ကြောက်ရွံနေတဲ့ အသင်းရဲ့စိတ်ပိုင်းဆိုင်ရာအတွက် ကြိုးစားပြီး အဖြေရှာရမယ်လို့ ပြောခဲ့တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ


မန်စီးတီးနည်းပြ ဂွါဒီယိုလာက အိမ်ကွင်းမှာ ကစားရတာဖြစ်ပေမယ့် လက်စတာကို အံအားသင့်ဖွယ်ရလဒ်နဲ့ ရှုံးခဲ့တာ ကြောင့် အသင်းရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြောက်ရွံမှုတွေအတွက် ကြိုးစားပြီး အဖြေရှာရမယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါ တယ်။ မန်စီးတီးဟာ လက်စတာနဲ့ ပွဲမှာ ပင်နယ်တီကန်သွင်းမှုအဖြစ် သုံးကြိမ်အထိ ခွင့်ပြုပေးခဲ့ရတာကို ရည်ရွယ်ပြီး ဂွါဒီ ယိုလာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


လက်စတာကို ငါးဂိုးနှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဟာ ဂွါဒီယိုလာရဲ့ နည်းပြသက်တမ်းတစ်လျှောက်မှာ ပြိုင်ဘက်အသင်းကို ငါးဂိုးပေး ခဲ့ရတာ ပထမဆုံးအကြိမ်ဖြစ်ခဲ့သလို ၂၀၀၃ ခုနှစ်နောက်ပိုင်း မန်စီးတီးအနေနဲ့ အိမ်ကွင်းမှာ ပြိုင်ဘက်အသင်းကို ငါးဂိုးပေး ခဲ့ရတာလည်း ပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာ ဂွါဒီယိုလာက မန်စီးတီးအနေနဲ့ လက်စတာရဲ့တန်ပြန်တိုက်စစ်ကို မထိန်းနိုင်ခဲ့ကြောင်းနဲ့ အခုထက်ပိုပြီး စွမ်းဆောင်ရည်ကောင်းခဲ့သင့်ကြောင်း ပြောခဲ့ပါတယ်။


ပွဲအပြီးမှာတော့ အသင်းရဲ့ဝက်ဘ်ဆိုဒ်ကနေတဆင့် ဂွါဒီယိုလာက “ လက်စတာအသင်းရဲ့ ခံစစ်က မာကျောခဲ့သလို ကျွန် တော်တို့အသင်းခံစစ်ကိုလည်း ကြောက်ရွံမှုဖြစ်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် တန်ပြန်တိုက်စစ်တွေကနေ ပေါ့။ ဗာဒီဆိုရင် အဝေးကြီးတွေကနေ ပြေးလာပြီးတော့ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ မန်စီးတီးအနေနဲ့ အခွင့်အရေး ၁၀ကြိမ် လောက်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး” လို့ ပြောခဲ့ပါတယ်။


ဆက်လက်ပြီး ဂွါဒီယိုလာက “အဓိက,ကစားသမားတွေဖြစ်တဲ့ အဂူရို၊ ဂျီးဆပ်စ်၊ ဘာနာဒိုဆေးလ်ဗား၊ ဂန်ဒိုဂန်တို့ မကစား နိုင်တဲ့အချိန်မှာ အသင်းအနေနဲ့ အားနည်းမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီအချက်နဲ့ အရှုံးပေးနေမှာတော့ မဟုတ်ပါဘူး။ ရာသီအစ ဒုတိယမြောက်ပွဲစဉ်မှာပဲ ရှုံးပွဲတွေ့ခဲ့တယ်ဆိုပေမယ့် ဒီရလဒ်ကို လက်ခံရပါမယ်။ ရလဒ်ဆိုးတွေကို ဖြေရှင်းနိုင်ဖို့ အတွက် ကြိုးစားပြီး လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ေၾကာက္ရြံေနတဲ့ အသင္းရဲ႕စိတ္ပိုင္းဆိုင္ရာအတြက္ ၾကိဳးစားၿပီး အေျဖရွာရမယ္လို႔ ေျပာခဲ့တဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာ
မန္စီးတီးနည္းျပ ဂြါဒီယိုလာက အိမ္ကြင္းမွာ ကစားရတာျဖစ္ေပမယ့္ လက္စတာကို အံအားသင့္ဖြယ္ရလဒ္နဲ႔ ရႈံးခဲ့တာ ေၾကာင့္ အသင္းရဲ႕စိတ္ဓာတ္ပိုင္းဆိုင္ရာ ေၾကာက္ရြံမႈေတြအတြက္ ၾကိဳးစားၿပီး အေျဖရွာရမယ္လို႔ ပြဲအၿပီးမွာ ေျပာခဲ့ပါ တယ္။ မန္စီးတီးဟာ လက္စတာနဲ႔ ပြဲမွာ ပင္နယ္တီကန္သြင္းမႈအျဖစ္ သံုးၾကိမ္အထိ ခြင့့္ျပဳေပးခဲ့ရတာကို ရည္ရြယ္ၿပီး ဂြါဒီ ယိုလာက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။
လက္စတာကို ငါးဂိုးႏွစ္ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တာဟာ ဂြါဒီယိုလာရဲ႕ နည္းျပသက္တမ္းတစ္ေလွ်ာက္မွာ ၿပိဳင္ဘက္အသင္းကို ငါးဂိုးေပး ခဲ့ရတာ ပထမဆံုးအၾကိမ္ျဖစ္ခဲ့သလို ၂၀၀၃ ခုႏွစ္ေနာက္ပိုင္း မန္စီးတီးအေနနဲ႔ အိမ္ကြင္းမွာ ၿပိဳင္ဘက္အသင္းကို ငါးဂိုးေပး ခဲ့ရတာလည္း ပထမဆံုးအၾကိမ္ျဖစ္ခဲ့ပါတယ္။ ပြဲအၿပီးမွာ ဂြါဒီယိုလာက မန္စီးတီးအေနနဲ႔ လက္စတာရဲ႕တန္ျပန္တိုက္စစ္ကို မထိန္းႏိုင္ခဲ့ေၾကာင္းနဲ႔ အခုထက္ပိုၿပီး စြမ္းေဆာင္ရည္ေကာင္းခဲ့သင့္ေၾကာင္း ေျပာခဲ့ပါတယ္။
ပြဲအၿပီးမွာေတာ့ အသင္းရဲ႕ဝက္ဘ္ဆိုဒ္ကေနတဆင့္ ဂြါဒီယိုလာက “ လက္စတာအသင္းရဲ႕ ခံစစ္က မာေက်ာခဲ့သလို ကြ်န္ ေတာ္တို႔အသင္းခံစစ္ကိုလည္း ေၾကာက္ရြံမႈျဖစ္ေအာင္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ အထူးသျဖင့္ တန္ျပန္တိုက္စစ္ေတြကေန ေပါ့။ ဗာဒီဆိုရင္ အေဝးၾကီးေတြကေန ေျပးလာၿပီးေတာ့ကို ဖိအားေပးႏိုင္ခဲ့ပါတယ္။ မန္စီးတီးအေနနဲ႔ အခြင့္အေရး ၁၀ၾကိမ္ ေလာက္ရခဲ့ေပမယ့္ အသံုးမခ်ႏိုင္ခဲ့ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ဂြါဒီယိုလာက “အဓိက,ကစားသမားေတြျဖစ္တဲ့ အဂူရို၊ ဂ်ီးဆပ္စ္၊ ဘာနာဒိုေဆးလ္ဗား၊ ဂန္ဒိုဂန္တို႔ မကစား ႏုိင္တဲ့အခ်ိန္မွာ အသင္းအေနနဲ႔ အားနည္းမႈေတြရွိခဲ့ပါတယ္။ ဒါေပမယ့္ ဒီအခ်က္နဲ႔ အရႈံးေပးေနမွာေတာ့ မဟုတ္ပါဘူး။ ရာသီအစ ဒုတိယေျမာက္ပြဲစဥ္မွာပဲ ရႈံးပြဲေတြ႕ခဲ့တယ္ဆိုေပမယ့္ ဒီရလဒ္ကို လက္ခံရပါမယ္။ ရလဒ္ဆိုးေတြကို ေျဖရွင္းႏိုင္ဖို႔ အတြက္ ၾကိဳးစားၿပီး လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။