အောင်မြင်မှုတွေအတွက် အသင်းမှာ အရမ်းကောင်းတဲ့ ဗဟိုနောက်ခံလူတွေ လုံလုံလောက်လောက်ရှိတယ်လို့ ဘရိုက်တန်နဲ့ ပွဲအပြီးမှာလည်း ထပ်ပြောသွားတဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြဆိုးလ်ရှားက အသင်းမှာ အရမ်းကောင်းတဲ့ နောက်တန်းကစားသမားတွေရှိတယ်လို့ ဘရိုက်တန်အသင်းကို ရုန်းကန်ပြီး အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့ရပြီးနောက် ဖိအားတွေအောက် ရောက်နေတဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ဘရိုက်တန်အသင်းနဲ့ ပွဲမှာလည်း အချိန်ပို (၅) မိနစ်သတ်မှတ်ထားတဲ့ပွဲမှာ (၁၀) မိနစ်အထိ ရခဲ့ပြီး (၃-၂) နဲ့ ခက်ခက်ခဲခဲ နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ ဟော်လန်ကွင်းလယ်လူ ဗန်ဒီဘိခ်တစ်ယောက်တည်းကိုသာ ခေါ်ယူထားပြီး အသင်းရဲ့ နောက်ခံလူအတွဲဖြစ်တဲ့ မက်ဂွဲရား နဲ့ လင်ဒီလော့ဖ်တို့ရဲ့ ခံစစ်စွမ်းဆောင်ရည်ကို ဝေဖန်နေကြတာ ဖြစ်ပါတယ်။သို့သော်လည်း ဆိုးလ်ရှားက အပြောင်းအရွှေ့ရာသီမှာ နောက်ခံလူတစ်ယောက်ကို ထပ်ခေါ်မှာ မဟုတ်ပဲ အသင်းရဲ့ နောက်ခံလူတွေက အရမ်းကိုကောင်းတယ်လို့ ဘရိုက်တန်အသင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

သူက “ကျွန်တော်တို့မှာ နောက်ခံလူတွေ အများကြီးရှိပါတယ်။ နောက်တန်းအင်းအားအတွက် ထရော့ဆက် နဲ့ မြူပေးကို ထိန်းဖို့ ဘာယီကိုတောင ်ထပ်ထည့်ခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ ဒီမှာ အရမ်းကောင်းတဲ့ နောက်ခံလူတွေရှိပါတယ်။ ဂိုးပေးရတဲ့အခါ အခွင့်အရေးတွေပေးလိုက်ရတဲ့အခါ ကြည့်ရမှာ (၂) ချက်ပဲ ရှိပါတယ်။ အသင်းလိုက်ဖွဲ့စည်းပုံ နဲ့ တစ်ဦးချင်းအမှားပဲ ရှိပါတယ်။ ကျွန်တော်တို့ အသင်းက အကောင်းဆုံးပုံစံမရသေးပါဘူး။ တစ်ဦးချင်း အမှား မရှိပါဘူး။ လင်ဒီလော့ဖ်လည်း ဒီနေ့ အရမ်းကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ေအာင္ျမင္မႈေတြအတြက္ အသင္းမွာ အရမ္းေကာင္းတဲ့ ဗဟိုေနာက္ခံလူေတြ လံုလံုေလာက္ေလာက္ရွိတယ္လို႔ ဘရိုက္တန္နဲ႔ ပြဲအျပီးမွာလည္း ထပ္ေျပာသြားတဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား

ယူႏိုက္တက္နည္းျပဆိုးလ္ရွားက အသင္းမွာ အရမး္ေကာင္းတဲ့ ေနာက္တန္းကစားသမားေတြရွိတယ္လို႔ ဘရိုက္တန္အသင္းကို ရုနး္ကန္ျပီး အႏိုင္ရခဲ့တဲ့ပြဲအျပီးမွာ ၀န္ခံေျပာၾကားသြားခဲ့ပါတယ္။ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ ခရစၥတယ္ပဲေလ့စ္အသင္းကို အိမ္ကြင္းမွာ ဂိုးျပတ္ရႈံးခဲ့ရျပီးေနာက္ ဖိအားေတြေအာက္ ေရာက္ေနတဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားဟာ ဘရိုက္တန္အသင္းနဲ႔ ပြဲမွာလည္း အခ်ိန္ပို (၅) မိနစ္သတ္မွတ္ထားတဲ့ပြဲမွာ (၁၀) မိနစ္အထိ ရခဲ့ျပီး (၃-၂) နဲ႔ ခက္ခက္ခဲခဲ ႏိုင္ပြဲရခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ေဟာ္လန္ကြင္းလယ္လူ ဗန္ဒီဘိခ္တစ္ေယာက္တည္းကိုသာ ေခၚယူထားျပီး အသင္းရဲ႕ ေနာက္ခံလူအတြဲျဖစ္တဲ့ မက္ဂြဲရား နဲ႔ လင္ဒီေလာ့ဖ္တို႔ရဲ႕ ခံစစ္စြမ္းေဆာင္ရည္ကို ေ၀ဖန္ေနၾကတာ ျဖစ္ပါတယ္။သို႔ေသာ္လည္း ဆိုးလ္ရွားက အေျပာင္းအေရႊ႕ရာသီမွာ ေနာက္ခံလူတစ္ေယာက္ကို ထပ္ေခၚမွာ မဟုတ္ပဲ အသင္းရဲ႕ ေနာက္ခံလူေတြက အရမ္းကိုေကာင္းတယ္လို႔ ဘရိုက္တန္အသင္းကို အႏိုင္ရခဲ့တဲ့ပြဲအျပီး သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားခဲ့ပါတယ္။

သူက “ကၽြန္ေတာ္တို႔မွာ ေနာက္ခံလူေတြ အမ်ားၾကီးရွိပါတယ္။ ေနာက္တန္းအင္းအားအတြက္ ထေရာ့ဆက္ နဲ႔ ျမဴေပးကို ထိန္းဖို႔ ဘာယီကိုေတာင ္ထပ္ထည့္ခဲ့ပါတယ္။ ကၽြန္ေတာ့္အတြက္ေတာ့ ဒီမွာ အရမ္းေကာင္းတဲ့ ေနာက္ခံလူေတြရွိပါတယ္။ ဂိုးေပးရတဲ့အခါ အခြင့္အေရးေတြေပးလိုက္ရတဲ့အခါ ၾကည့္ရမွာ (၂) ခ်က္ပဲ ရွိပါတယ္။ အသင္းလိုက္ဖြဲ႔စည္းပံု နဲ႔ တစ္ဦးခ်င္းအမွားပဲ ရွိပါတယ္။ ကၽြန္ေတာ္တို႔ အသင္းက အေကာင္းဆံုးပံုစံမရေသးပါဘူး။ တစ္ဦးခ်င္း အမွား မရွိပါဘူး။ လင္ဒီေလာ့ဖ္လည္း ဒီေန႔ အရမ္းေကာင္းတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္”လို႔ ေျပာခဲ့တာျဖစ္ပါတယ္။