ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုကို အငှားနဲ့ ခေါ်ယူရန် ဆက်သွယ်လိုက်တဲ့ ပီအက်စ်ဂျီအသင်း

ပီအက်စ်ဂျီအသင်းဟာ ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုကို အငှားနဲ့ ခေါ်ယူရန် ဆက်သွယ်လိုက်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အီတလီလက်ရွေးစင်ကစားသမားဟာ စနေနေ့က ချဲလ်ဆီးအသင်း ဝက်စ်ဘရွန်းကို (၃-၃) သရေကျခဲ့တဲ့ပွဲမှာ အရန်ခုံမှာသာ ထိုင်ခဲ့ရပြီး အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းမျိုးစုံ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကလည်း အသက် ၂၈ နှစ်အရွယ်ကစားသမားကို ဆက်သွယ်နေပြီး ချဲလ်ဆီးအသင်းသာ ဝက်စ်ဟမ်းအသင်းက ဒီကလန်ရိုက်ကို ခေါ်ယူနိုင်ပါက ဂျော်ဂျင်ဟိုကို လက်လွှတ်ဖွယ်ရှိနေပါတယ်။ သို့သော်လည်း Telefoot က အဆိုအရ ပီအက်စ်ဂျီအသင်းက ကွင်းလယ်လူကို ခေါ်ယူနိုင်ရန် ရေပန်းအစားဆုံး ဖြစ်နေပြီး အငှားနဲ့ ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။

နှစ်သင်းစလုံးက ကစားသမားအတွက် ဆွေးနွေးညှိနှိုင်းနေပြီး သူ့ရဲ့ စတန်းဖိုဒ့်ဘရစ်ချ် နဲ့ စာချုပ်သက်တမ်းက (၃) နှစ်တောင် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ ဂျော်ဂျင်ဟိုဟာ ချဲလ်ဆီးအသင်းဆီ ၂၀၁၈ နွေရာသီက ရောက်ရှိလာပြီး ပွဲ (၁၀၀) ကစားထားပြီး (၁၀) ဂိုးသွင်း (၃) ဂိုးဖန်တီးပေးထားပါတယ်။

ခ်ဲလ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုကို အငွားနဲ႔ ေခၚယူရန္ ဆက္သြယ္လိုက္တဲ့ ပီအက္စ္ဂ်ီအသင္း

ပီအက္စ္ဂ်ီအသင္းဟာ ခ်ဲလ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုကို အငွားနဲ႔ ေခၚယူရန္ ဆက္သြယ္လိုက္တယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ အီတလီလက္ေရြးစင္ကစားသမားဟာ စေနေန႔က ခ်ဲလ္ဆီးအသင္း ၀က္စ္ဘရြန္းကို (၃-၃) သေရက်ခဲ့တဲ့ပြဲမွာ အရန္ခံုမွာသာ ထိုင္ခဲ့ရျပီး အနာဂတ္နဲ႔ ပတ္သက္ျပီး သတင္းမ်ိဳးစံု ထြက္ေပၚေနတာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းကလည္း အသက္ ၂၈ ႏွစ္အရြယ္ကစားသမားကို ဆက္သြယ္ေနျပီး ခ်ဲလ္ဆီးအသင္းသာ ၀က္စ္ဟမ္းအသင္းက ဒီကလန္ရိုက္ကို ေခၚယူႏိုင္ပါက ေဂ်ာ္ဂ်င္ဟိုကို လက္လႊတ္ဖြယ္ရွိေနပါတယ္။ သို႔ေသာ္လည္း Telefoot က အဆိုအရ ပီအက္စ္ဂ်ီအသင္းက ကြင္းလယ္လူကို ေခၚယူႏိုင္ရန္ ေရပန္းအစားဆံုး ျဖစ္ေနျပီး အငွားနဲ႔ ေခၚယူလိုေနတယ္လို႔ သိရပါတယ္။

ႏွစ္သင္းစလံုးက ကစားသမားအတြက္ ေဆြးေႏြးညိွႏိႈင္းေနျပီး သူ႔ရဲ႕ စတန္းဖိုဒ့္ဘရစ္ခ်္ နဲ႔ စာခ်ဳပ္သက္တမ္းက (၃) ႏွစ္ေတာင္ က်န္ရွိေနေသးတာ ျဖစ္ပါတယ္။ ေဂ်ာ္ဂ်င္ဟိုဟာ ခ်ဲလ္ဆီးအသင္းဆီ ၂၀၁၈ ေႏြရာသီက ေရာက္ရွိလာျပီး ပြဲ (၁၀၀) ကစားထားျပီး (၁၀) ဂိုးသြင္း (၃) ဂိုးဖန္တီးေပးထားပါတယ္။