လိုင်ယွန်ကွင်းလယ်လူ ဟောက်ဆန်အဝါးကို ဒုတိယအကြိမ် ကမ်းလှမ်းမယ့် အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ လိုင်ယွန်ကွင်းလယ်လူ ဟောက်ဆန်အဝါးကို ဒုတိယအကြိမ် ထပ်ပြီး ကမ်းလှမ်းရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ အသက် ၂၂ နှစ်အရွယ်ကစားသမားကို ဒီနွေရာသီအပြောင်းအရွှေ့ရဲ့ အဓိက ပစ်မှတ်တစ်ယောက်အဖြစ် သတ်မှတ်ထားပြီး အစောပိုင်းက ပေါင် ၃၂ သန်းနဲ့ ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရလို့ ပေါင် ၃၆.၅ သန်းနဲ့ အပိုဆုကြေး ပေါင် ၉ သန်း နဲ့ ထပ်ပြီး ကမ်းလှမ်းရန် ပြင်ဆင်နေပြီ ဖြစ်ပါတယ.်။

လိုင်ယွန်အသင်းအတွက် ပွဲပေါင်း (၁၃၀) ကစားထားတဲ့ ပြင်သစ်ကစားသမားကို အာဆင်နယ်နည်းပြ အာတီတာဟာ သူ့ရဲ့ (၄-၃-၃) ကစားကွက်မှာ ထည့်သွင်းကစားစေချင်နေတာပါ။ အသင်းရဲ့ ပထမဆုံးကမ်းလှမ်းချက်ကို ပယ်ချလိုက်တာနဲ့ ပတ်သက်ပြီး လိုင်ယွန်အသင်းဥက္ကဌ မိုက်ကယ်အူလက်စ်ကတော့ ဟောက်ဆန်အဝါးကို ဈေးမှန်ရမှာ ရောင်းမယ်လို့ ပြောဆိုခဲ့ပါတယ်။

“အာဆင်နယ်အသင်းက သူ့တန်ကြေးကို မပေးချင်ဘူး ဖြစ်နေပါတယ်။ ကျွန်တော်တို့က သူ့ကို လိုင်ယွန်အသင်းမှာ နောက်နှစ်အထိ ဆက်ရှိမယ်လို့ တွက်ထားပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဟောက်ဆန်အဝါးကို အစောပိုင်းက ပေါင် ၅၄ သန်းသတ်မှတ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဈေးလျော့လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ကစားသမားကိုယ်တိုင်ကလည်း လီဂူး ၁ ကလပ်အသင်းကနေ ထွက်ခွာချင်နေတာ ဖြစ်ပါတယ်။ ပြင်သစ်လူငယ် လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီက လိုင်ယွန်အသင်းအတွက် (၄၁) ပွဲကစားထားပြီး (၉) ဂိုးသွင်း (၁၀) ဂိုးဖန်တီးပေးထားပါတယ်။ လူငယ်ကစားသမားဟာ မနှစ်က လိုင်ယွန်အသင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းခဲ့ရမှာ အဓိက ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းကတော့ မနှစ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် (၈) နေရာနဲ့ ရာသီသိမ်းခဲ့လို့ ဟောက်ဆန်အဝါးက တိုးတက်အောင် ကူညီနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

လိုင္ယြန္ကြင္းလယ္လူ ေဟာက္ဆန္အ၀ါးကို ဒုတိယအၾကိမ္ ကမ္းလွမ္းမယ့္ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ လိုင္ယြန္ကြင္းလယ္လူ ေဟာက္ဆန္အ၀ါးကို ဒုတိယအၾကိမ္ ထပ္ျပီး ကမ္းလွမ္းရန္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ အာဆင္နယ္အသင္းဟာ အသက္ ၂၂ ႏွစ္အရြယ္ကစားသမားကို ဒီေႏြရာသီအေျပာင္းအေရႊ႕ရဲ႕ အဓိက ပစ္မွတ္တစ္ေယာက္အျဖစ္ သတ္မွတ္ထားျပီး အေစာပိုင္းက ေပါင္ ၃၂ သန္းနဲ႔ ကမ္းလွမ္းခဲ့ေသာ္လည္း ပယ္ခ်ခံခဲ့ရလို႔ ေပါင္ ၃၆.၅ သန္းနဲ႔ အပိုဆုေၾကး ေပါင္ ၉ သန္း နဲ႔ ထပ္ျပီး ကမ္းလွမ္းရန္ ျပင္ဆင္ေနျပီ ျဖစ္ပါတယ.္။

လိုင္ယြန္အသင္းအတြက္ ပြဲေပါင္း (၁၃၀) ကစားထားတဲ့ ျပင္သစ္ကစားသမားကို အာဆင္နယ္နည္းျပ အာတီတာဟာ သူ႔ရဲ႕ (၄-၃-၃) ကစားကြက္မွာ ထည့္သြင္းကစားေစခ်င္ေနတာပါ။ အသင္းရဲ႕ ပထမဆံုးကမ္းလွမ္းခ်က္ကို ပယ္ခ်လိုက္တာနဲ႔ ပတ္သက္ျပီး လိုင္ယြန္အသင္းဥကၠဌ မိုက္ကယ္အူလက္စ္ကေတာ့ ေဟာက္ဆန္အ၀ါးကို ေစ်းမွန္ရမွာ ေရာင္းမယ္လို႔ ေျပာဆိုခဲ့ပါတယ္။

“အာဆင္နယ္အသင္းက သူ႔တန္ေၾကးကို မေပးခ်င္ဘူး ျဖစ္ေနပါတယ္။ ကၽြန္ေတာ္တို႔က သူ႔ကို လိုင္ယြန္အသင္းမွာ ေနာက္ႏွစ္အထိ ဆက္ရွိမယ္လို႔ တြက္ထားပါတယ္”လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

ေဟာက္ဆန္အ၀ါးကုိ အေစာပိုင္းက ေပါင္ ၅၄ သန္းသတ္မွတ္ထားေသာ္လည္း ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ေစ်းေလ်ာ့လိုက္တာျဖစ္တယ္လို႔ သိရပါတယ္။

ကစားသမားကိုယ္တိုင္ကလည္း လီဂူး ၁ ကလပ္အသင္းကေန ထြက္ခြာခ်င္ေနတာ ျဖစ္ပါတယ္။ ျပင္သစ္လူငယ္ လက္ေရြးစင္ကစားသမားဟာ ျပီးခဲ့တဲ့ ၂၀၁၉-၂၀ ေဘာလံုးရာသီက လိုင္ယြန္အသင္းအတြက္ (၄၁) ပြဲကစားထားျပီး (၉) ဂိုးသြင္း (၁၀) ဂိုးဖန္တီးေပးထားပါတယ္။ လူငယ္ကစားသမားဟာ မႏွစ္က လိုင္ယြန္အသင္း ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ကို တက္လွမး္ခဲ့ရမွာ အဓိက ကစားသမားလည္း ျဖစ္ခဲ့ပါတယ္။ အာဆင္နယ္အသင္းကေတာ့ မႏွစ္က ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ (၈) ေနရာနဲ႔ ရာသီသိမ္းခဲ့လို႔ ေဟာက္ဆန္အ၀ါးက တိုးတက္ေအာင္ ကူညီႏိုင္မယ္လို႔ ေမွ်ာ္္လင့္ေနပါတယ္။