၂ ႏွစ္မွာ ပရီးမီးယားလိဂ္ကို တန္းတက္ႏိုင္ခဲ့တုန္းက ကစားသမားေတြကို ေငြေၾကး မ်ားစြာသံုးစြဲၿပီးေခၚယူခဲ့ေပမယ့္ ရာသီအကုန္မွာ တန္းဆင္းခဲ့ရတာကို ေထာက္ျပေျပာဆိုမႈေတြရွိခဲ့တယ္လို႔လည္း သိရပါ တယ္။ ဖူလ္ဟမ္အသင္းပိုင္ရွင္ တိုနီခန္းက အသင္းအေနနဲ႔ တန္းတက္ခြင့္ရၿပီးေနာက္မွာ လိုခ်င္တဲ့ ေနာက္ခံလူ ၄ဦးကို ေခၚယူႏိုင္ခဲ့ျခင္းမရွိဘူးလို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။