ပေါ်တိုနောက်ခံလူ အဲလက်စ်တယ်လက်စ်ကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရသွားတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ပေါ်တိုနောက်ခံလူ အဲလက်စ်တယ်လက်စ်ကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရသွားပြီဖြစ်ပြီး ပြောင်းရွှေ့ကြေးပဲ ညှိနှိုင်းရန် ကျန်တော့တယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီတုန်းက ပေါ်တိုအသင်းအတွက် ပြိုင်ပွဲစုံ ၄၉ ပွဲကစားထားပြီး (၁၃) ဂိုးသွင်း ကာ (၁၂) ဂိုးအထိ ဖန်တီးပေးထားသူ ဖြစ်ပါတယ်။

ဘယ်နောက်ခံလူဟာ လက်ရှိ ဘောလုံးရာသီမှာလည်း ပုံမှန်ပွဲထွက်ကစားနေပြီး (၂) ပွဲကစားပြီးချိန်မှာ (၂) ဂိုးသွင်း (၁) ဂိုးဖန်တီးပေးထားပါတယ်။ ဘရာဇီးလက်ရွေးစင်ကစားသမားကို ယူနိုက်တက်အသင်းက ပြီးခဲ့တဲ့အပတ်တွေကတည်းက ဆက်တိုက် ဆက်သွယ်မှုတွေ လုပ်ထားနေတာဖြစ်ပြီး သူ့ရဲ့ စာချုပ်သက်တမ်းက နောက်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်လို့ ပြောင်းရွှေ့ကြေးကို ညှိနှိုင်းနေတာ ကြန့်ကြာနေတာဖြစ်ပါတယ်။

အီတလီက သတင်းများအရ အကြိမ် (၂၀) အင်္ဂလန်ချန်ပီယံအသင်းဟာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရသွားပြီ ဖြစ်ပြီး ပေါ်တိုအသင်းနဲ့ ပဲ ပြောင်းရွှေ့ကြေးကို ညှိနှိုင်းရန် ကျန်တော့တယ်လို့ သိရပါတယ်။ တောင်အမေရိက ကစားသမားကိုယ်တိုင်ကလည်း နည်းပြ ဆိုးလ်ရှားရဲ့ အသင်းဆီ အပြောင်းအရွှေ့ ရာသီမပိတ်သိမ်းခ်င ပူးပေါင်းရန် ရည်ရွယ်နေတာ ဖြစ်ပါတယ်။



