ဒီတစ်ပတ်ရဲ့ လူပြောအများဆုံး လက်ထိဘောကြောင့် ပင်နယ်တီပေးတဲ့ ဥပဒေကို ပြင်ဖို့ ပရီးမီးယားလိဂ်နည်းပြတွေ တောင်းဆိုလာတယ်လို့ သိရ


ပရီးမီးယားလိဂ်ပြိုင်ပွဲဆိုတာ ဘောလုံးပရိသတ်တွေအများစု ကြိုက်နှစ်သက်ကြတဲ့ လိဂ်ပြိုင်ပွဲမှာဖြစ်ပြီး အပတ်စဉ်တိုင်းမှာ ပြောစရာတွေ ကျန်လေ့ရှိပါတယ်။ ဒီတစ်ပတ်မှာတော့ လူပြောအများဆုံးဖြစ်တဲ့အကြောင်းအရာကတော့ လက်ထိဘော ကြောင့် ပင်နယ်တီပေးတဲ့ ဥပဒေအကြောင်းပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်ပွဲစဉ်တွေမှာ ဒီလိုဖြစ်ရပ်မျိုးတွေအများကြီးရှိခဲ့တာ ကြောင့် ပရီးမီးယားလိဂ်နည်းပြတွေအနေနဲ့ ဒီဥပဒေကို ပြင်ဖို့တောင်းဆိုလာတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့နေ့က ကစားခဲ့တဲ့ စပါးနဲ့ပွဲမှာ တစ်ဂိုးစီသရေကျခဲ့ပေမယ့် နယူးကာဆယ်နည်းပြ စတိဗ်ဘရုစ်ကတော့ ဒီဥပဒေပြင်ဖို့ ဦးဆောင်ပြီး တိုက်တွန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နယူးကာဆယ်ဟာ စပါးနဲ့ပွဲမှာ ပွဲပြီးခါနီးမှ စပါးနောက်ခံလူအဲရစ် ဒိုင်ယာရဲ့ လက်ထိဘောကြောင့် ပင်နယ်တီရခဲ့ပြီး ချေပဂိုးရခဲ့တာဖြစ်ပါတယ်။ အဲရစ်ဒိုင်ယာ ဟာ ကာရိုးလ်နဲ့ ခေါင်းယှဉ် တိုက်ရာမှာ ဘောလုံးက လက်ကိုထိသွားခဲ့တာကြောင့် ပင်နယ်တီကန်ခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။


ဘရိုက်တန်နဲ့ ယူနိုက်တက်တို့ ကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်လည်း ကွင်းလယ်ဒိုင်အနေနဲ့ ပွဲပြီးခရာမှုတ်ပြီးချိန်မှ ယူနိုက်တက် အသင်းရဲ့ကစားသမားတွေ တောင်းဆိုမှုကြောင့် VAR ပြန်ကြည့်ကာ ပင်နယ်တီကန်သွင်းဖို့အတွက် ဆုံးဖြတ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ယူနိုက်တက်ဟာ ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ဖာနန်ဒက်စ်က အမှားအ ယွင်း မရှိကန်သွင်းခဲ့တာကြောင့် နိုင်ပွဲရခဲ့တာပဲ ဖြစ်ပါတယ်။


ဝက်ဘရွန်းစ်နဲ့ ချဲလ်ဆီးတို့ သုံးဂိုးစီသရေကျခဲ့တဲ့ပွဲမှာလည်း ချဲလ်ဆီးအသင်းရဲ့ သုံးဂိုးမြောက်ချေပဂိုးအတွက် တိုက်စစ် ကစားရမှာ တောင်ပံကစားသမား ကိုင်ဟာဗက်ဇ်အနေနဲ့ ဘောလုံးကို လက်မောင်းနဲ့ ထိန်းသလိုဖြစ်ခဲ့ပေမယ့် ကွင်းလယ် ဒိုင်က ပြစ်ဒဏ်ဘောအဖြစ် မသတ်မှတ်ခဲ့တာကြောင့် ချေပဂိုးရခဲ့ပြီး ချဲလ်ဆီးတို့ ကံကောင်းခဲ့တယ်လို့ ဖော်ပြမှုတွေရှိနေ တာ ဖြစ်ပါတယ်။ စပါးနည်းပြ မော်ရင်ဟိုကလည်း ဧရိယာထဲမှာ လက်ထိဘောကြောင့် ပင်နယ်တီပေးတဲ့ ဥပဒေကို ပြင် ဆင်သင့်ကြောင်း ပြောခဲ့ပါတယ်။

zawgyi version

ဒီတစ္ပတ္ရဲ႕ လူေျပာအမ်ားဆံုး လက္ထိေဘာေၾကာင့္ ပင္နယ္တီေပးတဲ့ ဥပေဒကို ျပင္ဖို႔ ပရီးမီးယားလိဂ္နည္းျပေတြ ေတာင္းဆိုလာတယ္လို႔ သိရ
ပရီးမီးယားလိဂ္ၿပိဳင္ပြဲဆိုတာ ေဘာလံုးပရိသတ္ေတြအမ်ားစု ၾကိဳက္ႏွစ္သက္ၾကတဲ့ လိဂ္ၿပိဳင္ပြဲမွာျဖစ္ၿပီး အပတ္စဥ္တိုင္းမွာ ေျပာစရာေတြ က်န္ေလ့ရွိပါတယ္။ ဒီတစ္ပတ္မွာေတာ့ လူေျပာအမ်ားဆံုးျဖစ္္တဲ့အေၾကာင္းအရာကေတာ့ လက္ထိေဘာ ေၾကာင့္ ပင္နယ္တီေပးတဲ့ ဥပေဒအေၾကာင္းပဲ ျဖစ္ပါတယ္။ ဒီတစ္ပတ္ပြဲစဥ္ေတြမွာ ဒီလိုျဖစ္ရပ္မ်ိဳးေတြအမ်ားၾကီးရွိခဲ့တာ ေၾကာင့္ ပရီးမီးယားလိဂ္နည္းျပေတြအေနနဲ႔ ဒီဥပေဒကို ျပင္ဖို႔ေတာင္းဆိုလာတယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ေန႔က ကစားခဲ့တဲ့ စပါးနဲ႔ပြဲမွာ တစ္ဂိုးစီသေရက်ခဲ့ေပမယ့္ နယူးကာဆယ္နည္းျပ စတိဗ္ဘရုစ္ကေတာ့ ဒီဥပေဒျပင္ဖို႔ ဦးေဆာင္ၿပီး တုိက္တြန္းခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ နယူးကာဆယ္ဟာ စပါးနဲ႔ပြဲမွာ ပြဲၿပီးခါနီးမွ စပါးေနာက္ခံလူအဲရစ္ ဒိုင္ယာရဲ႕ လက္ထိေဘာေၾကာင့္ ပင္နယ္တီရခဲ့ၿပီး ေခ်ပဂိုးရခဲ့တာျဖစ္ပါတယ္။ အဲရစ္ဒိုင္ယာ ဟာ ကာရိုးလ္နဲ႔ ေခါင္းယွဥ္ တိုက္ရာမွာ ေဘာလံုးက လက္ကိုထိသြားခဲ့တာေၾကာင့္ ပင္နယ္တီကန္ခြင့္ရခဲ့တာပဲ ျဖစ္ပါတယ္။
ဘရိုက္တန္နဲ႔ ယူႏိုက္တက္တို႔ ကစားခဲ့တဲ့ပြဲစဥ္မွာဆိုရင္လည္း ကြင္းလယ္ဒိုင္အေနနဲ႔ ပြဲၿပီးခရာမႈတ္ၿပီးခ်ိန္မွ ယူႏိုက္တက္ အသင္းရဲ႕ကစားသမားေတြ ေတာင္းဆိုမႈေၾကာင့့္ VAR ျပန္ၾကည့္ကာ ပင္နယ္တီကန္သြင္းဖို႔အတြက္ ဆံုးျဖတ္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ ကြင္းလယ္ဒိုင္ရဲ႕ ဆံုးျဖတ္ခ်က္ေၾကာင့္ ယူႏိုက္တက္ဟာ ပင္နယ္တီကန္ခြင့္ရခဲ့ၿပီး ဖာနန္ဒက္စ္က အမွားအ ယြင္း မရွိကန္သြင္းခဲ့တာေၾကာင့္ ႏိုင္ပြဲရခဲ့တာပဲ ျဖစ္ပါတယ္။
ဝက္ဘရြန္းစ္နဲ႔ ခ်ဲလ္ဆီးတို႔ သံုးဂိုးစီသေရက်ခဲ့တဲ့ပြဲမွာလည္း ခ်ဲလ္ဆီးအသင္းရဲ႕ သံုးဂိုးေျမာက္ေခ်ပဂိုးအတြက္ တိုက္စစ္ ကစားရမွာ ေတာင္ပံကစားသမား ကိုင္ဟာဗက္ဇ္အေနနဲ႔ ေဘာလံုးကို လက္ေမာင္းနဲ႔ ထိန္းသလိုျဖစ္ခဲ့ေပမယ့္ ကြင္းလယ္ ဒိုင္က ျပစ္ဒဏ္ေဘာအျဖစ္ မသတ္မွတ္ခဲ့တာေၾကာင့္ ေခ်ပဂိုးရခဲ့ၿပီး ခ်ဲလ္ဆီးတို႔ ကံေကာင္းခဲ့တယ္လို႔ ေဖာ္ျပမႈေတြရွိေန တာ ျဖစ္ပါတယ္။ စပါးနည္းျပ ေမာ္ရင္ဟိုကလည္း ဧရိယာထဲမွာ လက္ထိေဘာေၾကာင့္ ပင္နယ္တီေပးတဲ့ ဥပေဒကို ျပင္ ဆင္သင့္ေၾကာင္း ေျပာခဲ့ပါတယ္။