လီဗာပူး-အာဆင်နယ်ပွဲအပြီး နှစ်သင်းစလုံးကို ဝေဖန်ခဲ့တဲ့ ရွိုင်ကိန်းကြောင့် ပေါက်ကွဲခဲ့တဲ့ လီဗာပူးနည်းပြ ကလော့ပ်


ပြီးခဲ့တဲ့နေ့က ကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ လီဗာပူးဟာ သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဒီရာသီကစားပြီးခဲ့တဲ့ပွဲစဉ် တွေမှာ ရာခိုင်နှုန်းပြည့်နိုင်ပွဲရထားပါတယ်။ အာဆင်နယ်နဲ့ပွဲမှာ လာကာဇက်တီရဲ့ဦးဆောင်ဂိုးကြောင့် လီဗာပူးဟာ နောက် ကနေ လိုက်ကစားခဲ့ရပြီး မာနေး၊ ရော်ဘတ်ဆန်နဲ့ အသစ်ခေါ်ယူထားတဲ့ ဂျိုတာတို့ရဲ့ သွင်းဂိုးကြောင့် အနိုင်ရခဲ့တာပဲ ဖြစ် ပါတယ်။


ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက အသင်းရဲ့ခံစစ်မှာကစားနေတဲ့ကစားသမားအချို့ကြောင့် ကလော့ပ် အနေနဲ့ မပျော်မရွှင်ဖြစ်နေကြောင်း ပြောခဲ့သလို အာဆင်နယ်ရဲ့ ခံစစ်မကစားတတ်မှုကြောင့်သာ လီဗာပူးအနေနဲ့ နိုင်ပွဲရခဲ့ တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အာဆင်နယ်နဲ့ပွဲမှာ လီဗာပူးနောက်ခံလူရော်ဘတ်ဆန်ရဲ့ အမှားကနေတဆင့် လာကာဇက် တီက အာဆင်နယ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ Sky Sports ကနေတဆင့် ရွိုင်ကိန်းက “ လီဗာပူးအသင်းကို ကြည့်ရတာ စက်ပစ္စည်းတစ်ခုကို ကြည့်နေရ သလိုပါပဲ။ တစ်ချိန်လုံးတိုက်စစ်ဆင်ဖို့ကိုပဲ အာရုံစိုက်နေကြပါတယ်။ သူတို့ကစားပုံက ဖိအားတွေရှိနေသလို ခံစားရပါ တယ်။ အာဆင်နယ်က ခံစစ်မကစားတတ်လို့သာ အခုလို ဂိုးတွေရခဲ့တာပါ။ ဒါပေမဲ့ လီဗာပူးဟာ အကောင်းဆုံးရာသီတစ်ခု ကို စတင်နိုင်ခဲ့ပါပြီ” လို့ ပြောခဲ့ပါတယ်။


လီဗာပူးနည်းပြကလော့ပ်က “ ကျွန်တော်ကြားခဲ့တာတွေက အမှန်တွေလား။ မစ္စတာ ရွိုင်ကိန်းက လီဗာပူးရဲ့ကစားပုံကို ဖြစ်ကတတ်ဆန်းကစားတယ်ဆိုပြီး ပြောခဲ့တယ်ပေါ့။ သူအနေနဲ့ ဒီလိုမျိုးပြောတာကို ကျွန်တော်ကြားချင်ပါတယ်။ ဒီလိုမျိုး သူအနေနဲ့ ပြောခဲ့မယ်ဆိုရင် အခြားတစ်ပွဲကို ပြောတာဖြစ်မှာပါ။ အာဆင်နယ်နဲ့ပွဲမှာ လီဗာပူးအနေနဲ့ လျော့တိလျောရဲ့ ကစားခဲ့တာမျိုးမရှိဘဲ ၁၀၀ ရာခိုင်နှုန်း အားစိုက်ကစားခဲ့တာကို တွေ့ရမှာပါ” လို့ ပြန်ပြောခဲ့ပါတယ်။

zawgyi version

လီဗာပူး-အာဆင္နယ္ပြဲအၿပီး ႏွစ္သင္းစလံုးကို ေဝဖန္ခဲ့တဲ့ ရြိဳင္ကိန္းေၾကာင့္ ေပါက္ကြဲခဲ့တဲ့ လီဗာပူးနည္းျပ ကေလာ့ပ္
ၿပီးခဲ့တဲ့ေန႔က ကစားခဲ့တဲ့ အာဆင္နယ္နဲ႔ပြဲမွာ လီဗာပူးဟာ သံုးဂိုးတစ္ဂိုးနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ ဒီရာသီကစားၿပီးခဲ့တဲ့ပြဲစဥ္ ေတြမွာ ရာခိုင္ႏႈန္းျပည့္ႏိုင္ပြဲရထားပါတယ္။ အာဆင္နယ္နဲ႔ပြဲမွာ လာကာဇက္တီရဲ႕ဦးေဆာင္ဂိုးေၾကာင့္ လီဗာပူးဟာ ေနာက္ ကေန လိုက္ကစားခဲ့ရၿပီး မာေနး၊ ေရာ္ဘတ္ဆန္နဲ႔ အသစ္ေခၚယူထားတဲ့ ဂ်ိဳတာတို႔ရဲ႕ သြင္းဂိုးေၾကာင့္ အႏိုင္ရခဲ့တာပဲ ျဖစ္ ပါတယ္။
ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ရြိဳင္ကိန္းက အသင္းရဲ႕ခံစစ္မွာကစားေနတဲ့ကစားသမားအခ်ိဳ႕ေၾကာင့္ ကေလာ့ပ္ အေနနဲ႔ မေပ်ာ္မရႊင္ျဖစ္ေနေၾကာင္း ေျပာခဲ့သလို အာဆင္နယ္ရဲ႕ ခံစစ္မကစားတတ္မႈေၾကာင့္သာ လီဗာပူးအေနနဲ႔ ႏိုင္ပြဲရခဲ့ တာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ အာဆင္နယ္နဲ႔ပြဲမွာ လီဗာပူးေနာက္ခံလူေရာ္ဘတ္ဆန္ရဲ႕ အမွားကေနတဆင့္ လာကာဇက္ တီက အာဆင္နယ္အတြက္ ဦးေဆာင္ဂိုးသြင္းယူခဲ့တာ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ Sky Sports ကေနတဆင့္ ရြိဳင္ကိန္းက “ လီဗာပူးအသင္းကို ၾကည့္ရတာ စက္ပစၥည္းတစ္ခုကို ၾကည့္ေနရ သလုိပါပဲ။ တစ္ခ်ိန္လံုးတိုက္စစ္ဆင္ဖို႔ကိုပဲ အာရံုစိုက္ေနၾကပါတယ္။ သူတို႔ကစားပံုက ဖိအားေတြရွိေနသလို ခံစားရပါ တယ္။ အာဆင္နယ္က ခံစစ္မကစားတတ္လို႔သာ အခုလို ဂိုးေတြရခဲ့တာပါ။ ဒါေပမဲ့ လီဗာပူးဟာ အေကာင္းဆံုးရာသီတစ္ခု ကုိ စတင္ႏိုင္ခဲ့ပါၿပီ” လို႔ ေျပာခဲ့ပါတယ္။
လီဗာပူးနည္းျပကေလာ့ပ္က “ ကြ်န္ေတာ္ၾကားခဲ့တာေတြက အမွန္ေတြလား။ မစၥတာ ရြိဳင္ကိန္းက လီဗာပူးရဲ႕ကစားပံုကို ျဖစ္ကတတ္ဆန္းကစားတယ္ဆိုၿပီး ေျပာခဲ့တယ္ေပါ့။ သူအေနနဲ႔ ဒီလိုမ်ိဳးေျပာတာကို ကြ်န္ေတာ္ၾကားခ်င္ပါတယ္။ ဒီလိုမ်ိဳး သူအေနနဲ႔ ေျပာခဲ့မယ္ဆိုရင္ အျခားတစ္ပြဲကို ေျပာတာျဖစ္မွာပါ။ အာဆင္နယ္နဲ႔ပြဲမွာ လီဗာပူးအေနနဲ႔ ေလ်ာ့တိေလ်ာရဲ႕ ကစားခဲ့တာမ်ိဳးမရွိဘဲ ၁၀၀ ရာခိုင္ႏႈန္း အားစိုက္ကစားခဲ့တာကို ေတြ႕ရမွာပါ” လို႔ ျပန္ေျပာခဲ့ပါတယ္။