လူတစ်ယောက်က မပျော်တော့တဲ့အခါ အကောင်းဆုံး စွမ်းဆောင်ရည်ရဖို့ ခက်ခဲတယ်လို့ ဝန်ခံပြောကြားလာတဲ့ ဂါရတ်ဘေးလ်

ရီးရဲလ်မက်ဒရစ်ကို ချန်ထားခဲ့ပြီးနောက် စပါးအသင်းကို ပြန်ရောက်လာတဲ့ ဂါရတ်ဘေးလ်က သူ့ရဲ့ စိတ်ဓာတ်ပိုင်း ပြန်လည်တက်ကြွလာတယ်လို့ ပြောသွားခဲ့ပါတယ်။ ဝေးလ်လက်ရွေးစင်ကစားသမားဟာ ၂၀၁၃ ခုနှစ်တုန်းက အဲ့ဒီအချိန်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့နဲ့ စပါးအသင်းကနေ ရီးရဲလ်မက်ဒရစ်ကို သွားရောက်ခဲ့သူဖြစ်ပါတယ်။ ဒီလအစောပိုင်းမှာတော့ အသင်းဟောင်း စပါးဆီကို တစ်နှစ်အငှားနဲ့ ပြန်လည်ရောက်လာပြီး လာလီဂါမှာ အဆင်မပြေခဲ့တာတွေကို ချေဖျက်ပြီး ခြေစွမ်းပြနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ နိုင်ငံတကာပွဲမှာ ဒူးဒဏ်ရာကြောင့် ဂါရတ်ဘေးလ်ဟာ တနင်္ဂနွေနေ့ကစားမယ့် နယူးကာဆယ်အသင်းနဲ့ ပွဲမှာ ပါဝင်မှာ မဟုတ်ပေမယ့် သူ့အနေနဲ့ စိတ်ဓာတ်ပြန်လည်တက်ကြွလာတယ်လို့ ဝန်ခံပြောသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်နှလုံးသားထဲက ချစ်တဲ့ ဒီအသင်းကို ပြန်လာရတဲ့အခါ ကျွန်တော်ပျော်နေပါတယ်။ ဒီအသင်းနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ အရမ်းကိုကြီးကျယ်ခမ်းနားတဲ့ အမှတ်တရ တွေရှိပြီး ယုံကြည်ချက်ရှိနေတယ်လို့ ခံစားနေရပါတယ်။ ကျွန်တော် စိတ်ဓာတ်တွေ ပြန်လည်မြင့်တက်လာပါပြီ” လို့ ဂါရတ်ဘေးလ်က စကိုင်းစပေါ့ ကို ပြောသွားခဲ့ပါတယ်။

“အခုက ပြောင်းလဲရမယ့် အချိန်ပါ။ ကျွန်တော့် လည်း နည်းနည်းလောက်ပြောင်းလဲချင်ပါတယ်။ ဒီအသင်းက ကျွန်တော့်အတွက် အများကြီး အရေးပါပြီး အခွင့်အရေးတွေ အများကြီးပေးခဲ့ပါတယ်။ ဒီကိုပြန်လာရတာ အချိန်ကောင်းလို့ ထင်ပါတယ်။ အသင်းကလည်း ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နေတယ်လို့ ကျွန်တော်ခံစားရပါတယ်”

ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာကစားခဲ့တဲ့ (၇) နှစ်တာကာလအတွင်း ချန်ပီယံလိဂ်ဖလား (၄) ကြိမ် နဲ့ စပိန်လာလီဂါဖလား (၂) ကြိမ် အပါအဝင် ဆုဖလားပေါင်း (၁၃) လုံး ရရှိခဲ့ပါတယ်။ အဲ့ဒီလောက် အောင်မြင်မှုတွေ ရထားသော်လည်း တိုက်စစ်ကစားသမားဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပရိသတ်တွေကပါ ဝေဖန်လောက်တဲ့အထိ ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။ “ကျွန်တော်က ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်ပဲ ကစားချင်တာပါ။ မပျော်တော့တဲ့အခါ အမြင့်ဆုံး စွမ်းဆောင်ရည်ကို ရဖို့ ခက်ခဲပါတယ်။ ကျွန်တော်ငြိမ်နေပြီး ကိုယ်လုပ်စရာရှိတာကိုပဲ လုပ်နေတာပါ” လို့ ဂါရတ်ဘေးလ်က ထပ်ပြီး ပြောသွားခဲ့ပါတယ်။

လူတစ္ေယာက္က မေပ်ာ္ေတာ့တဲ့အခါ အေကာင္းဆံုး စြမ္းေဆာင္ရည္ရဖို႔ ခက္ခဲတယ္လို႔ ၀န္ခံေျပာၾကားလာတဲ့ ဂါရတ္ေဘးလ္

ရီးရဲလ္မက္ဒရစ္ကို ခ်န္ထားခဲ့ျပီးေနာက္ စပါးအသင္းကို ျပန္ေရာက္လာတဲ့ ဂါရတ္ေဘးလ္က သူ႔ရဲ႕ စိတ္ဓာတ္ပိုင္း ျပန္လည္တက္ၾကြလာတယ္လို႔ ေျပာသြားခဲ့ပါတယ္။ ေ၀းလ္လက္ေရြးစင္ကစားသမားဟာ ၂၀၁၃ ခုႏွစ္တုန္းက အဲ့ဒီအခ်ိန္က ကမာၻ႕စံခ်ိန္တင္ေျပာင္းေရႊ႕နဲ႔ စပါးအသင္းကေန ရီးရဲလ္မက္ဒရစ္ကို သြားေရာက္ခဲ့သူျဖစ္ပါတယ္။

ဒီလအေစာပိုင္းမွာေတာ့ အသင္းေဟာင္း စပါးဆီကို တစ္ႏွစ္အငွားနဲ႔ ျပန္လည္ေရာက္လာျပီး လာလီဂါမွာ အဆင္မေျပခဲ့တာေတြကို ေခ်ဖ်က္ျပီး ေျခစြမ္းျပႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ ႏိုင္ငံတကာပြဲမွာ ဒူးဒဏ္ရာေၾကာင့္ ဂါရတ္ေဘးလ္ဟာ တနဂၤေႏြေန႔ကစားမယ့္ နယူးကာဆယ္အသင္းနဲ႔ ပြဲမွာ ပါ၀င္မွာ မဟုတ္ေပမယ့္ သူ႔အေနနဲ႔ စိတ္ဓာတ္ျပန္လည္တက္ၾကြလာတယ္လို႔ ၀န္ခံေျပာသြားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္ႏွလံုးသားထဲက ခ်စ္တဲ့ ဒီအသင္းကို ျပန္လာရတဲ့အခါ ကၽြန္ေတာ္ေပ်ာ္ေနပါတယ္။ ဒီအသင္းနဲ႔ ပတ္သက္ျပီး ကၽြန္ေတာ့္မွာ အရမး္ကိုၾကီးက်ယ္ခမ္းနားတဲ့ အမွတ္တရ ေတြရွိျပီး ယံုၾကည္ခ်က္ရွိေနတယ္လို႔ ခံစားေနရပါတယ္။ ကၽြန္ေတာ္ စိတ္ဓာတ္ေတြ ျပန္လည္ျမင့္တက္လာပါျပီ” လို႔ ဂါရတ္ေဘးလ္က စကိုင္းစေပါ့ ကို ေျပာသြားခဲ့ပါတယ္။

“အခုက ေျပာင္းလဲရမယ့္ အခ်ိန္ပါ။ ကၽြန္ေတာ့္ လည္း နည္းနည္းေလာက္ေျပာင္းလဲခ်င္ပါတယ္။ ဒီအသင္းက ကၽြန္ေတာ့္အတြက္ အမ်ားၾကီး အေရးပါျပီး အခြင့္အေရးေတြ အမ်ားၾကီးေပးခဲ့ပါတယ္။ ဒီကိုျပန္လာရတာ အခ်ိန္ေကာင္းလို႔ ထင္ပါတယ္။ အသင္းကလည္း ရည္မွန္းခ်က္ေတြကို အေကာင္အထည္ေဖာ္ေနတယ္လို႔ ကၽြန္ေတာ္ခံစားရပါတယ္”

ဂါရတ္ေဘးလ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာကစားခဲ့တဲ့ (၇) ႏွစ္တာကာလအတြင္း ခ်န္ပီယံလိဂ္ဖလား (၄) ၾကိမ္ နဲ႔ စပိန္လာလီဂါဖလား (၂) ၾကိမ္ အပါအ၀င္ ဆုဖလားေပါင္း (၁၃) လံုး ရရွိခဲ့ပါတယ္။ အဲ့ဒီေလာက္ ေအာင္ျမင္မႈေတြ ရထားေသာ္လည္း တိုက္စစ္ကစားသမားဟာ ရီးရဲလ္မက္ဒရစ္ အသင္းရဲ႕ ပရိသတ္ေတြကပါ ေ၀ဖန္ေလာက္တဲ့အထိ ရုန္းကန္ခဲ့ရသူျဖစ္ပါတယ္။ “ကၽြန္ေတာ္က ေဘာလံုးကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲ ကစားခ်င္တာပါ။ မေပ်ာ္ေတာ့တဲ့အခါ အျမင့္ဆံုး စြမ္းေဆာင္ရည္ကို ရဖို႔ ခက္ခဲပါတယ္။ ကၽြန္ေတာ္ျငိမ္ေနျပီး ကုိယ္လုပ္စရာရွိတာကိုပဲ လုပ္ေနတာပါ” လို႔ ဂါရတ္ေဘးလ္က ထပ္ျပီး ေျပာသြားခဲ့ပါတယ္။