စပါးနောက်ခံလူ အော်ရီရာကို ခေါ်ယူရန် ဆွေးနွေးနေတဲ့ အေစီမီလန်အသင်း နောဝစ်ချ်နောက်ခံလူ မက်အာရွန်စ်ကိုလည်း စိတ်ဝင်စား

အေစီမီလန်အသင်းဟာ စပါးနောက်ခံလူ အော်ရီရာကို ခေါ်ယူရန် ဆွေးနွေးမှုဟာ ကြန့်ကြာနေလို့ နောဝစ်ချ်နောက်ခံလူ မက်အာရွန်စ်ကို စုံစမ်းနေတယ်လို့ သိရပါတယ်။ စပါးအသင်းဟာ ဒိုဟာတီကို ခေါ်ယူလိုက်ပြီဖြစ်လို့ အော်ရီရာကို ရောင်းချချင်ပေမယ့်လည်း သင့်တော်တဲ့ ကမ်းလှမ်းမှု ကို စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။ စီးရီးအေ ကလပ်အသင်းဟာ ညာနောက်ခံလူ ကို ကာလရှည်ဆက်သွယ်နေတာဖြစ်ပြီး အစောပိုင်းတုန်းက ပေါင် ၁၃ သန်းနဲ့ ကမ်းလှမ်းခဲ့တာကို စပါးအသင်းက ပယ်ချလိုက်ပြီး ပေါင် ၁၈ သန်း တောင်းဆိုထားပါတယ်။

Football Italia က အဆိုအရ အော်ရီရာဟာ ဆန်စီရိုကို ပြောင်းရွှေ့ကစားဖို့ကိုပဲ အာရုံစိုက်နေတယ်လို့ သိရပါတယ်။ ဘွန်ဒက်စ်လီဂါကလပ်အသင်း လေဗာကူဆင်ကလည်း ညာနောက်ခံလူကို ခေါ်ယူရန် ဆက်သွယ်မှုတွေ လုပ်ထားတာဖြစ်ပါတယ်။ စပါးအသင်းဟာ အိုင်ဗရီကိုစ့်လက်ရွေးစင်ကစားသမားကို ၂၀၁၇ ခုနှစ်တုန်းက ပီအက်စ်ဂျီအသင်းကနေ ပေါင် ၂၃ သန်းနဲ့ ခေါ်ယူခဲ့တာပါ။

သို့သော်လည်း အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်မှာ (၈) ပွဲပဲ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ နောက်ခံလူဟာ ပြီးခဲ့တဲ့နွေရာသီကလည်း အသင်းမှ ထွက်ခွာလို့ မရခဲ့ပေမယ့် မော်ရင်ဟိုလက်အောက်မှာ ပုံမှန်ကစားခွင့်ပြန်ရခဲ့ပါတယ်။ အော်ရီရာဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ (၂) ဂိုးသွင်းပြီး (၈) ဂိုးအထိ ဖန်တီးပေးခဲ့သူဖြစ်ပါတယ်။

စပါးေနာက္ခံလူ ေအာ္ရီရာကို ေခၚယူရန္ ေဆြးေႏြးေနတဲ့ ေအစီမီလန္အသင္း ေနာ၀စ္ခ်္ေနာက္ခံလူ မက္အာရြန္စ္ကိုလည္း စိတ္၀င္စား

ေအစီမီလန္အသင္းဟာ စပါးေနာက္ခံလူ ေအာ္ရီရာကို ေခၚယူရန္ ေဆြးေႏြးမႈဟာ ၾကန္႔ၾကာေနလို႔ ေနာ၀စ္ခ်္ေနာက္ခံလူ မက္အာရြန္စ္ကို စံုစမ္းေနတယ္လို႔ သိရပါတယ္။ စပါးအသင္းဟာ ဒိုဟာတီကို ေခၚယူလိုက္ၿပီျဖစ္လို႔ ေအာ္ရီရာကို ေရာင္းခ်ခ်င္ေပမယ့္လည္း သင့္ေတာ္တဲ့ ကမ္းလွမ္းမႈ ကို ေစာင့္ဆုိင္းေနတာ ျဖစ္ပါတယ္။ စီးရီးေအ ကလပ္အသင္းဟာ ညာေနာက္ခံလူ ကို ကာလရွည္ဆက္သြယ္ေနတာျဖစ္ၿပီး အေစာပိုင္းတုန္းက ေပါင္ ၁၃ သန္းနဲ႔ ကမ္းလွမ္းခဲ့တာကို စပါးအသင္းက ပယ္ခ်လိုက္ၿပီး ေပါင္ ၁၈ သန္း ေတာင္းဆိုထားပါတယ္။

Football Italia က အဆိုအရ ေအာ္ရီရာဟာ ဆန္စီ႐ိုကို ေျပာင္းေ႐ႊ႕ကစားဖို႔ကိုပဲ အာ႐ုံစိုက္ေနတယ္လို႔ သိရပါတယ္။ ဘြန္ဒက္စ္လီဂါကလပ္အသင္း ေလဗာကူဆင္ကလည္း ညာေနာက္ခံလူကို ေခၚယူရန္ ဆက္သြယ္မႈေတြ လုပ္ထားတာျဖစ္ပါတယ္။ စပါးအသင္းဟာ အိုင္ဗရီကိုစ့္လက္ေ႐ြးစင္ကစားသမားကို ၂၀၁၇ ခုႏွစ္တုန္းက ပီအက္စ္ဂ်ီအသင္းကေန ေပါင္ ၂၃ သန္းနဲ႔ ေခၚယူခဲ့တာပါ။

သို႔ေသာ္လည္း အသက္ ၂၇ ႏွစ္အ႐ြယ္ကစားသမားဟာ သူ႔ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္မွာ (၈) ပြဲပဲ ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။ ေနာက္ခံလူဟာ ၿပီးခဲ့တဲ့ေႏြရာသီကလည္း အသင္းမွ ထြက္ခြာလို႔ မရခဲ့ေပမယ့္ ေမာ္ရင္ဟိုလက္ေအာက္မွာ ပုံမွန္ကစားခြင့္ျပန္ရခဲ့ပါတယ္။ ေအာ္ရီရာဟာ ၂၀၁၉-၂၀ ေဘာလုံးရာသီမွာ စပါးအသင္းအတြက္ ၿပိဳင္ပြဲစုံ (၂) ဂိုးသြင္းၿပီး (၈) ဂိုးအထိ ဖန္တီးေပးခဲ့သူျဖစ္ပါတယ္။