အာဆင်နယ်က လီဗာပူးကို အနိုင်ကစားနိုင်မယ့်နည်းလမ်းကို ရှာဖွေ့တွေ့ထားပြီလို့ နောက်ခံလူဟောင်း မာတင်ကီအွန် ပြောဆို


အာဆင်နယ်ကစားသမားဟောင်း မာတင်ကီအွန်က သူရဲ့အသင်းဟောင်းအနေနဲ့ ပရီးမီးယားလိဂ်ချိန်ပီယံ လီဗာပူးကို အနိုင်ရအောင် ကစားနိုင်မယ့်နည်းလမ်းကို ရှာဖွေတွေ့ထားပြီလို့ ပြောခဲ့ပါတယ်။ ဒီနေ့ညမှာတော့ အာဆင်နယ်ဟာ လီဗာပူးကို ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးရဲ့အိမ်ကွင်းဖြစ်တဲ့ အန်ဖီးလ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ် ပါတယ်။


အာဆင်နယ်ဟာ လီဗာပူးနဲ့ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ နှစ်ကြိမ်ဆက် အနိုင်ရခဲ့တာကို ရည်ညွှန်းပြီး မာတင်ကီအွန်က ပြောဆိုခဲတ့ာမဟုတ်ဘဲ လီဗာပူးရဲ့အားနည်းချက်တွေကို အာဆင်နယ်က သိထားတာကြောင့် အနိုင်ရတာဖြစ်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ မာတင်ကီအွန်ပြောခဲ့တဲ့ လီဗာပူးအသင်းရဲ့ အားနည်းချက်တွေကတော့ တိုက်စစ်မှူး ဖာမီနိုနဲ့ ကွင်း လယ်လူ ဖာဘင်ဟိုတို့ပဲ ဖြစ်ပါတယ်။


မာတင်ကီအွန်က “ လီဗာပူးမှာ ကစားသမားကောင်းတွေရှိတယ်ဆိုပေမယ့် သူတို့ရဲ့ အဓိက,ကစားသမားတွေက ဖာမီနိုနဲ့ ဖာဘင်ဟို လို့ ဆိုရမှာပါ။ ဖာမီနိုက တိုက်စစ်နဲ့ ကွင်းလယ်ကို အကောင်းဆုံးချိတ်ဆက်ပေးနိုင်ပြီး အခြားအသင်းဖော်တွေကို နေရာလွတ်တွေရအောင်နဲ့ ဂိုးသွင်းနိုင်အောင်ပြုလုပ်ပေးနိုင်ပါတယ်။ ဖာဘင်ဟိုကတော့ ကွင်းလယ်နဲ့ ခံစစ်ကို ချိတ်ဆက် ပေးတဲ့သူပါ။ ကွင်းလယ်ဆိုပေမယ့် ခံစစ်ကို ပိုအားပြုနိုင်တဲ့ ဖာဘင်ဟိုက လီဗာပူးအတွက် အရေးပါတဲ့ကစားသမားတစ် ယောက်ပါ” လို့ ပြောခဲ့တာဖြစ်ပါတယ်။


အသင်းကို အပြောင်းအလဲ အများကြီးမပြုလုပ်ထားဖူးဆိုပေမယ့် အာဆင်နယ်ဟာ နည်းပြအာတီတာရဲ့လက်အောက်မှာ ကစားပုံကောင်းလာခဲ့ပြီး ကစားခဲ့တဲ့ပြိုင်ပွဲစုံ ၇ ပွဲဆက်အနိုင်ရထားပါတယ်။ ဒီ ၇ပွဲမှာ ချဲလ်ဆီးနဲ့ အက်ဖ်အေဖလားဗိုလ်လု ပွဲ ၊ လီဗာပူးနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်တွေ ပါဝင်နေတာကြောင့် အသင်းရဲ့နဂိုခြေစွမ်းကို ပြန်ရနေပြီလို့ သတင်းတွေကဖော်ပြ နေကြတာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ လီဗာပူးတို့ဟာ တစ်ပတ်အတွင်းမှာ နှစ်ကြိမ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီနေ့ည အ ပြင် ကြာသပတေးနေ့ညမှာလည်း ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

zawgyi version

အာဆင္နယ္က လီဗာပူးကို အႏိုင္ကစားႏိုင္မယ့္နည္းလမ္းကို ရွာေဖြ႕ေတြ႕ထားၿပီလို႔ ေနာက္ခံလူေဟာင္း မာတင္္ကီအြန္ ေျပာဆို
အာဆင္နယ္ကစားသမားေဟာင္း မာတင္ကီအြန္က သူရဲ႕အသင္းေဟာင္းအေနနဲ႔ ပရီးမီးယားလိဂ္ခ်ိန္ပီယံ လီဗာပူးကို အႏိုင္ရေအာင္ ကစားႏုိင္မယ့္နည္းလမ္းကို ရွာေဖြေတြ႕ထားၿပီလို႔ ေျပာခဲ့ပါတယ္။ ဒီေန႔ညမွာေတာ့ အာဆင္နယ္ဟာ လီဗာပူးကို ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ လီဗာပူးရဲ႕အိမ္ကြင္းျဖစ္တဲ့ အန္ဖီးလ္ကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ ပါတယ္။
အာဆင္နယ္ဟာ လီဗာပူးနဲ႔ ေနာက္ဆံုးယွဥ္ၿပိဳင္ကစားခဲ့တဲ့ ႏွစ္ၾကိမ္ဆက္ အႏိုင္ရခဲ့တာကို ရည္ညႊန္းၿပီး မာတင္ကီအြန္က ေျပာဆိုခဲတ့ာမဟုတ္ဘဲ လီဗာပူးရဲ႕အားနည္းခ်က္ေတြကို အာဆင္နယ္က သိထားတာေၾကာင့္ အႏိုင္ရတာျဖစ္တယ္လို႔ ေျပာခဲ့တာျဖစ္ပါတယ္။ မာတင္ကီအြန္ေျပာခဲ့တဲ့ လီဗာပူးအသင္းရဲ႕ အားနည္းခ်က္ေတြကေတာ့ တိုက္စစ္မွဴး ဖာမီႏိုနဲ႔ ကြင္း လယ္လူ ဖာဘင္ဟိုတို႔ပဲ ျဖစ္ပါတယ္။
မာတင္ကီအြန္က “ လီဗာပူးမွာ ကစားသမားေကာင္းေတြရွိတယ္ဆိုေပမယ့္ သူတို႔ရဲ႕ အဓိက,ကစားသမားေတြက ဖာမီႏိုနဲ႔ ဖာဘင္ဟို လို႔ ဆိုရမွာပါ။ ဖာမီႏိုက တိုက္စစ္နဲ႔ ကြင္းလယ္ကို အေကာင္းဆံုးခ်ိတ္ဆက္ေပးႏုိင္ၿပီး အျခားအသင္းေဖာ္ေတြကို ေနရာလြတ္ေတြရေအာင္နဲ႔ ဂိုးသြင္းႏုိင္ေအာင္ျပဳလုပ္ေပးႏုိင္ပါတယ္။ ဖာဘင္ဟိုကေတာ့ ကြင္းလယ္နဲ႔ ခံစစ္ကို ခ်ိတ္ဆက္ ေပးတဲ့သူပါ။ ကြင္းလယ္ဆိုေပမယ့္ ခံစစ္ကို ပိုအားျပဳႏိုင္တဲ့ ဖာဘင္ဟိုက လီဗာပူးအတြက္ အေရးပါတဲ့ကစားသမားတစ္ ေယာက္ပါ” လို႔ ေျပာခဲ့တာျဖစ္ပါတယ္။
အသင္းကို အေျပာင္းအလဲ အမ်ားၾကီးမျပဳလုပ္ထားဖူးဆိုေပမယ့္ အာဆင္နယ္ဟာ နည္းျပအာတီတာရဲ႕လက္ေအာက္မွာ ကစားပံုေကာင္းလာခဲ့ၿပီး ကစားခဲ့တဲ့ၿပိဳင္ပြဲစံု ၇ ပြဲဆက္အႏုိင္ရထားပါတယ္။ ဒီ ၇ပြဲမွာ ခ်ဲလ္ဆီးနဲ႔ အက္ဖ္ေအဖလားဗိုလ္လု ပြဲ ၊ လီဗာပူးနဲ႔ ကြန္ျမဴနတီဒိုင္းပြဲစဥ္ေတြ ပါဝင္ေနတာေၾကာင့္ အသင္းရဲ႕နဂိုေျခစြမ္းကို ျပန္ရေနၿပီလို႔ သတင္းေတြကေဖာ္ျပ ေနၾကတာျဖစ္ပါတယ္။ အာဆင္နယ္နဲ႔ လီဗာပူးတို႔ဟာ တစ္ပတ္အတြင္းမွာ ႏွစ္ၾကိမ္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး ဒီေန႔ည အ ျပင္ ၾကာသပေတးေန႔ညမွာလည္း ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။