ဆိုးလ်ရှားရဲ့ ပျော်စရာကာလတွေက ပြီးဆုံးသွားတာကြောင့် အသင်းကို ဖလားတစ်လုံးရအောင် စွမ်းဆောင်ပေးနိုင်ဖို့ လိုအပ်နေပြီ လို့ ပြောခဲ့တဲ့ ရွိုင်ကိန်း


ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ရွိုင်ကိန်းက လက်ရှိနည်းပြ ဆိုးလ်ရှားရဲ့ ပျော်စရာကာလတွေက ပြီးဆုံးသွားပြီးလို့ ပြောခဲ့ပြီး ဆိုးလ်ရှားအနေနဲ့ အသင်းကို ချန်ပီယံဆုတစ်ဆု ရယူနိုင်အောင်စွမ်းဆောင်ပေးနိုင်ဖို့ လိုအပ် ကြောင်းပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ ၂၀၁၇-၁၈ ရာသီကတည်းက ပြိုင်ပွဲစုံမှာ ချန်ပီယံဆု ရရှိခဲ့ခြင်း မရှိတာအတွက် ဝေဖန်ခံနေရတာလည်း ဖြစ်ပါတယ်။

၂၀၁၈-၁၉ ဘောလုံးရာသီမှာ ယူနိုက်တက်နည်းပြဖြစ်လာတဲ့ ဆိုးလ်ရှားအနေနဲ့ ဒီရာသီဟာ အသင်းကို သုံးရာသီမြောက် ကိုင်တွယ်တာဖြစ်တာကြောင့် ဆုဖလားရယူဖို့အတွက် ရွိုင်ကိန်းက သတိပေးခဲ့တာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဆိုးလ် ရှားကိုင်တွယ်ခဲ့တဲ့ နှစ်ရာသီစလုံး ပရီးမီးယားလိဂ်ရာသီသိမ်းချိန်မှာ ရမှတ် ၆၆ မှတ်စီ ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ နည်းပြဟောင်း မော်ရင်ဟိုက ယူရိုပါလိဂ်နဲ့ လိဂ်ဖလားကို တစ်နှစ်တည်းမှာ ရယူနိုင်ပြီးကတည်းက ယူနိုက်တက်ဟာ ဆုဖလား ရရှိခဲ့ခြင်းမရှိတာဘဲ ဖြစ်ပါတယ်။


Sky Sports မှာဘောလုံးပွဲ ဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ ရွိုင်ကိန်းက “ ဆိုးလ်ရှားအနေနဲ့ ဒီနှစ်မှာ အသင်းကို အရင်နှစ်တွေကနဲ့ မတူတဲ့ပုံစံနဲ့ တစ်ခုခုလုပ်ပြဖို့ လိုအပ်နေပါပြီ။ ဒီရာသီမှာ ဆိုးလ်ရှားအနေနဲ့ ဆုဖလားတစ်လုံးတော့ ရယူ ပြနိုင်ဖို့ လိုနေပါပြီ။ အခုချိန်မှာ ဒီလိုပြောတာက သူအတွက် ဖိအားဖြစ်စေမှာ ဆိုပေမယ့် ရာသီအစကတည်းက လုပ်ဆောင် ရမှာ ဖြစ်တာမို့ ပြောရတာပါ” ဆိုပြီး ပြောခဲ့ပါတယ်။


ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နှစ်ပွဲကစားခဲ့ပြီးချိန်မှာ နှစ်ပွဲစလုံးခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ ရုန်းကန် ခဲ့ရပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ ယူနိုက်တက်အနေနဲ့ ရှုံးခဲ့သလို ဘရိုက်တန်နဲ့ပွဲမှာလည်း ပွဲပြီးခါနီးနောက်ဆုံးမိနစ် ရောက်မှ အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ စပါး၊နယူးကာဆယ်၊ ချဲလ် ဆီး၊ အာဆင်နယ်၊ အဲဗာတန်တို့နဲ့ ဆက်တိုက်ကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

ဆိုးလ္ရွားရဲ႕ ေပ်ာ္စရာကာလေတြက ၿပီးဆံုးသြားတာေၾကာင့္ အသင္းကို ဖလားတစ္လံုးရေအာင္ စြမ္းေဆာင္ေပးႏုိင္ဖို႔ လိုအပ္ေနၿပီ လို႔ ေျပာခဲ့တဲ့ ရြိဳင္ကိန္း
ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္တဲ့ ရြိဳင္ကိန္းက လက္ရွိနည္းျပ ဆိုးလ္ရွားရဲ႕ ေပ်ာ္စရာကာလေတြက ၿပီးဆံုးသြားၿပီးလို႔ ေျပာခဲ့ၿပီး ဆိုးလ္ရွားအေနနဲ႔ အသင္းကို ခ်န္ပီယံဆုတစ္ဆု ရယူႏုိင္ေအာင္စြမ္းေဆာင္ေပးႏုိင္ဖို႔ လိုအပ္ ေၾကာင္းေျပာခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ၂၀၁၇-၁၈ ရာသီကတည္းက ၿပိဳင္ပြဲစံုမွာ ခ်န္ပီယံဆု ရရွိခဲ့ျခင္း မရွိတာအတြက္ ေဝဖန္ခံေနရတာလည္း ျဖစ္ပါတယ္။
၂၀၁၈-၁၉ ေဘာလံုးရာသီမွာ ယူႏိုက္တက္နည္းျပျဖစ္လာတဲ့ ဆိုးလ္ရွားအေနနဲ႔ ဒီရာသီဟာ အသင္းကို သံုးရာသီေျမာက္ ကိုင္တြယ္တာျဖစ္တာေၾကာင့္ ဆုဖလားရယူဖို႔အတြက္ ရြိဳင္ကိန္းက သတိေပးခဲ့တာပဲ ျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ ဆိုးလ္ ရွားကိုင္တြယ္ခဲ့တဲ့ ႏွစ္ရာသီစလံုး ပရီးမီးယားလိဂ္ရာသီသိမ္းခ်ိန္မွာ ရမွတ္ ၆၆ မွတ္စီ ရရွိခဲ့တာျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္မွာ နည္းျပေဟာင္း ေမာ္ရင္ဟိုက ယူရိုပါလိဂ္နဲ႔ လိဂ္ဖလားကို တစ္ႏွစ္တည္းမွာ ရယူႏုိင္ၿပီးကတည္းက ယူႏုိက္တက္ဟာ ဆုဖလား ရရွိခဲ့ျခင္းမရွိတာဘဲ ျဖစ္ပါတယ္။
Sky Sports မွာေဘာလံုးပြဲ ေဝဖန္သံုးသပ္သူအျဖစ္ လုပ္ကိုင္ေနတဲ့ ရြိဳင္ကိန္းက “ ဆိုးလ္ရွားအေနနဲ႔ ဒီႏွစ္မွာ အသင္းကို အရင္ႏွစ္ေတြကနဲ႔ မတူတဲ့ပံုစံနဲ႔ တစ္ခုခုလုပ္ျပဖို႔ လိုအပ္ေနပါၿပီ။ ဒီရာသီမွာ ဆိုးလ္ရွားအေနနဲ႔ ဆုဖလားတစ္လံုးေတာ့ ရယူ ျပႏုိင္ဖို႔ လိုေနပါၿပီ။ အခုခ်ိန္မွာ ဒီလိုေျပာတာက သူအတြက္ ဖိအားျဖစ္ေစမွာ ဆိုေပမယ့္ ရာသီအစကတည္းက လုပ္ေဆာင္ ရမွာ ျဖစ္တာမို႔ ေျပာရတာပါ” ဆိုၿပီး ေျပာခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ဒီရာသီ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ႏွစ္ပြဲကစားခဲ့ၿပီးခ်ိန္မွာ ႏွစ္ပြဲစလံုးေျခစြမ္းျပႏိုင္ခဲ့ျခင္းမရွိဘဲ ရုန္းကန္ ခဲ့ရပါတယ္။ ခရစၥတယ္ပဲေလ့စ္နဲ႔ ပြဲမွာ ယူႏုိက္တက္အေနနဲ႔ ရႈံးခဲ့သလို ဘရိုက္တန္နဲ႔ပြဲမွာလည္း ပြဲၿပီးခါနီးေနာက္ဆံုးမိနစ္ ေရာက္မွ အႏိုင္ရခဲ့တာပဲ ျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ လာမယ့္ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ စပါး၊နယူးကာဆယ္၊ ခ်ဲလ္ ဆီး၊ အာဆင္နယ္၊ အဲဗာတန္တို႔နဲ႔ ဆက္တိုက္ကစားရမွာပဲ ျဖစ္ပါတယ္။