လီဗာပူးနဲ့အာဆင်နယ်တို့ယှဉ်ပြိုင်မယ့်ပရီးမီးယားလိဂ်ပွဲကြိုသုံးသပ်ချက်


ဒီနေ့ညမှာတော့ ဘောလုံးပရိသတ်တွေကို ဆွဲဆောင်နိုင်မယ့် ဘောလုံးပွဲတစ်ပွဲအဖြစ် လီဗာပူးနဲ့ အာဆင်နယ်တို့ ကစားဖို့ ရှိနေပါတယ်။ လက်ရှိမှာ နှစ်သင်းစလုံးခြေစွမ်းကောင်းရနေတာကြောင့် အကြိတ်အနယ်ရှိမယ့်ပွဲကောင်းတစ်ပွဲကို တွေ့ရမှာ ဖြစ်ပါတယ်။ ဘောလုံးပွဲတစ်ပွဲဖြစ်တာကြောင့် အနိုင်၊ အရှုံးအပြင် သရေရလဒ်လည်း ရှိတာကြောင့် ခန့်မှန်းရတာ မလွယ်ပေ မယ့် အချက်အလက်တွေကို သိထားမယ်ဆိုရင်တော့ ပိုပြီးရင်ခုန်စရာ ကောင်းမှာပဲဖြစ်ပါတယ်။

ဒီနေ့ညမှ ယှဉ်ပြိုင်ကစားမယ့်ပွဲကိုတော့ နဂိုသတ်မှတ်ထားတဲ့အချိန်ထက် ၁၅ မိနစ်စောပြီး ဗြိတိန်စံတော်ချိန် ည ၈ နာရီ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁နာရီ ၃၀မိနစ်)မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ နှစ်သင်းစလုံးရဲ့ အနေအထားတွေကို ကြည့်မယ်ဆိုရင် လီဗာပူးဘက်မှာ အသင်းခေါင်းဆောင် ဟန်ဒါဆန် ၊နောက်ခံလူ မာတစ်၊ ကွင်းလယ်လူ မီလ်နာနဲ့ ချိမ် ဘာလိန်တို့ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာမဟုတ်ပါဘူး။ အာဆင်နယ်ဘက်မှာ နောက်ခံလူတွေဖြစ်တဲ့ မူစတာဖီ၊ ဆိုကရာ တစ်၊ ချမ်ဘာ၊ဆိုအာရက်စ်တို့အပြင် ကွင်းလယ်လူတွေဖြစ်တဲ့ ရိုဝီနဲ့ တိုက်စစ်မှူး မာတင်နယ်လီတို့ ပါဝင်နိုင်မှာ မဟုတ်ဘူး လို့ သိရပါတယ်။

ဖြစ်နိုင်တဲ့ လူစာရင်းတွေကတော့ လီဗာပူးဟာ ဒဏ်ရာရနေတဲ့ ဟန်ဒါဆန်ရဲ့နေရာမှာ အယ်ကန်တာရာကို အသုံးပြုတာက လွဲပြီး ချဲလ်ဆီးနဲ့ပွဲတုန်းက လူစာရင်းအတိုင်း ပွဲထွက်လာဖို့ ရှိပါတယ်။ အာဆင်နယ်ကလည်း ဝက်စ်ဟမ်းကို အနိုင်ရတဲ့ပွဲက လူစာရင်းကနေ ကိုလာဆီနက်နဲ့ ဆာကာတို့ရဲ့နေရာမှာ ဒေးဗစ်လုဇ်နဲ့ တီယာနေးတို့ကို အသုံးပြုလာဖို့ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ရင်ခုန်မြန်စေတဲ့ အလေးပေးမှုအနေအထားတွေအရတော့ လီဗာပူးက ၄လေး၉လေး ၊ အာဆင်နယ်က ၅လေး၁လေး နဲ့ သရေကျဖို့က ၁၉လေး၅လေး ရှိပါတယ်။ ဒီအနေအထားတွေအရ လီဗာပူးက အနိုင်ရဖို့ ရာခိုင်နှုန်းပိုများနေတယ်လို့ ဆိုရ မှာဖြစ်ပါတယ်။ အာရှရဲ့ဈေးကွက်ဖွင့်လှစ်မှုမှာတော့ လီဗာပူးက တစ်ဂိုးအသာနဲ့ နိုင်ရင် ပြား ၃၀ လောက်နစ်နာမယ်လို့ ဖွင့်ထားပြီး နှစ်သင်းပေါင်းသွင်းဂိုးက သုံးဂိုးဆိုရင် ပြား ၃၀ လောက်နစ်နာမှာဖြစ်ပါတယ်။ ဒီလိုဖွင့်လှစ်မှုတွေကြောင့် လီဗာပူးအနေနဲ့ အနိုင်ရဖို့များပြီး သွင်းဂိုးတွေအပြန်အလှန် မြင်ရဖို့ရှိနေတယ်လို့ သုံးသပ်မိပါတယ်။
ပွဲကြိုအထောက်အကူပြု အချက်အလက်များ
—————————————–
* လီဗာပူးဟာ ပရီးမီးယားလိဂ်အိမ်ကွင်း နောက်ဆုံး ၂၇ ပွဲမှာ ၂၆ ပွဲအထိ အနိုင်ရခဲ့ပြီး ဘန်လေ တစ်သင်းကိုသာ တစ်ဂိုးစီ သရေကျခဲ့ပါတယ်။
* လီဗာပူးဟာ အာဆင်နယ်ကို အိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲမှာ တစ်ပွဲကိုအနည်းဆုံး သွင်းဂိုး သုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
* လီဗာပူးဟာ အာဆင်နယ်ကို အိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲမှာ ရှုံးနိမ့်ခဲ့ခြင်းမရှိတာကို တွေ့ရ ပါတယ်။