လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာပြဿနာရှိခဲ့တယ်ဆိုပေမယ့် အာဆင်နယ်နဲ့ပွဲအတွက် ကြံ့ခိုင်မှုပြည်ဝနေပြီဖြစ်တဲ့ အယ်ကန် တာရာနဲ အလစ်ဆန်


ပရီးမီးယားလိဂ်ရာသီအစမှာ ပွဲကျပ်တွေဆက်တိုက်ကစားနေရတဲ့ လီဗာပူးဟာ ချဲလ်ဆီးကို အနိုင်ရပြီးနောက်မှာ နောက် ထပ် လန်ဒန်မြို့ခံအသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်ကို ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။ အာဆင်နယ်က လည်း လက်ရှိမှာ အကောင်းဆုံးပုံစံရနေတာကြောင့် လီဗာပူးအတွက် အိမ်ကွင်းမှာ ကစားရတာဆိုပေမယ့် ပွဲကျပ်တစ်ပွဲ ကို ကစားရမှာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြတာ ဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ပွဲတုန်းက ဒုတိယပိုင်းမှ လူစားဝင်ကစားခွင့်ရခဲ့တယ်ဆိုပေမယ့် အယ်ကန်တာရာဟာ လီဗာပူးကွင်းလယ်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ကစားမယ့်ပွဲမှာ အယ်ကန်တာရာအနေနဲ့ ဒဏ်ရာရနေတဲ့ ဟန်ဒါဆန် ကြောင့် ပွဲထွက်ကစားခွင့်ရဖို့ များနေတယ်လို့ သိရပါတယ်။ အခြားကွင်းလယ်လူတွေဖြစ်တဲ့ မီလ်နာနဲ့ ချိမ်ဘာလိန်တို့မှာ လည်း ဒဏ်ရာပြဿနာရှိနေတာကြောင့် အယ်ကန်တာရာကို ကလော့ပ်နဲ့ ပွဲထွက်အသုံးပြုဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။

ဒီကစားသမားနှစ်ယောက်စလုံးဟာ ကြားရက်မှာကစားခဲ့တဲ့ လင်ကွန်းစီးတီးနဲ့ ကာရာဘောင်းဖလားတတိယအဆင့် ခြေစစ် ပွဲမှာ ပါဝင်ခဲ့ခြင်းမရှိဘဲ ဒဏ်ရာကြောင့်ဆိုပြီး အနားရနေခဲ့သူတွေလည်း ဖြစ်ပါတယ်။ လီဗာပူးကို လင်ကွန်းစီးတီးနဲ့ပွဲမှာ အရန်ကစားသမားအများဆုံးနဲ့ ကစားခဲ့ပေမယ့် ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် စတုတ္ထအဆင့်မှာတော့ အာဆင်နယ်နဲ့ ယှဉ် ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။


အာဆင်နယ်နဲ့ ကစားမယ့်ပွဲမှာ လီဗာပူးအတွက် အဓိက,ကစားသမားတွေဖြစ်တဲ့ မာတစ်နဲ့ ဂိုမက်ဇ်တို့လည်း ပါဝင်ကစား နိုင်ဖို့ မရှိတာကြောင့် ကွင်းလယ်လူဖာဘင်ဟိုအနေနဲ့ ဗဟိုနောက်ခံလူအဖြစ်ကစားဖို့ ရှိနေပါတယ်။ ချဲလ်ဆီးနဲ့ ပွဲတုန်းက လည်း ဖာဘင်ဟိုဟာ ဗဟိုနောက်ခံလူအဖြစ်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ လီဗာပူးနဲ့ အာဆင်နယ်တို့ဟာ ဒီရာသီ ပွဲ စဉ်နှစ်ပွဲကစားပြီးချိန်မှာ နှစ်ပွဲစလုံးအနိုင်ရထားပြီး ရမှတ် ၆ မှတ်ရရှိထားတဲ့ အသင်းတွေလည်း ဖြစ်ပါတယ်။

zawgyi version

ေလ့က်င့္ေရးကြင္းမွာ ဒဏ္ရာျပႆနာရွိခဲ့တယ္ဆိုေပမယ့္ အာဆင္နယ္နဲ႔ပြဲအတြက္ ၾကံ့ခိုင္မႈျပည္ဝေနၿပီျဖစ္တဲ့ အယ္ကန္ တာရာနဲ အလစ္ဆန္
ပရီးမီးယားလိဂ္ရာသီအစမွာ ပြဲက်ပ္ေတြဆက္တိုက္ကစားေနရတဲ့ လီဗာပူးဟာ ခ်ဲလ္ဆီးကို အႏိုင္ရၿပီးေနာက္မွာ ေနာက္ ထပ္ လန္ဒန္ျမိဳ႕ခံအသင္းတစ္သင္းျဖစ္တဲ့ အာဆင္နယ္ကို ဒီေန႔ညမွာ ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။ အာဆင္နယ္က လည္း လက္ရွိမွာ အေကာင္းဆံုးပံုစံရေနတာေၾကာင့္ လီဗာပူးအတြက္ အိမ္ကြင္းမွာ ကစားရတာဆိုေပမယ့္ ပြဲက်ပ္တစ္ပြဲ ကို ကစားရမွာ ျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပေနၾကတာ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးနဲ႔ပြဲတုန္းက ဒုတိယပိုင္းမွ လူစားဝင္ကစားခြင့္ရခဲ့တယ္ဆိုေပမယ့္ အယ္ကန္တာရာဟာ လီဗာပူးကြင္းလယ္မွာ အေကာင္းဆံုးေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ အာဆင္နယ္နဲ႔ကစားမယ့္ပြဲမွာ အယ္ကန္တာရာအေနနဲ႔ ဒဏ္ရာရေနတဲ့ ဟန္ဒါဆန္ ေၾကာင့္ ပြဲထြက္ကစားခြင့္ရဖို႔ မ်ားေနတယ္လို႔ သိရပါတယ္။ အျခားကြင္းလယ္လူေတြျဖစ္တဲ့ မီလ္နာနဲ႔ ခ်ိမ္ဘာလိန္တို႔မွာ လည္း ဒဏ္ရာျပႆနာရွိေနတာေၾကာင့္ အယ္ကန္တာရာကို ကေလာ့ပ္နဲ႔ ပြဲထြက္အသံုးျပဳဖုိ႕႔ ရွိေနတာပဲ ျဖစ္ပါတယ္။
ဒီကစားသမားႏွစ္ေယာက္စလံုးဟာ ၾကားရက္မွာကစားခဲ့တဲ့ လင္ကြန္းစီးတီးနဲ႔ ကာရာေဘာင္းဖလားတတိယအဆင့္ ေျခစစ္ ပြဲမွာ ပါဝင္ခဲ့ျခင္းမရွိဘဲ ဒဏ္ရာေၾကာင့္ဆိုၿပီး အနားရေနခဲ့သူေတြလည္း ျဖစ္ပါတယ္။ လီဗာပူးကို လင္ကြန္းစီးတီးနဲ႔ပြဲမွာ အရန္ကစားသမားအမ်ားဆံုးနဲ႔ ကစားခဲ့ေပမယ့္ ဂိုးျပတ္အႏိုင္ရခဲ့တာေၾကာင့္ စတုတၳအဆင့္မွာေတာ့ အာဆင္နယ္နဲ႔ ယွဥ္ ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။
အာဆင္နယ္နဲ႔ ကစားမယ့္ပြဲမွာ လီဗာပူးအတြက္ အဓိက,ကစားသမားေတြျဖစ္တဲ့ မာတစ္နဲ႔ ဂိုမက္ဇ္တို႔လည္း ပါဝင္ကစား ႏိုင္ဖို႔ မရွိတာေၾကာင့္ ကြင္းလယ္လူဖာဘင္ဟိုအေနနဲ႔ ဗဟိုေနာက္ခံလူအျဖစ္ကစားဖို႔ ရွိေနပါတယ္။ ခ်ဲလ္ဆီးနဲ႔ ပြဲတုန္းက လည္း ဖာဘင္ဟိုဟာ ဗဟိုေနာက္ခံလူအျဖစ္ကစားခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ လီဗာပူးနဲ႔ အာဆင္နယ္တို႔ဟာ ဒီရာသီ ပြဲ စဥ္ႏွစ္ပြဲကစားၿပီးခ်ိန္မွာ ႏွစ္ပြဲစလံုးအႏိုင္ရထားၿပီး ရမွတ္ ၆ မွတ္ရရွိထားတဲ့ အသင္းေတြလည္း ျဖစ္ပါတယ္။