ဝက်စ်ဘရွန်းနဲ့ သုံးဂိုးစီသရေကျခဲ့တဲ့ ပွဲအပြီးမှာ ခံစစ်ကစားသမားတွေကို တစ်ယောက်ချင်းအပြစ်တင်ခဲ့တဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ်


ဝက်စ်ဘရွန်းနဲ့ သုံးဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာတော့ ချဲလ်ဆီးနည်းပြလမ်းပတ်အနေနဲ့ အသင်းရဲ့ခံစစ်သမားတစ်ယောက် ချင်းစီကို အပြစ်တင်ခဲ့တယ်လို့ သိရပါတယ်။ နွေရာသီအပြောင်းအရွှေ့မှာ အပြောင်းအလဲအများကြီးပြုလုပ်ထားတာ ကြောင့် စောင့်ကြည့်ခံနေရတဲ့ ချဲလ်ဆီးဟာ ဝက်စ်ဘရွန်းနဲ့ပွဲတုန်းက ဦးဆောင်ဂိုးသုံးဂိုးပေးခဲ့ရပြီး နောက်ကနေ လိုက် ကစားခဲ့ရပြီးမှ သုံးဂိုးစီသရေကျခဲ့တာပဲ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ ချဲလ်ဆီးနည်းပြလမ်းပတ်က ဝက်စ်ဘရွန်းနဲ့ပွဲမှာ ဘယ်နောက်ခံလူအဖြစ်ကစားခဲ့တဲ့ မားကို့စ်အလွန်ဆိုရဲ့ အမှားတွေကနေ ပေးဂိုးတွေ ပေးခဲ့ရတာဖြစ်ကြောင်း ပြောခဲ့သလို နွေရာသီအပြောင်းအရွှေ့မှာမှ ခေါ်ယူထားပြီး အသင်း ခေါင်းဆောင်အဖြစ် ကစားစေခဲ့တဲ့ သီယာဂိုဆေးလ်ဗားရဲ့ စွမ်းဆောင်ရည်ကိုလည်း အပြစ်တင်ခဲ့ကြောင်း သိရပါတယ်။ ချဲလ်ဆီးရဲ့ ပေးဂိုးသုံးဂိုးမှာ ပထမဂိုးနဲ့ တတိယဂိုးက အလွန်ဆို နဲ့ ဒုတိယဂိုးက သီယာဂိုဆေးလ်ဗားရဲ့ အမှားတွေကြောင့် ပေးခဲ့ရတာလို့ လမ်းပတ်က ပြောခဲ့တာပဲ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ Sky Sports ကနေတဆင့် လမ်းပတ်က “ ပထမပေးလိုက်ရတဲ့ဂိုးဆိုရင် အလွန်ဆိုရဲ့ အမှားကနေပေး လိုက်ရတာ အရှင်းကြီးတွေ့ရမှာပါ။ဒုတိယဂိုးမှာလည်း သီယာဂိုဆေးလ်ဗားရဲ့ အမှားက သိသာလွန်းပါတယ်။ တတိယဂိုး ဆိုရင်လည်း ထောင့်ကန်ဘောမကန်ခင်မှာ အလွန်ဆိုအနေနဲ့ လူကပ်ထားရမယ့်သူဆီမှာ ရှိမနေတာကြောင့် ပေးခဲ့ရတာပါ” ဆိုပြီး ပြောခဲ့တာပဲ ဖြစ်ပါတယ်။


ချဲလ်ဆီးအသင်းဟာ ဘယ်နောက်ခံလူနေရာအတွက် လက်စတာက ဘင်ချီဝဲလ်ကို ခေါ်ယူထားတာကြောင့် အသင်းမှာရှိတဲ့ မားကို့စ်အလွန်ဆိုနဲ့ အီမာဆင်တို့ နှစ်ဦးထဲက တစ်ဦးကိုရောင်းချဖို့ ရှိနေတယ်လို့ သိရပါတယ်။ အီမာဆင်ကို ဒီတစ်ပတ်အ တွင်းမှာ ချဲလ်ဆီးနည်းပြဟောင်း ကွန်တီကိုင်တွယ်နေတဲ့ အင်တာမီလန်က ပေါင် ၂၂ သန်းနဲ့ခေါ်ယူဖို့အတွက် ပြင်ဆင်နေ တယ်လို့လည်း သိရပါတယ်။

zawgyi version

ဝက္စ္ဘရြန္းနဲ႔ သံုးဂိုးစီသေရက်ခဲ့တဲ့ ပြဲအၿပီးမွာ ခံစစ္ကစားသမားေတြကို တစ္ေယာက္ခ်င္းအျပစ္တင္ခဲ့တဲ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္
ဝက္စ္ဘရြန္းနဲ႔ သံုးဂိုးစီ သေရက်ခဲ့တဲ့ပြဲအၿပီးမွာေတာ့ ခ်ဲလ္ဆီးနည္းျပလမ္းပတ္အေနနဲ႔ အသင္းရဲ႕ခံစစ္သမားတစ္ေယာက္ ခ်င္းစီကို အျပစ္တင္ခဲ့တယ္လို႔ သိရပါတယ္။ ေႏြရာသီအေျပာင္းအေရႊ႕မွာ အေျပာင္းအလဲအမ်ားၾကီးျပဳလုပ္ထားတာ ေၾကာင့္ ေစာင့္ၾကည့္ခံေနရတဲ့ ခ်ဲလ္ဆီးဟာ ဝက္စ္ဘရြန္းနဲ႔ပြဲတုန္းက ဦးေဆာင္ဂိုးသံုးဂိုးေပးခဲ့ရၿပီး ေနာက္ကေန လိုက္ ကစားခဲ့ရၿပီးမွ သံုးဂိုးစီသေရက်ခဲ့တာပဲ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ ခ်ဲလ္ဆီးနည္းျပလမ္းပတ္က ဝက္စ္ဘရြန္းနဲ႔ပြဲမွာ ဘယ္ေနာက္ခံလူအျဖစ္ကစားခဲ့တဲ့ မားကို႔စ္အလြန္ဆိုရဲ႕ အမွားေတြကေန ေပးဂိုးေတြ ေပးခဲ့ရတာျဖစ္ေၾကာင္း ေျပာခဲ့သလို ေႏြရာသီအေျပာင္းအေရႊ႕မွာမွ ေခၚယူထားၿပီး အသင္း ေခါင္းေဆာင္အျဖစ္ ကစားေစခဲ့တဲ့ သီယာဂိုေဆးလ္ဗားရဲ႕ စြမ္းေဆာင္ရည္ကိုလည္း အျပစ္တင္ခဲ့ေၾကာင္း သိရပါတယ္။ ခ်ဲလ္ဆီးရဲ႕ ေပးဂိုးသံုးဂိုးမွာ ပထမဂိုးနဲ႔ တတိယဂိုးက အလြန္ဆို နဲ႔ ဒုတိယဂိုးက သီယာဂိုေဆးလ္ဗားရဲ႕ အမွားေတြေၾကာင့္ ေပးခဲ့ရတာလို႔ လမ္းပတ္က ေျပာခဲ့တာပဲ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ Sky Sports ကေနတဆင့္ လမ္းပတ္က “ ပထမေပးလိုက္ရတဲ့ဂိုးဆိုရင္ အလြန္ဆိုရဲ႕ အမွားကေနေပး လိုက္ရတာ အရွင္းၾကီးေတြ႕ရမွာပါ။ဒုတိယဂိုးမွာလည္း သီယာဂိုေဆးလ္ဗားရဲ႕ အမွားက သိသာလြန္းပါတယ္။ တတိယဂိုး ဆိုရင္လည္း ေထာင့္ကန္ေဘာမကန္ခင္မွာ အလြန္ဆိုအေနနဲ႔ လူကပ္ထားရမယ့္သူဆီမွာ ရွိမေနတာေၾကာင့္ ေပးခဲ့ရတာပါ” ဆိုၿပီး ေျပာခဲ့တာပဲ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ ဘယ္ေနာက္ခံလူေနရာအတြက္ လက္စတာက ဘင္ခ်ီဝဲလ္ကို ေခၚယူထားတာေၾကာင့္ အသင္းမွာရွိတဲ့ မားကို႔စ္အလြန္ဆိုနဲ႔ အီမာဆင္တို႔ ႏွစ္ဦးထဲက တစ္ဦးကိုေရာင္းခ်ဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ အီမာဆင္ကို ဒီတစ္ပတ္အ တြင္းမွာ ခ်ဲလ္ဆီးနည္းျပေဟာင္း ကြန္တီကိုင္တြယ္ေနတဲ့ အင္တာမီလန္က ေပါင္ ၂၂ သန္းနဲ႔ေခၚယူဖို႔အတြက္ ျပင္ဆင္ေန တယ္လို႔လည္း သိရပါတယ္။