အံအားသင့်ဖွယ်ခေါ်ယူမှုအဖြစ် ချဲလ်ဆီးကွင်းလယ်လူ ကန်တီကို ခေါ်ယူဖို့ လုပ်ဆောင်လိုက်တဲ့ ယူနိုက်တက်

နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူမှုအဖြစ် အေဂျက်ကွင်းလယ်လူ ဗန်ဒီဘိတ်ခ်တစ်ယောက်တည်းကို ခေါ် ယူထားတာကြောင့် ဝေဖန်ခံနေရတဲ့ ယူနိုက်တက်ဟာ အံအားသင့်ဖွယ် ခေါ်ယူမှုတစ်ရပ်ကို ပြုလုပ်ဖို့အတွက် ချဲလ်ဆီး ကွင်းလယ်လူ ကန်တီကိုခေါ်ယူဖို့ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။ ကန်တီကို ချဲလ်ဆီးနည်းပြဟောင်း ကွန်တီကိုင် တွယ်နေတဲ့ အင်တာမီလန်ကလည်း ခေါ်ယူဖို့အတွက် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။


Mirror သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ ကန်တီရဲ့အေးဂျင့်ဖြစ်သူနဲ့ တွေ့ဆုံခဲ့ ပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ချဲလ်ဆီးဟာ ကန်တီခေါ်ယူဖို့အတွက် အင်တာမီလန်ရဲ့ အဲရစ်ဆင်၊ ဘရိုဇိုဗစ်တို့နဲ့ အတူ ကမ်းလှမ်းမှုတွေကိုလည်း ပယ်ချခဲ့ပြီး ကွင်းလယ်လူကစားသမားကို မရောင်းချဘူးလို့ ပြောဆိုထားတာ ဖြစ်ပါတယ်။


အင်တာမီလန်အသင်းဒါရိုက်တာတစ်ဦးက “ ကန်တီ ဟာ ချဲလ်ဆီးအသင်းရဲ့ အဓိက,ကစားသမားတစ်ယောက်ဆိုတာကို သိပါတယ်။ သူကို ချဲလ်ဆီးအနေနဲ့ ရောင်းချမယ်လို့လည်း မစဉ်းစားမိပါဘူး။ ကျွန်တော်တို့အသင်းမှာလည်း ကွင်းလယ် ကစားသမား ရှစ်ယောက်အထိ ရှိပါတယ်။ သူတို့တွေနဲ့ပဲ အကောင်းဆုံးရှေ့ဆက်နိုင်ဖို့အတွက် လုပ်ဆောင်သွားမှာပါ” လို့ ဖီအိုရင်တီးနားကို အနိုင်ရတဲ့ပွဲအပြီးမှာ ပြောခဲ့ပါတယ်။


ကစားသမားသစ်တွေကို ခေါ်ယူထားတာကြောင့် အသင်းအတွက် မလိုအပ်တဲ့ကစားသမားတွေကို ရောင်းချဖို့အတွက် လုပ်ဆောင်နေတဲ့ ချဲလ်ဆီးအသင်းမှာ နည်းပြလမ်းပတ်ကတော့ ကန်တီကို ရောင်းချမှာမဟုတ်ဘဲ အခြားကွင်းလယ်လူတွေ ဖြစ်တဲ့ ဘာကလေနဲ့ လော့တပ်ချိဖ်တို့ကို ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီကစားသမားနှစ်ယောက်ကိုတော့ အက်စ်တွန်ဗီလာအသင်းက ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

zawgyi version

အံအားသင့္ဖြယ္ေခၚယူမႈအျဖစ္ ခ်ဲလ္ဆီးကြင္းလယ္လူ ကန္တီကို ေခၚယူဖို႔ လုပ္ေဆာင္လိုက္တဲ့ ယူႏိုက္တက္
ေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမားေခၚယူမႈအျဖစ္ ေအဂ်က္ကြင္းလယ္လူ ဗန္ဒီဘိတ္ခ္တစ္ေယာက္တည္းကို ေခၚ ယူထားတာေၾကာင့္ ေဝဖန္ခံေနရတဲ့ ယူႏိုက္တက္ဟာ အံအားသင့္ဖြယ္ ေခၚယူမႈတစ္ရပ္ကို ျပဳလုပ္ဖို႔အတြက္ ခ်ဲလ္ဆီး ကြင္းလယ္လူ ကန္တီကိုေခၚယူဖို႔ ကမ္းလွမ္းလိုက္တယ္လို႔ သိရပါတယ္။ ကန္တီကို ခ်ဲလ္ဆီးနည္းျပေဟာင္း ကြန္တီကိုင္ တြယ္ေနတဲ့ အင္တာမီလန္ကလည္း ေခၚယူဖို႔အတြက္ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။
Mirror သတင္းဌာနရဲ႕ ေဖာ္ျပခ်က္မွာေတာ့ ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြဟာ ကန္တီရဲ႕ေအးဂ်င့္ျဖစ္သူနဲ႔ ေတြ႕ဆံုခဲ့ ၿပီး အေျပာင္းအေရႊ႕အတြက္ ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။ ခ်ဲလ္ဆီးဟာ ကန္တီေခၚယူဖို႔အတြက္ အင္တာမီလန္ရဲ႕ အဲရစ္ဆင္၊ ဘရိုဇိုဗစ္တို႔နဲ႔ အတူ ကမ္းလွမ္းမႈေတြကိုလည္း ပယ္ခ်ခဲ့ၿပီး ကြင္းလယ္လူကစားသမားကုိ မေရာင္းခ်ဘူးလို႔ ေျပာဆိုထားတာ ျဖစ္ပါတယ္။
အင္တာမီလန္အသင္းဒါရိုက္တာတစ္ဦးက “ ကန္တီ ဟာ ခ်ဲလ္ဆီးအသင္းရဲ႕ အဓိက,ကစားသမားတစ္ေယာက္ဆိုတာကို သိပါတယ္။ သူကို ခ်ဲလ္ဆီးအေနနဲ႔ ေရာင္းခ်မယ္လို႔လည္း မစဥ္းစားမိပါဘူး။ ကြ်န္ေတာ္တို႔အသင္းမွာလည္း ကြင္းလယ္ ကစားသမား ရွစ္ေယာက္အထိ ရွိပါတယ္။ သူတို႔ေတြနဲ႔ပဲ အေကာင္းဆံုးေရွ႕ဆက္ႏိုင္ဖို႔အတြက္ လုပ္ေဆာင္သြားမွာပါ” လို႔ ဖီအိုရင္တီးနားကို အႏုိင္ရတဲ့ပြဲအၿပီးမွာ ေျပာခဲ့ပါတယ္။
ကစားသမားသစ္ေတြကို ေခၚယူထားတာေၾကာင့္ အသင္းအတြက္ မလိုအပ္တဲ့ကစားသမားေတြကို ေရာင္းခ်ဖို႔အတြက္ လုပ္ေဆာင္ေနတဲ့ ခ်ဲလ္ဆီးအသင္းမွာ နည္းျပလမ္းပတ္ကေတာ့ ကန္တီကို ေရာင္းခ်မွာမဟုတ္ဘဲ အျခားကြင္းလယ္လူေတြ ျဖစ္တဲ့ ဘာကေလနဲ႔ ေလာ့တပ္ခ်ိဖ္တို႔ကို ေရာင္းခ်ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ဒီကစားသမားႏွစ္ေယာက္ကိုေတာ့ အက္စ္တြန္ဗီလာအသင္းက ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။