လီဗာပူးက အာဆင်နယ်ထက် ပိုကောင်းပြီး သူတို့လိုအဆင့်မျိုးရောက်အောင် လုပ်ရမယ်လို့ ပြောခဲ့တဲ့ အာဆင်နယ်နည်းပြ အာတီတာ


အာဆင်နယ်နည်းပြ အာတီတာက လီဗာပူးနဲ့ ကစားခဲ့တဲ့ပွဲမှာ သုံးဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ပြစ်တင်ဝေဖန်မှုမပြုလုပ်ခဲ့ဘဲ လီဗာပူးက အာဆင်နယ်ထက် ပိုကောင်းပြီး သူတို့လိုအဆင့်မျိုးရောက်အောင် လုပ်ဆောင်ရမယ်လို့ ပြောခဲ့ပါတယ်။ အာ ဆင်နယ်ဟာ လာကာဇက်တီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးခဲ့ရတာ ဖြစ်ပါတယ်။


လီဗာပူးက နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရနေတဲ့အချိန်မှာ အာဆင်နယ်တိုက်စစ်မှူး လာကာဇက်တီအနေနဲ့ တစ်ဦးချင်းကန်သွင်း ခွင့် နှစ်ကြိမ်အထိရရှိခဲ့ပေမယ့် ဂိုးရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိတာကြောင့် လိုအပ်နေတဲ့ချေပဂိုးမရခဲ့ဘဲ လီဗာပူး ကစားသမားသစ် ဂျိုတာရဲ့ တတိယမြောက်သွင်းဂိုးကို ခွင့်ပြုခဲ့ရတာပဲ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ အာဆင်နယ်နည်းပြ အာတီတာက ဒီပွဲမှာ လီဗာပူးအသင်းရဲ့ စွမ်းဆောင်ရည်က ပိုကောင်းကြောင်း ဝန်ခံသွားခဲ့ပါတယ်။


အာဆင်နယ်နည်းပြ အာတီတာက “ ပွဲကောင်းတစ်ပွဲရဲ့ အစိတ်အပိုင်းအဖြစ် ကျွန်တော်တို့ ပါဝင်ခွင့်ရခဲ့ပါတယ်။သူတို့က ကျွန်တော်တို့ထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြနိုင်ခဲ့ပါတယ်။ အသင်းရဲ့လက်ရှိစွမ်းဆောင်ရည်အတွက် ပျော် ရွှင်မိပါတယ်။ ကျွန်တော်တို့က ငါးနှစ်တာ အတူရှိခဲ့ကြတာမဟုတ်သေးပါဘူး။ အခုမှ လပိုင်းပဲရှိသေးတာကြောင့် လီဗာပူး လို အဆင့်မျိုးရောက်အောင် လုပ်ဆောင်သွားမှာပါ” လို့ BBC Sports ကို ပြောခဲ့ပါတယ်။


ပြီးခဲ့တဲ့နေ့က ကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်အနေနဲ့ အောက်ကြေးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ပြီးခဲ့တဲ့လပိုင်းတွေ တုန်းက လီဗာပူးနဲ့ တွေ့ဆုံခဲ့တဲ့နှစ်ကြိမ်မှာ နိုင်ပွဲရအောင်စွမ်းဆောင်နိုင်ခဲ့တာကြောင့် ပွဲကောင်းတစ်ပွဲဖြစ်လာမယ်လို့ သတင်းတွေက ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ အာဆင်နယ်အသင်းနောက်ခံလူ ဘယ်လာရင်ကလည်း အာတီတာရဲ့ ပြောဆိုမှု တွေကို ထောက်ခံခဲ့ပြီး အမှားတွေပြုလုပ်ခဲ့လို့သာ ရှုံးပွဲတွေ့ခဲ့ရကြောင်း ပြောခဲ့ပါတယ်။

zawgyi version

လီဗာပူးက အာဆင္နယ္ထက္ ပိုေကာင္းၿပီး သူတို႔လိုအဆင့္မ်ိဳးေရာက္ေအာင္ လုပ္ရမယ္လို႔ ေျပာခဲ့တဲ့ အာဆင္နယ္နည္းျပ အာတီတာ
အာဆင္နယ္နည္းျပ အာတီတာက လီဗာပူးနဲ႔ ကစားခဲ့တဲ့ပြဲမွာ သံုးဂိုးတစ္ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္ ျပစ္တင္ေဝဖန္မႈမျပဳလုပ္ခဲ့ဘဲ လီဗာပူးက အာဆင္နယ္ထက္ ပိုေကာင္းၿပီး သူတို႔လိုအဆင့္မ်ိဳးေရာက္ေအာင္ လုပ္ေဆာင္ရမယ္လို႔ ေျပာခဲ့ပါတယ္။ အာ ဆင္နယ္ဟာ လာကာဇက္တီရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြကို ခြင့္ျပဳခဲ့ရၿပီး အေဝးကြင္းမွာ ရႈံးခဲ့ရတာ ျဖစ္ပါတယ္။
လီဗာပူးက ႏွစ္ဂိုးတစ္ဂိုးနဲ႔ အႏိုင္ရေနတဲ့အခ်ိန္မွာ အာဆင္နယ္တိုက္စစ္မွဴး လာကာဇက္တီအေနနဲ႔ တစ္ဦးခ်င္းကန္သြင္း ခြင့္ ႏွစ္ၾကိမ္အထိရရွိခဲ့ေပမယ့္ ဂိုးရရွိေအာင္ စြမ္းေဆာင္ႏုိင္ခဲ့ျခင္းမရွိတာေၾကာင့္ လိုအပ္ေနတဲ့ေခ်ပဂိုးမရခဲ့ဘဲ လီဗာပူး ကစားသမားသစ္ ဂ်ိဳတာရဲ႕ တတိယေျမာက္သြင္းဂိုးကို ခြင့္ျပဳခဲ့ရတာပဲ ျဖစ္ပါတယ္။ ပြဲအၿပီးမွာေတာ့ အာဆင္နယ္နည္းျပ အာတီတာက ဒီပြဲမွာ လီဗာပူးအသင္းရဲ႕ စြမ္းေဆာင္ရည္က ပိုေကာင္းေၾကာင္း ဝန္ခံသြားခဲ့ပါတယ္။
အာဆင္နယ္နည္းျပ အာတီတာက “ ပြဲေကာင္းတစ္ပြဲရဲ႕ အစိတ္အပိုင္းအျဖစ္ ကြ်န္ေတာ္တို႔ ပါဝင္ခြင့္ရခဲ့ပါတယ္။သူတို႔က ကြ်န္ေတာ္တို႔ထက္ ပိုေကာင္းတဲ့ စြမ္းေဆာင္ရည္ေတြကို ျပႏိုင္ခဲ့ပါတယ္။ အသင္းရဲ႕လက္ရွိစြမ္းေဆာင္ရည္အတြက္ ေပ်ာ္ ရႊင္မိပါတယ္။ ကြ်န္ေတာ္တို႔က ငါးႏွစ္တာ အတူရွိခဲ့ၾကတာမဟုတ္ေသးပါဘူး။ အခုမွ လပိုင္းပဲရွိေသးတာေၾကာင့္ လီဗာပူး လို အဆင့္မ်ိဳးေရာက္ေအာင္ လုပ္ေဆာင္သြားမွာပါ” လို႔ BBC Sports ကို ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ေန႔က ကစားခဲ့တဲ့ပြဲမွာ အာဆင္နယ္အေနနဲ႔ ေအာက္ေၾကးအသင္းအျဖစ္ သတ္မွတ္ခံခဲ့ရေပမယ့္ ၿပီးခဲ့တဲ့လပိုင္းေတြ တုန္းက လီဗာပူးနဲ႔ ေတြ႕ဆံုခဲ့တဲ့ႏွစ္ၾကိမ္မွာ ႏိုင္ပြဲရေအာင္စြမ္းေဆာင္ႏိုင္ခဲ့တာေၾကာင့္ ပြဲေကာင္းတစ္ပြဲျဖစ္လာမယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့တာပဲျဖစ္ပါတယ္။ အာဆင္နယ္အသင္းေနာက္ခံလူ ဘယ္လာရင္ကလည္း အာတီတာရဲ႕ ေျပာဆိုမႈ ေတြကို ေထာက္ခံခဲ့ၿပီး အမွားေတြျပဳလုပ္ခဲ့လို႔သာ ရႈံးပြဲေတြ႕ခဲ့ရေၾကာင္း ေျပာခဲ့ပါတယ္။